FOG and SNOW
မြူလား နှင်းလား ???
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
မြူလား နှင်းလား ???
အင်္ဂလိပ်ဘာသာနှင့်ဆိုလျှင် Dew, Mist, Fog, Rain, Hail, Snow ..etc. စသည်ဖြင့် အဓိပ္ပါယ်-ဝေါဟာရကွဲပြားခြားနားခြင်းက သိသာခြားနားသော်လည်း မြန်မာဘာသာတွင်မူ ရောထွေးနေပြီး ယနေ့တိုင်အချို့က "နှင်း"နှင့်"မြူ"မကွဲပြားနိုင်သေးပဲ ရှိကြနေကြဆဲဖြစ်၏။ ဇန်နဝါရီလအကုန် ဖေဖေါ်ဝါရီလထဲတွင် Thick fog အခြေအနေကြောင့် လေဆိပ်များတွင် လေယာဉ်များပျံသန်းရန် အန္တရာယ်များလွန်းသဖြင့်(ကွင်းသို့ပြန်လည်ဆင်းသက်ရန် အရေးပေါ်အခြေအနေတခုခုဖြစ်လျှင် ကွင်းပျောက်နေပြီး ပြန်လည်မဆင်းသက်နိုင်ပဲ ဆိုးရွားသောမတော်တဆဖြစ်စဉ်နှင့် ကြုံရတတ်သဖြင့် လေယာဉ်ကွင်းပေါ်နှင့်ပတ်ဝန်းကျင်တွင် မြူထု ထူထပ်စွာပိတ်နေလျှင် "Visibility Below Minimum" ဖြစ်နေ၍ ကွင်းပိတ်ကြောင်း ကြေညာချက် ထုတ်ပြန်ရသည်။
မြူဆိုင်းခြင်းနှင့်နှင်းကျခြင်း ၂ မျိုးစလုံးသည် ရာသီကာလတခုအတွင်းဖြစ်ပေါ်တတ်သည့် မိုးလေဝသအခြေအနေတခုဖြစ်ပြီး ၂ မျိုးစလုံးက အဝေးမြင်နိုင်စွမ်းကို လျော့ကျစေသည်။ မြူဆိုင်းခြင်း(Foggy Weather Condition)ကြောင့် အနီးနှင့်အဝေးမြင်နိုင်စွမ်း(Visibility)ကျဆင်းပြီး မော်တော်ယာဉ်၊ သင်္ဘောနှင့် လေယာဉ်များ မတော်တဆမှုဖြစ်ပွားတတ်၍ သတိထားရမည့် အခြေအနေတခုဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်မြောက်ပိုင်းအစွန်ရှိ ရေခဲတောင်များတည်ရှိရာဒေသများမှလွဲ၍ မြန်မာနိုင်ငံအခြားဒေသများတွင် နှင်းကျခြင်းမရှိ၊ မြူဆိုင်းခြင်းသာရှိသည်။
မြူဆိုင်းခြင်း(Fog)သည် မြေမျက်နှာပြင်နှင့်အလွန်နီးကပ်စွာဖြစ်ပေါ်လာသည့် တိမ်အနိမ့်(low cloud)အမျိုးအစားဖြစ်ပြီး နှင်း(Snow)သည် ကောင်းကင်မှ မြေပြင်သို့ကျလာသည့် ရေခဲပုံဆောင်ခဲ(ice crystals)များဖြစ်သည်။
ကမ္ဘာမြေမျက်နှာပြင်အနီး သို့မဟုတ် အနီးနားရှိ ရေ၊ မြေမျက်နှာသွင်ပြင်နှင့် လေတိုက်မှုအခြေအနေ၊ လေထုစိုထိုင်းဆ စသည်တို့ကြောင့် မြူခိုးများ အကြီးအကျယ် လွှမ်းမိုးနေသည့်အခြေအနေကို ခေါ်သည်။
မြူဆိုင်းသည့်အခါ မြူထုထဲတွင် သေးငယ်သောရေစက်ကလေးများပါဝင်ပြီး တခါတရံအအေးလွန်ကဲသည့်ဒေသများ၌ ရေခဲမှုန်လေးများပင်ပါဝင်ကာ လေထုထဲတွင်အချိန်အတော်ကြာအောင်တွဲခိုနေတတ်၏။ ဤအခြေအနေကို WINDY APP တွင် FOG - FOG & RIME ဟု အမည်ပေးခေါ်ထားသည်။ မြူထုအတွင်းရေစက်ကလေးများပါဝင်လာသည့်အခြေအနေ(မြေပြင်အနီးရှိ မြက်/သစ်ရွက်များတွင် ရေစက်ကလေးများသီးနေသည့်အခြေအနေ)ကို "Dew" ဟုခေါ်သည်။
နေထွက်အပြီး အပူရှိန်တဖြည်းဖြည်းမြင့်တက်လာသည့်အခါနှင့် ပတ်ဝန်းကျင်လေတိုက်ခတ်မှုများလာသည့်အခါတွင် မြူထုဆိုင်းနေခြင်းပျက်ပြယ်သွားသည်။ မြင်ကွင်းရှင်းးလင်းသွားကြောင်း အတည်ပြုပြီးသည့်အခါ လေယာဉ်ကွင်းများ၌ အန္တရာယ်ရှိသောကြောင့်ကွင်းပိတ်ထားသည့်အခြေအနေကို လွန်မြောက်ကြောင်းသေချာသည့်အခါ ကွင်းပြန်ဖွင့်ကြောင်း လေကြောင်းခရီးစဉ်များပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် အသိပေးရ၏။
Additional information copy from FB Comment
အိမ်ခေါင်မိုးတွေနဲ့ မြက်ခင်းတွေ၊ သစ်ပင်သစ်ရွက်တွေပေါ်မှာ ပတ်ဝန်းကျင်အပူချိန်(Temperature)နဲ့ ငွေ့ရည်ဖွဲ့အမှတ်(Dew Point)၂ ခု နီးစပ်တူညီသွားကြတဲ့အခါ ရေစက်(ရေသီး)လေးတွေ ဖြစ်လာပါတယ်။ အဲ့ဒါကို "Dew" လို့ခေါ်ပါတယ်။ မြန်မာဘာသာဝေါဟာရတွေမှာတော့ ဆောင်းတွင်းမနက်စောစောမှာ မြက်ခင်းတွေ ခေါင်မိုးတွေ ရွှဲစိုနေရင် "နှင်း
တွေကရွှဲနေတာဘဲ"လို့သာ အပြောများကြပါတယ်။
မြူ(Dew)ဆိုတာက မြေပြင်နဲ့ ထိကပ်လောက်အောင်ကို နိမ့်ကျစုဖွဲ့လာတဲ့ တိမ်တွေဖြစ်ပြီး ရေခိုးရေငွေ့တွေပါဝင်ပါတယ်။ Temperature and Dew Point တူညီသွားတဲ့အခါမှာတော့ Dew လို့ခေါ်တဲ့ ရေစက်ရေသီးလေးတွေအဖြစ်ပြောင်းသွားပြီး လေထက်လေးတာကြောင့် ခေါင်မိုးတွေပေါ်နဲ့ သစ်ပင်သစ်ရွက်တွေ မြက်ခင်းတွေပေါ်မှာ ရေစက်ကလေးတွေအဖြစ်တွေ့ရတာပါဘဲ။
"နှင်း" ကို snow ၊ "မြူ" ကို Fog ၊ "ရေစက်ရေပေါက်လေးတွေသီးလာတာကို" Dew လို့ ခေါ်ကြရင်အမှန်ဖြစ်ပါမယ်။
Dew, Fog and Snow ကို ခန့်မှန်းတဲ့ applications တွေရှိပြီး frost, mist စတဲ့ ဆောင်းတွင်းမှာမြင်တွေ့ရတတ်တဲ့ အခြေအနေတွေကို သီးခြားခန့်မှန်းထုတ်ပြန်တဲ့ application တွေတော့ မတွေ့သေးပါ။