SPECIAL WEATHER SITUATION

ထူးခြားမိုးလေဝသဖြစ်စဉ်များ

နေ့အပူချိန်တွေ တိုးလာနိုင်လို့ အပူဒဏ်အန္တရာယ် သတိပြုဆင်ခြင်ဖို့လို


၆.၄.၂၀၂၄

ရိုက်ကူး /တည်းဖြတ် -ဟေမာ

မြန်မာနိုင်ငံရဲ့ နွေရာသီမှာ ဧပြီလက အပူဆုံးလလို့ သတ်မှတ်ကြပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ အယ်လ်နီညိုရဲ့ သက်ရောက်မှုက ဆက်လက်ရှိနေတာကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကို ဆက်လက်ရင်ဆိုင်နေရဆဲပါ။ 


အပူဒဏ်ကိုရင်ဆိုင်ရင်း နေ့စဉ်ဝင်ငွေရှာဖွေကြရတဲ့ ကာယလုပ်သားတွေအနေနဲ့ကတော့ အပူကိုရှောင်ရင်း အလုပ် လုပ်ရတဲ့အတွက် နေ့စဉ်ပုံမှန်ဝင်ငွေတွေလည်း ထိခိုက်ရသလို၊ အပူကြောင့် အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ထိခိုက်ပျက်စီးကြရတာတွေလည်း ကြုံတွေ့နေကြရတာပါ။


ဒီနှစ်နွေရာသီမှာ အပူလှိုင်းဖြတ်မယ့်အန္တရာယ်လည်းကြုံတွေ့နေရပြီး အရှေ့တောင်အာရှ နိုင်ငံတချို့ ခံစားရနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတချို့မှာ ကြေညာထားပြီး ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ဓာတ်ဆားထုတ်တွေ ဆောင်ထားတာ၊  ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်ပြသဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

ထူးခြားမိုးလေဝသဖြစ်စဉ်(မတ်လ ၂၀ ရက်မှ - မတ်လ ၂၃ ရက်)အလွန်ဖြစ်ပေါ်နိုင်မည့် ရာသီဥတုအခြေအနေများ


ထူးခြားမိုးလေဝသဖြစ်စဉ် ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို Facebook မှာ post တင်ပေးပြီး MMWeather Website ရဲ့ Special Weather Situation စာမျက်နှာမှာလဲ တင်ပေးထားခဲ့ပါတယ်။ https://www.mmweather.org/special-weather-situation#h.qimnwc67skfe

https://www.mmweather.org/special-weather-situation#h.bo4c647k8rvz


🌂 မတ်လ ၂၂ ရက်နေ့ကျော်လွန်သွားရင် ထူးခြားမိုးလေဝသဖြစ်စဉ်တခန်းရပ်သွားပြီး မတ်လကုန်အထိ ထပ်မံဖြစ်နိုင်ဘွယ်မရှိတော့ကြောင်း မိုးလေဝသကြိုတင်ခန့်မှန်းရေး မော်ဒယ်များရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

🌂 အသေးစိတ်ဆိုရင်တော့ မတ်လ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသအချို့ကလွဲရင် ကျန်ဒေသတွေမှာ မိုးရွာနိုင်ဘွယ်မရှိတော့တာတွေ့ရပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ၂၄ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ်ဒေသအချို့သာ မိုးရွာနိုင်မဲ့ အရိပ်အယောင်ရှိတော့တာတွေ့ရပြီး ကျန်ပြည်နယ်နဲ့တိုင်းဒေသအားလုံးမှာ မိုးရွာသွန်းနိုင်ချေလုံးဝမရှိတော့ကြောင်းတွေ့ရပါတယ်။

🥵 အဲ့ဒီ မတ်လ ၂၅ ရက်နေ့ပြီးရင်တော့ တပြည်လုံးမှာ နေ့အပူချိန်တွေပြန်မြင့်တက်လာပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အပူချိန် ၄၀°C နှင့် အထက်မြင့်တက်လာဘွယ်ရှိနေပါတယ်။ လေထုထဲပါဝင်တဲ့ အမှုန်အမွှား(PM2.5)ပါဝင်မှုကလဲ တနိုင်ငံလုံးပျမ်းမျှခြင်းအားဖြင့် ၁ ကုဗမီတာမှာ ၃၀ မိုက်ခရိုဂရမ်(30 μg/m³)မှ ၈၀ မိုက်ခရိုဂရမ်(80 μg/m³)အထိပြန်မြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။

🥵 မေလကုန်၊ ဇွန်လဆန်းပိုင်းအထိ နေ့အပူချိန်တွေက နှစ်စဉ်ဖြစ်မြဲထက် ၁.၅°C မှ ၂°Cအထိပိုနေဦးမှာကြောင့် အနည်းဆုံး နောက်လာမဲ့ ၂ လ(ဧပြီ+မေ)ကိုတော့ အပူဒဏ်ခံနိုင်အောင် လိုတာတွေ ပြင်ဆင်ထားကြရပါမယ်။

⛈️🌧️မုတ်သုံရာသီရဲ့ မိုးက တနိုင်ငံလုံး ပျံ့ပျံ့နှံ့နှံ့ရွာနိုင်မဲ့အခြေအနေက ဩဂုတ်လထဲမှသာဖြစ်နိုင်မယ်၊ မိုးလယ်ကာလရောက်မှသာ မိုးကောင်းနိုင်မဲ့အခြေအနေရှိကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။

မတ်လ ၂၁ ရက်၊ မတ်လ ၂၂ ရက်နှင့် မတ်လ ၂၃ ရက် မိုးရွာနိုင်မည့်အခြေအနေများ(အပေါ်)

မတ်လ ၂၄ ရက်နှင့် မတ်လ ၂၅ ရက် မိုးရွာနိုင်မည့်အခြေအနေများ(အောက်)

မတ်လ -၂၄ ရက်

မတ်လ - ၂၅ ရက်

ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ဖြစ်နိုင်သည့် မိုးရွာသွန်ုးနိုင်မည့်အခြေအနေများ

WINDY EXTREME Forecast 20MAR-1000

🔸 မတ်လ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင်းက အပူချိန်များကျဆင်းနိုင်ခြင်းမရှိသေးပဲ မြင့်တက်နိုင်ချေ ၃၈% ရှိကြောင်း၊ မတ်လ ၂၁ ရက်နေ့မှာတော့ အပူချိန်ကျဆင်းနိုင်ချေ -၉၅%(အနှုတ် ၉၅ ရာခိုင်နှုန်း)ဖြစ်သွားတာကြောင့် အပူချိန်သိသိသာသာကျဆင်းမယ်လို့ တွေ့ရပါတယ်။


🔸 Extreme Forecast ရဲ့ လေတိုက်နှုန်းအခြေအနေက မတ်လ ၂၀ ရက်နေ့မှာ တောင်ဘက်မှ လေတိုက်နှုန်းမြင့်တက်နေပြီး၊ ၂၁ ရက်နေ့မှာတော့ လေတိုက်နှုန်းများနိုင်ချေ လျော့ကျသွားတာတွေ့ရပါတယ်။


💦 Extreme Forecast ရဲ့ မိုးရွာနိုင်ချေက မတ်လ ၂၀ ရက်မှာ တနင်္သာရီတိုင်းမှအပ ကျန်တပြည်လုံးမိုးရွာနိုင်ချေနည်းနေပြီး၊ မတ်လ ၂၁ ရက်နေ့မှာတော့ တနင်္သာရီတိုင်းမှာ မိုးလျော့နည်းပြီး ကျန်တပြည်လုံးမှာ မိုးရွာနိုင်ချေပိုမိုလာကြောင်းတွေ့ရပါတယ်။ မတ်လ ၂၂ ရက်မှာ မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ဒေသအချို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့ကလွဲရင် ကျန်တပြည်လုံးမှာ မိုးရွာနိုင်ချေလျော့နည်းသွားနိုင်ကြောင်း တွေ့ရပါတယ်။ 


🔹 မတ်လ ၂၄ ရက်မှာတော့ ထူးခြားမိုးလေဝသအခြေအနေအားလုံး ပြီးဆုံးပြီး ပုံမှန် နွေရာသီကာလကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းမှ စ၍ နေ့အပူချိန်များတဖြည်ဖြည်းပြန်လည်မြင့်တက်လာနိုင်ကြောင်း WINDY EXTREME FORECAST ကြိုတင်ခန့်မှန်းချက်များကို ကိုးကားတင်ပြလိုက်ပါတယ်။

WINDY APP : 20MAR 0930 UPDATE animation

မတ်လ ၂၀ ရက် နံနက် ၁၀ နာရီမှ မတ်လ ၂၃ ရက် ည ၂၄၀၀ နာရီအထိ မိုးရွာနိုင်မည့် အခြေအနေ WINDY video ဖြစ်ပါတယ်။ 

WINDY APP : 19MAR 1430 UPDATE

လွန်ကဲ(ထူးခြားမိုးလေဝသဖြစ်နိုင်ချေ - EXTREME WEATHER)ခန့်မှန်းခြင်း

EXTREME WEATHER ခေါ် ထူးခြားလွန်ကဲသောမိုးလေဝသအခြေအနေ ဖြစ်နိုင်ချေကို မတ်လ ၁၉ ရက်မှ ၂၂ ရက်အထိ ခန့်မှန်းထားပါတယ်။

အပူချိန် - လွန်ကဲထူးခြားသောအပူချိန်ကို ပူပြင်းမှုလွန်ကဲခြင်း(အဝါရောင်နှင့် အနီရောင်) နှင့် ပူပြင်းမှုလျော့နည်းခြင်း (အပြာရောင်များ)ဖြင့် ပြပါသည်။
မတ်လ ၁၉ ရက်နေ့ လွန်ကဲသောပူပြင်းမှုများရှိနေတဲ့ဒေသတွေ(ပုံ)က မတ်လ ၂၀ ရက်၊ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ လျော့ကျပြီး အေးမြတဲ့ အခြေအနေ(အပြာရောင်)ဖြစ်သွားတာတွေ့ရပါမယ်။

မတ်လ ၁၉ ရက်

မတ်လ ၂၀ ရက်

မတ်လ ၂၁ ရက်

မတ်လ ၂၂ ရက်

လေတိုက်ခြင်း - လွန်ကဲထူးခြားသောလေတိုက်ခြင်းကို လေတိုက်နှုန်းများခြင်း(အဝါရောင်နှင့် အနီရောင်) နှင့် လေတိုက်နှုန်းလျော့နည်းခြင်း(အစိမ်းနုရောင်)ဖြင့် ပြပါသည်။
မတ်လ ၁၉ ရက်နေ့ လွန်ကဲတိုက်ခတ်မှုမရှိပဲ တည်ငြိမ်နေတဲ့ဒေသတွေ(ပုံ)က မတ်လ ၂၀ ရက် မှာ လေတိုက်နှုန်းများလာတဲ့ အဝါရောင်(မြန်မာနိုင်ငံတောင်ဘက်စွန်းမှ မြောက်ဖျားစွန်းအထိ)ပြလာတာတွေ့ရပါမယ်၊ မတ်လ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း(ရခိုင်နဲ့ဧရာဝတီကမ်းရိုးတန်း)ဒေသတွေလောက်မှာသာ လေပြင်းတိုက်ခတ်နိုင်ချေရှိတာ တွေ့ရပါမယ်။

မတ်လ ၁၉ ရက်

မတ်လ ၂၀ ရက်

မတ်လ ၂၁ ရက်

မတ်လ ၂၂ ရက်

မိုးရွာခြင်း - လွန်ကဲထူးခြားသော မိုးရွာနိုင်ချေရှိခြင်းကို မိုးများနိုင်ခြင်း(အပြာနုရောင်-အပြာရင့်ရောင်) နှင့် မိုးအလွန်အမင်းနည်းခြင်း(အဝါရောင်-အနီရောင်)များဖြင့် ပြပါသည်။

မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီတိုင်းကိုထိုင်းနိုင်ငံဘက်ကဝင်ရောက်လာနိုင်မဲ့ မိုးရွာနိုင်ချေ(အပြာရောင်များကိုတွေ့ရပါမယ်။ မတ်လ ၂၀ ရက်မှာ တနင်္သာရီတိုင်း တခုလုံးနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေအထိ မိုးရွာနိုင်တဲ့ အခြေအနေတွေတွေ့ရပြီး၊ မတ်လ ၂၁ ရက်မှာ နိုင်ငံမြောက်ဖျားကချင်ပြည်နယ်ကလွဲရင် တနိုင်ငံလုံးမှာ မိုးရွာနိုင်မဲ့ အခြေအနေတွေ(အပြာရောင်)ပြနေတာတွေ့ရပါမယ်။ မတ်လ ၂၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေကလွဲရင် တပြည်လုံးမှာ မိုးရွာနိုင်ချေမရှိတော့တာ တွေ့ရပါမယ်။

မတ်လ ၁၉ ရက်

မတ်လ ၂၀ ရက်

မတ်လ ၂၁ ရက်

မတ်လ ၂၂ ရက်

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများဘက်မှ မိုးတိမ်များရွေ့လျားဝင်ရောက်လာနိုင်သည့်အခြေအနေ

NOTE: အချိန်အခါမဟုတ်ပဲ ဖြစ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပြီး အနောက်ဘက်ကရော အရှေ့ဘက်ကရောဝင်လာတဲ့ မိုးတိမ်တောင်တွေ ရွေ့လျားရာလမ်းကြောင်းတလျောက်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။မတ် ၂၁ ရက် ၂၂ ရက်နေ့တွေ မိုးခြိမ်းသံတွေကြားရင်တော့ သတိထားကြရမှာပါ။ 

ထူးခြားမိုးလေဝသအခြေအနေ 19MAR forecast

မတ်လ ၁၉ ရက် နံနက် ၂ နာရီ ၃၀ ECMWF Model UPDATE

reference: https://i.windy.com/a/4y5s9/5npnkp.mp4

=====

မတ်လ ၁၉ ရက် နံနက် ၃ နာရီမှ မတ်လ ၂၄ ရက်နေ့ ည သန်းခေါင်အချိန်အထိ ECMWF Model ရဲ့ တိမ်ထုစုဖွဲ့ဖြစ်ပေါ်ရွေ့လျားမှု၊ မိုးရွာနိုင်မဲ့ အခြေအနေများနဲ့ လေဖိအားနည်း/များပြ မျဉ်းများဖြစ်ပေါ်မှုစသည်တို့ပါဝင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ -


မတ်လ ၂၀ ရက် မွန်းလွဲပိုင်းက စ ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အရှေ့ဘက်ကဝင်ရောက်လာတဲ့ မိုးတိမ်တွေကြောင့် မိုးရွာသွန်းခြင်း၊ အရှေ့-အရှေ့တောင်ဘက်မှ လေပြင်း တနာရီမိုင်၂၀ ခန့်အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။


၂၁ ရက်နေ့ မွန်းလွဲ-ညနေပိုင်းက စ ပြီး ၂၃ ရက်နေ့ ညပိုင်းအထိ ၄၈ နာရီခန့်အချိန်အတွင်းမှာ အနောက်ဘက်-အိန္ဒိယဘက်နဲ့ ကပ္ပလီပင်လယ်ပြင်မှဝင်လာတဲ့ မိုးတိမ်တွေရဲ့ ထုထည်၊ စုဖွဲ့မှုအခြေအနေများပေါ်မူတည်ပြီး တနိုင်ငံလုံးမှာကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမကွေ့မှတဆင့် ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး လေပြင်းတနာရီ ၁၅ မိုင်မှ အများဆုံး wind gust ၃၂ မိုင်အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။


အနောက်ဘက်ကဝင်လာတဲ့ မိုးတိမ်စုဖွဲ့ဝင်ရောက်မှုမှာ အမြင့်ပေ ၂၀၀၀ မှ အမြင့်ပေ ၁၅,၀၀၀ အတွင်းဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်ကြီးများလည်းပါဝင်လာနိုင်ကြောင်းတွေ့ရတဲ့အတွက် အဲ့ဒီမိုးတိမ်တောင်များရွေ့လျားရာလမ်းတလျောက် ခြောက်သွေ့စိုက်ဆင်းလေပြင်း(Dry Downburst)တိုက်ခတ်နိုင်တဲ့ အခြေအနေများရှိနေတာကို သတိပြုကြရပါမယ်။


MMWeather Knowledge Website မှာ -

စိုက်ဆင်းလေပြင်းအကြောင်း၊ ပြည်နယ်နှင့်တိုင်းမြို့ကြီးများရဲ့ ၄ ရက်အတွင်းဖြစ်နိုင်တဲ့မိုးလေဝသအခြေအနေ၊ ပြည်နယ်တိုင်းမြို့ကြီးများမဟုတ်သောမြို့များ(Non-Divisional Cities)ရဲ့ ၄ ရက်အတွက် မိုးလေဝသခန့်မှန်းချေများတင်ပြပေးထားတာကြောင့် မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။


စိုက်ဆင်းလေပြင်းအကြောင်း

https://www.mmweather.org/downburst


ပြည်နယ်နှင့်တိုင်းမြို့ကြီးများ မိုးလေဝသအခြေအနေ

https://www.mmweather.org/divisional-cities-weather


ပြည်နယ်နှင့်တိုင်းမြို့ကြီးများမဟုတ်သည့်မြို့များ၏ မိုးလေဝသအခြေအနေ

https://www.mmweather.org/non-divisional-cities