FLOODS
ရေကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းများအကြောင်း
"ဖိလစ်ပိုင်မိုးလေဝေသဌာန PAGASA ပိုင်နက်"အတွင်း ဒီဇင်ဘာလထဲအထိ ဆိုင်ကလုန်း(တိုင်ဖွန်း)မုန်တိုင်းဖြစ်နိုင်ချေ ၁ ကြိမ်မှ ၂ ကြိမ်အထိ ရှိနိုင်သေးတယ်လို့ သိရ
ရေကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းများအကြောင်း
ရေကြီး/ရေလွှမ်းခြင်းကြောင့်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်သည် အခြားသော သဘာဝဘေးများထက် လူသားများအပေါ်သက်ရောက်မှုပိုမိုပြင်းထန်သည်။
ရေကြီး/ရေလွှမ်းမိုးခြင်းသည် နေထိုင်စရာနေရာ၊ အိုးအိမ်များပျက်စီးဆုံးရှုံးသောကြောင့်ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အများနှင့်ဆိုင်သော အိမ်/အဆောက်အဦများဆိုးရွားစွာပျက်စီးဆုံးရှုံးရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းများအထိ ပြင်းထန်သော သဘာဝဘေးဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲခြင်းများက ရေကြီး/ရေလွှမ်းမိုးခြင်းဖြစ်စဉ်များကို တနှစ်ထက်တနှစ်ပိုမိုပြင်းထန်လာစေပြီး အကြိမ်ရေပိုမိုလာနိုင်ကြောင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာလေ့လာသူများက တင်ပြထုတ်ပြန်ထားကြသည်။
ဓါတ်ပုံ - ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပဲခူးရေကြီးခြင်း
MFSD SEARCH and RESCUE
အဓိကအားဖြင့် ရေကြီးရေလွှမ်းမိုးခြင်းအမျိုးအစား ၃ မျိုးရှိသည် -
Fluvial floods (river floods)
မိုးရာသီကာလအတွင်း မြစ်ချောင်းများရေပြည့်လျှံပြီး ရေကြီးခြင်း/ရေလွှမ်းခြင်းများဖြစ်ပေါ်စေသည်။ မြစ်ချောင်းများရေပြည့်ရေလျှံခြင်းမှ ဖြစ်ပေါ်သည့် ရေလွှမ်းမိုးမှုသည် မိုးရွာသွန်းမှု ပုံမှန်ဖြစ်မြဲထက်ပိုမိုခြင်း(မိုးအလွန်များခြင်း)နှင့် နှင်း/ရေခဲများအရည်ပျော်ပြီး မြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်လာရသည်။
မြစ်ချောင်းများမှ ရေလွှမ်းမိုးခြင်းသည် မြစ်ကမ်းပါးများကိုကျော်လွန်ပြီး မြစ်အောက်ခြေဒေသများအထိ ဧရိယာကျယ်ပြန့်စွာရောက်ရှိနိုင်ကာ ဆည်/ရေလှောင်တမံများ၊ ရေဝပ်ဧရိယာများသို့ ရေဝင်ပြီး တမံကျိုးပေါက်ခြင်းနှင့် နွံအိုင်များပိုမိုကျယ်ပြန့်လာခြင်းတို့ကို ဖြစ်ပေါ်စေသည်။
မိုးလေဝသကြိုတင်ခန့်မှန်းချက်သတင်းများကို ဂရုစိုက်ရယူကြပြီး အန္တရာယ်ဖြစ်နိုင်သည့်မြေပြင်အခြေအနေများ ပြုပြင်ခြင်း၊ မြစ်ကမ်းပါးများကိုရနိုင်သလောက်မြှင့်တင်ထိန်းသိမ်းခြင်းနှင့် လျှံတက်လာသော မြစ်ချောင်းရေများ စုစည်းအိုင်ထွန်းသွားနိုင်မည့်ဧရိယာ(သို့မဟုတ်)ရေဝပ်နိုင်မည့်အနိမ့်ပိုင်းဧရိယာများ တွင်နေထိုင်သူများကို အသိပေးခြင်း၊ ကယ်ဆယ်ရွှေ့ပြောင်းခြင်းများအချိန်မီလုပ်ကြရသည်။
Pluvial floods (flash floods and surface water)
မိုးအလွန်သည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်သည့် ရေကြီး/ရေလွှမ်းမိုးခြင်းကို ၂ မျိုးခွဲခြားနိုင်သည် -
မြို့ရွာ၊ လူနေရပ်ကွက်များရှိ ရေစွန့်ထုတ်သည့်စနစ်များ(urban drainage systems)မကောင်းခြင်း၊ ပိတ်ဆို့ခြင်းကြောင့် "ရေစီးရေလာမကောင်း/နည်းပါးပြီး လူနေရပ်ကွက်လမ်းများနှင့် အနိမ့်ပိုင်းဧရိယာများ၌ ရေကြီးခြင်းများဖြစ်ပေါ်စေသည်။ ရေလွှမ်းခြင်းမဖြစ်မီ ရေတက်လာသည့်နှုန်းက တအိအိနှင့်ဖြည်းဖြည်းချင်းတက်လာပြီး အနိမ့်ပိုင်းအိမ်ခြံ၊ လမ်းများရေမျက်နှာပြင်မြင့်တက်ဖုံးလွှမ်းသွားသည့်အတွက် ကယ်ဆယ်ရွှေ့ပြောင်းရေးများဆောင်ရွက်ရန် အချိန်လုံလောက်စွာရနိုင်ကာ ရေလွှမ်းနေသည့်ရေပြင်တွင်သွားလာရင်း အနိမ့်ပိုင်းသို့အမှတ်မထင်ရောက်ရှိပြီးရေနစ်သေဆုံးခြင်းများ ဖြစ်ပေါ်တတ်သော်လည်း ရေမလွှမ်းမီမြေပြင်အနေအထားကို သိရှိပြီး၊ သတိထားသွာလာကြလျှင်အသက်အန္တရာယ်ဖြစ်နိုင်ချေနည်းပါးသည်။
မယ်ဆိုင်ချောင်းရေလျှံလာမှုကြောင့် တာချီလိတ်မြို့ တာလော့ရပ်ကွက်နှင့်
အနိမ့်ပိုင်းတွင် ရေများ စဝင် -
ဓါတ်ပုံ/သတင်း Tachileik News Agency
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့
လူနေရပ်ကွက်များ၊ ကျေးရွာများအနီးမှ မြေမျက်နှာပြင်မြင့်သည့်တောင်ကုန်း/တောင်တန်းများနှင့်ဆက်စပ်နေသည့် ချောင်းဖျားဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးသည့်နောက်၊ အချိန်တိုအတွင်းအရှိန်အဟုန်ပြင်းစွာဖြင့် မြေနိမ့်ပိုင်းများရှိရာသို့ စီးဆင်းလာပြီး ရေမျက်နှာပြင်မြင့်တက်ရေလွှမ်းမိုးခြင်းကိုဖြစ်စေသည့် ရေကြီးခြင်းအမျိုးအစားဖြစ်သည်။ တောင်ကျချောင်းရေများကြောင့်ရေကြီးသည့်အခါ ရေစီးဆင်းသည့်အရှိန်အဟုန်မြန်ဆန်သောကြောင့် ရေစီးဆင်းရာလမ်းတလျှောက်မှ သစ်ပင်များ၊ လမ်းများ၊ တံတားများကို တိုက်စားဖျက်ဆီးသွားသည့်အပြင် လူနေရပ်ကွက်များအထိရေဝင်ရောက်လာပါက ရေတက်နှုန်းမြန်ဆန်သောကြောင့် လူနေအိုးအိမ်များ၊ မွေးမြူရေခြံများ ချက်ချင်းရေမြုပ်ကာ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများလုပ်ဆောင်ရန် အချိန်မမီတော့ပဲ ဖြစ်ရသည်က များသည်။ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးနိုင်ချေလည်းပိုမိုများပြားသည်။
မုန်တိုင်းများတိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းဒီလှိုင်းရိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေလွှမ်းမိုးခြင်းသည် ကမ်းရိုးတန်းဒေသများတွင် အန္တရာယ်အများဆုံးဖြစ်သည်။ ယနေ့ခေတ်တွင် မုန်တိုင်းသတင်းများကို အချိန်မီကြိုတင်ခန့်မှန်းပြီးမုန်တိုင်းတိုက်ရိုက်ဝင်ရောက်တိုက်ခတ်နိုင်မည့် မုန်တိုင်းလမ်းကြောင်းကို ကြိုတင်ခန့်မှန်းအသိပေးနိုင်သောကြောင့် မုန်တိုင်းတိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခြင်းခံရမည့်ဒေသတွင်းမှ လူ/တိရိစ္ဆာန်တို့ကို အချိန်မီ ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်သည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ရေကြီး/ရေလွှမ်းခြင်းများသည် လူသားများ၏ စားသောက်လုပ်ကိုင်နေထိုင်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ကျေးငှက်တိရိစ္ဆာန်များသေကြေပျက်စီးမှု အစရှိသော ပြင်းထန်သည့်သက်ရောက်မှုများကိုဖြစ်စေသည်။ ရေကြီးခြင်း၊ ရေလွှမ်းခြင်းနှင့် ဤသို့သော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာရခြင်းအကြောင်းရင်းများကို ဩစတေးလျမိုးလေဝသဌာန(Bureau of Meteorology - BoM)မှ အများနားလည်လွယ်အောင် ရှင်းပြထားသော ဗီဒီယိုဖြစ်ပါသည်။
· မြစ်ဖျား/ချောင်းဖျားတွင် မိုးများခြင်းကြောင့် မြစ်ရေတက်လာခြင်းကို ကြိုတင်သိနိုင်သည်
· ကြိုတင်ပြင်ဆင်ချိန် ဘေးလွတ်ရာသို့ရှောင်ရှားချိန်ရသည်
· ရေတက်လာရန်အချိန်ကြာတတ်သည်ကဲ့သို့ ရေပြန်ကျရန်လည်းအချိန်ကြာတတ်သည်
· စားသောက်နေထိုင်ရေးနှင့် ရေချို/ရေသန့်ရှားပါးခြင်း၊ ကျန်းမာရေးပြဿနာများဖြစ်လာခြင်းတို့ကို နောက်ဆက်တွဲရင်ဆိုင်ရသည်
· တိကျစွာခန့်မှန်းပေးသော မိုးအလွန်များနိုင်သည့်ကြိုတင်ခန့်မှန်းချက်များမှအပ ကြိုတင်ပြင်ဆင်ချိန်အလုံအလောက်မရနိုင်
· မိုးအလွန်များခြင်းကြောင့် ရုတ်တရက်အရှိန်အဟုန်ဖြင့်ကျဆင်းလာသည့် တောင်ကျရေလမ်းတလျှောက် ပျက်စီးဆုံးရှုံးမှုပိုများနိုင်သည်
· ကြိုတင်ပြင်ဆင်ချိန်အလွန်နည်းသဖြင့် အသက်အိုးအိမ်ဆုံးရှုံးနိုင်မည့်ဖြစ်နိုင်ချေ ကြီးမားသည်
· ရုတ်တရက် ရေတက်လာပြီး အချိန်တိုအတွင်းပြန်လည်ကျဆင်းသွားနိုင်သည့်အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာနိင်သော စားသောက်နေထိုင်းမှုအခက်အခဲများနှင့် ကျန်းမာရေးပြဿနာများကို အချိန်တိုအတွင်း ပြန်လည်ကုစားနိုင်သည်
· မိုးအလွန်များခြင်း
· နှင်းများလျှင်မြန်စွာအရည်ပျော်ခြင်း
· ဆည်/တမံများနှင့် မြစ်/မြောင်း/ချောင်းတို့၏ရေတားတာများကျိုးပေါက်ခြင်း
· မြစ်အတွင်းရေခဲချပ်များကြောင့် ရေစီးပိတ်ဆို့နှောင့်နှေးစေခြင်း
· မြစ်ရေ ရေစီးနှုန်းမြန်ဆန်လာခြင်း
· မိုးအလွန်များခြင်း
· ထစ်ချုန်းရွာသွန်းသည့်မိုးတိမ်များရွေ့လျားမှုနှေးကွေးခြင်း/တည်ငြိမ်နေသောကြောင့် ရွာသွန်းသည့်မိုးရေချိန်များလာခြင်း
· ဆည်/တမံများနှင့် မြစ်/မြောင်း/ချောင်းတို့၏ ရေတားတာများကျိုးပေါက်ခြင်း
· မြို့တွင်းလူနေအိမ်ရာများတိုးချဲ့ခြင်း
· မတ်စောက်သည့်တောင်စောင်းများရှိနေခြင်း
· မြစ်ကျဉ်းများဖြစ်ပေါ်လာခြင်း
· တောမီးလောင်ကျွမ်းခြင်းနှင့်သစ်တောများခုတ်ထွင်ရှင်းလင်းသည့်အပိုင်းအစများ မြစ်များ/ချောင်းများအတွင်း ပါဝင်စီးမျောမှုများလာခြင်း