Will 2024 be the "warmest year on earth"?
၂၀၂၄ ခုနှစ်က "ကမ္ဘာ့အပူနွေးဆုံးနှစ်" ဖြစ်မှာလား?
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
၂၀၂၄ ခုနှစ်က "ကမ္ဘာ့အပူနွေးဆုံးနှစ်" ဖြစ်မှာလား?
၂၅ နှစ်လျှင်တကြိမ်ဖြစ်ပေါ်သည့် အလှည့်ကျဆိုလာပေါက်ကွဲခြင်း ၊ ၂၀၂၄-၂၅ တွင် ၂၅ ကြိမ်မြောက်ပေါက်ကွဲရန်အလှည့်ကျသည်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလသည် ကမ္ဘာ့အပူပြင်းဆုံးလဖြစ်ခဲ့ကြောင်း၊ NCEI(NOAA National Centers for Environmental Information)မှ Facebook စာမျက်နှာမှာတင်ထားပါတယ်။ https://www.facebook.com/NOAANCEI/posts/pfbid02nTXb9CNv2DBDZhtg2TjU5ohFr254nZSq3DikPQk1EHaiXe6SB6GVhbGxN9zsBRwCl
ကမ္ဘာ့ရေခဲပြင်အကျယ်အဝန်းက နှစ်ပေါင်း ၄၆ နှစ်အတွင်း အသေးငယ်ဆုံးအရွယ်အစားသို့(၆.၉၀ စတုရန်းမိုင် အကျယ်အဝန်းအထိ)လျော့ကျနေတာဟာ ၇ ကြိမ်ရှိပြီဖြစ်ကြောင်း၊ NCEI ရဲ့ ကမ္ဘာ့အပူချိန်တိုင်းတာမှုမှတ်တမ်းများအရ ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့အပူပြင်းဆုံးနှစ်ဖြစ်လာရန် ၂၂% သေချာမှုရှိနေကြောင်းနဲ့ ဖြစ်ခဲ့ပြီးတဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်များအရ ဇန်နဝါရီလအတွင်း၊ ကမ္ဘာတဝှမ်းမှာ ၆ ခုမြောက်အမည်ရ မုန်တိုင်းဖြစ်လာကြောင်းဖေါ်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် နောက်ဆုံးတိုင်းတာခန့်မှန်းထားတဲ့ - ကမ္ဘာ့ရာသီဥတုအခြေအနေအစီရင်ခံစာကို http://bit.ly/Global202401 မှာ ဖတ်ရှုနိုင်ကြောင်းလဲ link ချပေးထားတာတွေ့ရပါတယ်။
တဆက်တည်းမှာဘဲ NOAA ရဲ့ အာကာသရာသီဥတု ကြိုတင်ခန့်မှန်းရေးစင်တာက အပြင်းထန်ဆုံးနေပေါက်ကွဲမှုဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနဲ့ အောက်တိုဘာလအတွင်းမှာ ဖြစ်ပေါ်နိုင်ကြောင်းခန့်မှန်းထားတာတွေ့ရပါတယ်။ ဒီခန့်မှန်းချက်အရ ၂၀၁၉ ခုနှစ်က ခန့်မှန်းချက်မှာဖေါ်ပြခဲ့တဲ့ ပေါက်ကွဲချိန်ကြာမြင့်မှုထက် ပိုနိုင်မှာဖြစ်ကြောင်း၊ နေပေါက်ကွဲမှုဖြစ်စဉ်က အနီးစပ်ဆုံး ၁၁ နှစ်မှာ တကြိမ်ဖြစ်ပေါ်တတ်ကြောင်း၊ ယခုအကြိမ်က ၂၅ ကြိမ်မြောက် နေပေါက်ကွဲမှုဖြစ်ကြောင်း၊ ဧပြီလ ၈ ရက်နေ့မှာ ဆိုလာပေါက်ကွဲမှုအမြင့်ဆုံးအချိန်နဲ့ ယှဉ်ပြီး နေကြတ်ခြင်းဖြစ်စဉ်ကို နေစောင့်ကြည့်လေ့လာသူတွေတွေ့မြင်ရမှာဖြစ်ကြောင်း ရှင်းပြထားတာကိုလဲတွေ့ရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအတွင်းမှာ ဆိုလာပေါက်ကွဲမှုအမြင့်ဆုံးဖြစ်နိုင်ပြီး ကမ္ဘာ့အပြင်ဘက်လေထုအလွှာကိုတိုက်ခတ်လာနိုင်မဲ့ နေမုန်တိုင်းအခြေအနေကြောင့် လူသားများကို တိုက်ရိုက်အန္တရာယ်မဖြစ်စေနိုင်ပေမဲ့ အီလက်ထရွန်နစ် စက်ပစ္စည်းကိရိယာများအပေါ်မှာတော့ ထိခိုက်နှောင့်ယှက်မှုတွေဖြစ်နိုင်တာကို ကမ္ဘာ့သံလိုက်စက်ကွင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ နေမုန်တိုင်းများကြောင့် ၁၉၈၉ ခုနှစ် အတွင်း ကနေဒါနိုင်ငံ၊ Quebec မြို့နယ်အတွင်းမှာ ၁၂ နာရီကြာအောင် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့သည်က သက်သေပြနေကြောင်း၊ ၂၀၂၄ ခုနှစ် ဆိုလာပေါက်ကွဲမှု ဖြစ်စဉ်မှာ ပိုပြီးတိကျတဲ့ကြိုတင်ခန့်မှန်းအတည်ပြုမှုတွေ လုပ်ဘို့လိုကြောင်း NOAA က သတိပေးထားတာလဲ တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလသည် အာရှတိုက်၏ ၉ နှစ်မြောက် အပူပြင်းဆုံးလဖြစ်ခဲ့ကြောင်းတွေ့ရသည်
Do solar storms cause heat waves on Earth? | NOAA Climate.gov
Link to study: https://www.climate.gov/news-features/climate-qa/do-solar-storms-cause-heat-waves-earth