ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
==
မောင်ထွန်းလွင်(မိုးလေဝသ)
Heat: Major Killer Heat Awareness Day: May 23, 2014
မေလ(၂၃)ရက်နေ့ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day) ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature) တို့ဟာ မတူကွဲပြားတဲ့ လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီလ(၁၅)ရက်အထိ ကာလကို ပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ ကာလ ဖြစ်ပါတယ်။
ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့မြင့်တက်လာတတ်ခြင်း ဘဲဖြစ်ပါတယ်။ အဲဒီလို အပူချိန်တွေမြင့်တက်လာတဲ့အခါ လူရဲ့ကိုယ်က ကိုယ်အပူချိန်ကို ပြင်ပ အပူချိန် နဲ့ လိုက်ပြီးကိုက်ညှိပေးရပါတယ်။ ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေး ပါတယ်။ ပုံမှန်အနေနဲ့တော့ ကိုယ်အပူချိန်ကို 35.8 °C – 37.8 °C (96.5°F - 100°F) ကြားမှာ ထိန်းပေးထားနှိုင်ပါတယ်။ ဒါပေမယ့် ဒီစံနစ်ကိုအားကိုးပြီး နွေခေါင်ခေါင် မွန်းတည့်ချိန် နေပူကြီးထဲမှာ အကာအကွယ်မဲ့ နေလို့ကတော့ .. စံနစ်တိုင်းမှာ ကန့်သတ်ချက်ဆိုတာရှိနေတာကြောင့် ကိုယ်မှာခံစားလာရတဲ့ အပူချိန်ကို Therlamus က လိုက်မညှိ ပေးနှိုင်တော့တဲ့အခါ အန္တရာယ်ရှိလာရတော့ တာပါဘဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ခံစားရတဲ့အပူချိန်(Feel Temperature)နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကတော့
Feel Temperature 27 °C – 32 °C (80°F - 90°F) Caution;
Feel Temperature 32 °C – 41 °C (90°F - 105°F) Extreme Caution;
Feel Temperature 41 °C – 54 °C (105°F - 130°F) Danger;
Feel Temperature over 54 °C (over 130°F) Extreme Danger.
Danger အဆင့်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများအဖြစ် heat cramps, heat exhaustion တို့အပြင် တစ်ခါတစ်ရန် heat stroke လည်းဖြစ်တတ်ပြီး၊ Extreme Danger အဆင့်တွင်တော့ Heat stroke အများဆုံး ခံစားရတတ်ကြောင်း သတိပေးဖေါ်ပြထားပါတယ်။ Heat Stroke ခံစားရတဲ့သူဟာ ခံနှိုင်ရည်ကိုလိုက်ပြိး လေဖြတ်ခြင်း နဲ့ ဦးဏှောက်သွေးကြောပြတ်ခြင်း(အရပ်အခေါ်) စတာတွေဖြစ်ပေါ်စေတတ်တဲ့အတွက် အသက်ဆုံးရှုံး တတ်ကြ ပါတယ်။
ဒါကြောင့်ဘဲ အပူရှိန်ကို Major Killer လို့ ခေါ်ကြခြင်းဖြစ်ပါတယ်။ နွေကာလပြီးတဲ့ ဧပြီလအလယ်ကစပြီး မုတ်သုံဝင်တဲ့နေ့အထိကာလဟာ မိုးကြိုကာလဖြစ်ပါတယ်။ မိုးကြိုကာလ ရဲ့ ထူးခြားချက်ကတော့ နွေလက်ကျန်အပူနဲ့ မိုးဦးအကြိုရေငွေ့တို့ အမြောက်အများဖြစ်ပေါ်တတ်တဲ့ ကာလဖြစ်တဲ့အတွက် မိုးကြိုကာလအတွင်း လေထုထဲမှာ ရေငွေ့ အမြောက်အများပါဝင်နေတာကို နေ့စဉ်တွေ့နေရပါတယ်။ ဒီအခါ ပူပြင်းခြောက်သွေ့ တဲ့နွေရာသီကာလမှာ လူ့ကိုယ်က ခံစားရတဲ့အပူချိန်ဟာ လေအပူချိန်(air temperature) သက်သက်သာ ဖြစ်ပေမယ့် ရေငွေ့တွေပါနေတဲ့လေထုအတွင်းမှာတော့ လေအပူချိန်အပြင် ရေငွေ့အပူချိန်ပါ ထပ်ဆောင်းလိုက်တဲ့အတွက် လူ့ရဲ့ခံစားရတဲ့အပူချိန်ဟာ လူ့ကိုယ်ရဲ့ ခံနှိုင်ရည်ထက် ကျော်လွန်သွားလေ့ ရှိပါတယ်။ ဒီအခါမှာ မကြာခဏဆိုသလို Extreme danger level ကို ရောက်သွားတတ်ပါတယ်။
ခက်တာက Air Temperature ကို Thermometer နဲ့ အလွယ်တကူ တိုင်းတာ သိရှိနှိုင်ပေမယ့် Feel Temperature ကတော့ Air Temperature နဲ့ Relative Humidity (၂)ရပ်ပေါင်းပြီးမှ တွက်ချက်ယူမှ ရနှိုင်တဲ့ တန်ဘိုးဖြစ်တာကြောင့် အလွယ်တကူ မသိနှိုင်ကြပါဘူး။ ဒါကြောင့် မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတတ်တဲ့ အတွက် အသံတိတ်လူသတ်သမား(Silent Killer) လို့ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီအန္တရာယ်ဟာ အခုလို မိုးကြိုးကာလ(အပူချိန် နဲ့ ရေငွေ့ပါဝင်မှု မြင့်မားနေတဲ့ ကာလ)မှာ မကြာခဏဖြစ်ပေါ်တတ်တဲ့အတွက် အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက် နေလေ့ရှိပါတယ်။
၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းရန်ကုန်(ကမ္ဘာအေး)မှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားရတဲ့အပူချိန်တွေကို တွက်ကြည့်တဲ့အခါ ဧပြီလ(၁)ရက်မှ (၂၁)ရက်နေ့အတွင်း Extreme Danger (၁)ကြိမ် (၄-၄-၂၀၁၄) နေ့ နဲ့ Danger အဆင့်(၃)ကြိမ်(ဧပြီလ ၁၅-၁၆-၂၀ ရက်) ဖြစ်ပေါ်ခဲ့တာ ကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကလည်း ရန်ကုန်မြို့မှာ ဧပြီလအတွင်းက အပူချိန် 38 °C စိုထိုင်းဆ ၆၀% ရှိခဲ့ရာ ခံစားရတဲ့အပူချိန်ဟာ 55 °C ရှိခဲ့ပါတယ်။ Extreme Danger Level ပါ။ မေလ(၇)ရက်နေ့မှာတော့ အမြင့်ဆုံးနေ့အပူချိန်က 36 °C ဘဲ ရှိပါတယ်။ ဒါပေမယ့် စိုထိုင်းဆကတော့ ၉၂% အထိမြင့်တက်သွားခဲ့လို့ ခံစားရတဲ့အပူချိန်ဟာ 62 °C အထိ မြင့်တက်သွားခဲ့ပါတယ်။ Extreme Danger Level အမြင့်ဆုံးလောက်အထိရောက်သွား ခဲ့ပါတယ်။ သာမာန်လူတွေတောင် မခံနှိုင်လောက်တဲ့ အပူချိန်ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ အသက်ဆုံးရှုံးခံရမှုတွေရှိခဲ့ပါတယ်။
ဒီလိုဖြစ်လာရတဲ့အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲရာမှ ဖေါက်ပြန်မှုတွေဖြစ်လာရလို့ပါဘဲ။ ဆိုလိုတာက အရင် မုတ်သုံလေတွေပုံမှန်ရှိနေတုံးက အခုလိုဘဲ မိုးကြိုကာလရောက်လာရင် ရေငွေ့ပါတဲ့ လေတွေဝင်လာမယ်၊ အောက်ခံမြေပြင်ကအပူပေး လိုက်တော့ လေတွေဟာ အငွေ့တွေဆိုတော့ ပူရာမှ ပွ၊ ပွရာမှပေါ့ လာပြီး အထက်ကို တက်ကြမယ်။ Convection ဖြစ်တယ်လို့ခေါ်ပါတယ်။ ကမ္ဘာ့မြေစပ်လေထုလွှာ(Troposphere) အတွင်း အထက်ကိုတက်လာတော့ လေအေးတွေဟာ အအေးဓါတ်ရမယ်။ ဒီတော့ အရည်ဖွဲ့ပြီးတိမ်တွေဖြစ်လာမယ်။ နောက် မိုးရွာချတော့တာပါဘဲ။ ဒါဟာ မိုးကြိုကာလမှာ တွေ့ရတတ်တဲ့ မိုးလေဝသသံစဉ်တစ်ခုပါဘဲ။ အခုတော့ ရာသီဥတုဖေါက်ပြန်မှုတွေကြောင့် ဒီသံစဉ်ဟာ မမှန်တော့ပါဘူး။ လက်ရှိမိုးကြိုကာလအတွင်းမှာ တိမ်ဖြစ်လာပြီး မိုးမရွာတော့တဲ့ ကိစ္စတွေ များများလာပါတယ်။ ဒီတော့ လူတွေဟာ မွန်းတည့်ချိန် နေပူကြီးထဲမှာ ရေငွေ့နဲ့ရေချိုးနေရသလို နေအပူ၊ လေအပူတွေအပြင် ရေငွေ့အပူပါထပ်ဆောင်းလိုက်တော့ ခံစားရတဲ့အပူချိန်တွေဟာ လူ့ကိုယ်ကခံနှိုင်ရည်ကိုကျော်ကုန်တော့တာပါဘဲ။ ဒါကို extreme danger ရောက်တယ်ခေါ်တာပါဘဲ။
စောစောကပြောခဲ့သလို ဒီအပူချိန်က လေထဲရောက်လာတဲ့ ရေငွေ့အချိုးအဆအပေါ်မျာ အများကြီးမူတည် နေလေတော့ ရေငွေ့တွေများလေ၊ ခံစားရတဲ့အပူချိန်က မြင့်လေဖြစ်ပါတယ်။ ဒီနှစ်ရန်ကုန်မှာက လေထုအတွင်း ရေငွေ့ပါဝင်မှုက နည်းနေပါသေးတယ်။ လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီလမှာ ရန်ကုန်(ကမ္ဘာအေး)ရဲ့ ပျမ်းမျှအမြင့်ဆုံး အပူချိန် ဟာ 38.75 °C လောက်ရှိနေပြီး၊ စိုထိုင်းဆကတော့ 43% ရှိနေပါတယ်။ နေ့အပူချိန်က ဒီထက် မတက်ဘူးဘဲထားဦး၊ စိုထိုင်းဆကတော့ သေချာပေါက် မုတ်သုံဝင်ကာနီးလေ တိုးလာဦးမှာ သေချာပါတယ်။
ဒီတော့ လက်ရှိရှိနေတဲ့ ဧပြီလရဲ့ပျမ်းမျှနေ့အပူချိန်ကို ထပ်မတိုးဘူးဘဲထား။ စိုထိုင်းဆကတော့ မိုးနီးလေ တိုးလေဖြစ်မှာပါဘဲ။ ဒီတော့ရေငွေ့စိုထိုင်းဆကို တစ်စစနဲ့တိုးလိုက်တဲ့အခါ စိုထိုင်းဆ ၆၀% ရောက်တာနဲက ခံစားရတဲ့အပူချိန်ဟာ 57°C ရှိလာမှာဖြစ်ပြီး၊ Extreme Danger Level ကို စတင်ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီနောက် နေ့အပူချိန်မတိုးစေကာမူ စိုထိုင်းဆ-ရာခိုင်နှုန်းတိုးလေ ခံစားရတဲ့အပူချိန်ဟာ တိုးလေဖြစ်လာမှာပါ။
မိုးကြိုကာလ ကမ္ဘာအေးမှာ ဧပြီလရဲ့ နံနက်(၉)နာရီခွဲ မှာ ပျမ်းမျှ စိုထိုင်းဆ ၆၃% နဲ့ ပျမ်းမျှနေ့အပူချိန် 37.3°C ရှိနေလို့ အဲဒီတန်ဘိုးနဲ့တွက်တာတောင် ခံစားရတဲ့အပူချိန် ဟာ 55°C (130°F) ရှိတာကြောင့် Extreme Danger Level ပါဘဲ။ ဆိုလိုတာကတော့ ဧပြီလလယ်ကစပြီး မေလကုန်အထိ ကာလဟာ ခံစားရတဲ့ အပူချိန်တွေဟာ Extreme Danger Level ကို ရောက်နေတာချည့်ပါဘဲ။ အဲဒါဖြင့် အရင်က လူတွေကို Heat stroke ဖြစ်တာ ဒီလောက်မများလှပါဘူး။ အခုတလောကမှ ဒီ case တွေ သိသိသာသာ များလာတာက ဘာကြောင့်လည်း?။ ဒါကတော့ ရာသီဥတုဟာ အရင်လို သံစဉ် မမှန်တော့လို့ပါဘဲ။ ဘာဖြစ်သွားသလည်းဆိုတော့ အရင်တုံးက တိမ်တွေဖြစ်ပြီးရင် မိုးက မှန်မှန်ရွာတယ်။ အပူချိန်က ဒီလောက်မမြင့်ဘူး။ အခုနောက်ပိုင်း အထူးသဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ နေ့အပူချိန်တွေ တိုးလာပြီး၊ တိမ်တွေရှိပေမယ့် မိုးကမရွာဘူး။ ဒီတော့ နေ့အပူချိန်တွေတိုးလာတာကလည်း ခံစားရတဲ့ အပူချိန်ကို တိုးလာစေတယ်။ တိမ်တွေအုံ့နေတော့လည်း လေထဲမှာရေငွေ့တွေများနေပြီး ခံစားရတဲ့အပူချိန်ကို တိုးစေတယ်။ မိုးမရွာတော့ အအေးဓါတ်ကမရတော့ပြန်တာကြောင့် တက်နေတဲ့အပူချိန် တွေဟာ ပြန်မဆင်း တော့ဘူး။ ဒီတော့ မိုးကြိုကာလဆိုရင် အခုနောက်ပိုင်း ခံစားရတဲ့ အပူချိန်တွေဟာ လွန်ကဲအဆင့်ကို ရောက်နေတာများ လာပါတယ်။
အဲဒါကြောင့် အသက်ဆုံးရှုံးနှိုင်တဲ့အထိ အန္တရာယ်ပေးနှိုင်တဲ့အပူဒဏ်ကြောင့် မေလ(၂၃)ရက်နေ့ကို Heat: A Major Killer Heat Awareness Day လို့ သတ်မှတ်ထားကြောင်းပါဗျာ။
ဒေါက်တာထွန်းလွင်
(ကိုယ်ရဲ့အပူထိန်းစံနစ်အကြောင်းရှင်းပြပေးတဲ့ ငယ်သူငယ်ချင်းဒေါက်တာစိန်လှအောင် ကို ကျေးဇူးတင် ပါတယ်။)
အမေရိကန်ပြည်ထောင်စုမှာ National Heat Awareness Day ကို နှစ်စဉ် မေလရဲ့ နောက်ဆုံးသောကြာနေ့သတ်မှတ်ထားတာကြောင့် ၂၀၂၄ ခုနှစ်မှာ မေလ ၃၁ ရက်နေ့မှာ National Heat Awareness Day ကျရောက်ကြောင်း ကြေညာထားပါတယ်။ ကျနော်တို့ကတော့ အခုကတည်းက ဂရုစိုက်ကြရတော့မှာပါ။
National Heat Awareness Day is observed annually on the last Friday of May, which falls on May 27 this year. National Heat Awareness Day for Year 2024 is .. 31st MAY 2024.
မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာဦးထွန်းလွင် တင်ပေးခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အပူချိန်တွေမြင့်တက်လာတာက ကြောက်ခမန်းလိလိပါဘဲ။ အနောက်ဘက်က လေလေးတွေ တိုက်တဲ့အခါမှာတော့ အပူသက်သာကြပါမယ်။ ဂရုစိုက်နေထိုင်ကြပါဆိုတဲ့စကားလုံးကလွဲရင် တခြားပြောစရာမရှိပါဘူး။ ဒီအခြေအနေမှာဆရာကြီးရေးသားခဲ့တဲ့ဆောင်းပါးကို အများလေ့လာဖတ်ရှုနိုင်ကြရန်ပြန်လည်တင်ပေးလိုက်ပါတယ်။ မူရင်းဆောင်းပါးလင့် ပို့ပေးသော တံတားဦးမှ ဆရာမဒေါ်မြသီတာကိုလဲ ကျေးဇူးအထူးတင်ပါတယ် - https://www.facebook.com/tunlwin48/posts/pfbid02YmHJbvFybLHZMNAtxdPnq4tS6obaXiWTQuUnYoywPrRUhtvXLDhD2DKuK7qnwSyFl
ပတ်ဝန်းကျင်လေထဲမှာ ရေခိုးရေငွေ့တွေများလာလို့ စိုထိုင်းဆ(Humidity)ဆိုတာဖြစ်လာပါတယ်။
Humidity လို့ခေါ်တဲ့ "စိုထိုင်းဆ" သူ့ကိုတိုင်းတာတာက လေထုထဲမှာ ရေခိုးရေငွေ့(moisture)ပမာဏဘယ်လောက်ပါသလဲဆိုတာ တိုင်းပြီး RH-Relative Humidity လို့ ခေါ်ပါတယ်။ ဘာကြောင့် RH လို့ခေါ်ရသလဲဆိုတော့ လေထုထဲမှာပါဝင်တဲ့ ရေခိုးရေငွေ့ပမာဏ(ရာခိုင်နှုန်း)ဟာ အပူချိန်နဲ့ ဆက်နွယ်နေလို့ပါဘဲ။
ပူနေတဲ့လေဟာ အေးနေတဲ့လေထက် ရေခိုးရေငွေ့ကို ပိုပြီးစုတ်ယူထိန်းသိမ်းထားနိုင်ပါတယ်။ ဒါကြောင့် လေပူရင် RH မြင့်မယ်၊ လေအေးရင် RH နိမ့်မယ်(နည်းမယ်)အဲ့သလိုမှတ်ထားရပါမယ်။
ကျနော်တို့အရေပြားကထိတွေ့ခံစားရတဲ့ အပူချိန်ဟာ လေထဲက ရေငွေ့တွေရဲ့အပူချိန်ကိုခံစားရတာဖြစ်လို့ Dry-Bulb Thermometer နဲ့တိုင်းတာတဲ့ အပူချိန်ထက် ပူနေပြီးရေခိုးရေငွေ့ကြွယ်ဝနေတဲ့လေထဲက အပူချိန်က ပိုများနေတာပါဘဲ။
ဒါကြောင့် အဲဒီ Humid Air Temperature က 41 °C – 54 °C (105°F - 130°F) ရှိနေပြီဆိုရင် အန္တရာယ်ရှိတဲ့ အပူချိန်လို့ သတ်မှတ်ထားတာပါဘဲ။ Dry-Bulb Thermometer က ၃၅ လောက်ပြနေပေမဲ့ လေထုစိုထိုင်းဆ(Relative Humidity)70% ကျော်နေရင် ခံစားရတဲ့ temperature felt က ၄၄-၄၅ လောက်ဖြစ်နေပါပြီ။ Heat-stroke ဖြစ်နိုင်တဲ့အထိ အန္တရာယ်ရှိနေပါပြီ။
စိုထိုင်းဆ ဆိုတာ နည်းလွန်းလဲ မကောင်း များလွန်းလဲမကောင်းပါ။ ပုံမှာကြည့်ပါ။