SPECIAL WEATHER SITUATIONS
ထူးခြားမိုးလေဝသဖြစ်စဉ်များ
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
ထူးခြားမိုးလေဝသဖြစ်စဉ်များ
ကမ္ဘာ့လေထုအလွှာအသီးသီးက လေစီးကြောင်းများလားရာအရပ်ရပ်ကို တိုက်ခတ်နေတာ၊ ဖိအား၊ အပူချိန်နဲ့ သိတ်သည်းဆတွေက အချိန်နဲ့အမျှပြောင်းလဲနေတာတွေကြောင့် ဒီအခြေခံသိပ္ပံဆိုင်ရာအချက်အလက်တွေအပေါ်တည်မှီနေတဲ့ ရာသီဥတုနဲ့မိုးလေဝသဖြစ်စဉ်တွေက လဲ အချိန်နဲ့အမျှပြောင်းလဲနေတာပါဘဲ။ အလားတူပြောင်းလဲနေတဲ့ ပင်လယ်သမုဒ္ဒရာရေပြင်အခြေအနေတွေကလဲ ရာသီဥတုနဲ့ မိုးလေဝသဆိုင်ရာဖြစ်စဉ်တွေအပေါ် စက္ကန့်တိုင်း မိနစ်တိုင်းမှာ သက်ရောက်မှုရှိနေပါတယ်။
မိုးလေဝသဌာနကြီးတွေ၊ ရာသီဥတုကြိုတင်ခန့်မှန်း/မှတ်တမ်းပြုစုသူတွေနဲ့ မိုးလေဝသ/ရာသီဥတုအခြေအနေတွေကို အမှန်ကန်ဆုံးဖြစ်အောင် နေ့စဉ်လက်လှမ်းမှီသလောက်တင်ပြနေကြတဲ့ ကျနော်တို့လိုလေ့လာသူတွေအတွက် စိတ်ပါဝင်စားမှုကြီးရင်ကြီးသလို၊ လေ့လာနေကြရတဲ့ ရည်ရွယ်ချက်ကြီးရင်ကြီးသလို တနှစ်ပတ်လုံးကိုအလုပ်ရှုပ်နေတတ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ပြည်တွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံကိုရင်ဆိုင်နေကြရတဲ့အချိန်မှာ သဘာဝဘေးတွေက တမျိုးတဖုံဖိစီးဒုက္ခပေးလာနိုင်တာကြောင့်
ရာသီဥတုနဲ့ မိုးလေဝသဆိုင်ရာအချက်အလက်တွေကို ထဲထဲဝင်ဝင်၊ မှန်မှန်ကန်ကန်လေ့လာပြီး၊ သဘာဝဘေးကျရောက်နိုင်မဲ့ဒေသတွေအတွက် Early Warning တစ်ရပ်အနေနဲ့ ကြိုတင်သတိပေးတာ၊ အသိပေးတာတွေကလဲ အရေးပါနေတာဖြစ်ပါတယ်။
မုန်တိုင်းတွေအဖြစ်များတတ်တဲ့ ကာလကိုကျော်လွန်ပြီး ဆောင်းရာသီနဲ့နွေရာသီတွေရောက်လာပြန်တော့လဲ အေးအေးလူလူအနားယူနေကြလို့မရပဲ အဖြစ်များတတ်တဲ့ သဘာဝမီးဘေး/လူ့ပယောဂကြောင့်ဖြစ်လာရတဲ့ မီးဘေးအန္တရာယ်တွေအပြင် နေ့စဉ်အသက်ရှုနေကြရတဲ့ လေထုကြီးထဲက ညစ်ညမ်းမှုအန္တရာယ်တွေ၊ နွေခေါင်ခေါင်မှာ မထင်မှတ်ပဲ ကျရောက်တတ်တဲ့ လေပြင်းအန္တရာယ်တွေကို စောင့်ကြည့်လေ့လာကြ၊ အသိပေး/သတိပေးကြရပြန်ပါတယ်။
အဲ့ဒီတော့အချုပ်အားဖြင့် ပြောပြချင်တဲ့အချက်(၄)ချက်ရှိပါတယ်။
(၁) ကိုယ့်အလုပ်ကိုယ်လုပ်ရမယ် - သဘာဝရော သဘာဝမဟုတ်တာရော ဘေးအန္တရာယ်တွေများနေတဲ့ ဒီနေ့ခေတ်ကာလကြီးထဲမှာ အမျိုးမျိုးသောကပ်ဘေးပေါင်းစုံကိုခံစားနေကြရတဲ့လူတွေအကုန်လုံးအတွက် သဘာဝဘေးဒဏ်သင့်နိုင်မဲ့အရေးကို သိရင်/နားလည်ရင်/လေ့လာထားရင် အချိန်မီကြိုတင်သတိပေးပြီး အသက်သေဆုံးမှုနဲ့နစ်နာမှုတွေလျှော့ချနိုင်အောင်လုပ်နိုင်တဲ့ အလုပ်ကိုလုပ်။ ကိုယ့်အတွက်ကိုယ်မကြည့်နဲ့၊ ဘေးဒဏ်ခံကြရတော့မဲ့လူတွေမျက်နှာကိုကြည့်ပြီး စာနာတတ်ကြဘို့လိုပါတယ်။
(၂) သဘာဝဘေးတခုခုဖြစ်လာတဲ့အခါ လိုအပ်တာတွေများတယ်၊ နေ့စဉ်စားရေးသောက်နေထိုင်ရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စတွေကြောင့် မဆုံးရှုံးသင့်တဲ့အသက်တွေ မဆုံးရှုံးရအောင် တတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီပေးရမယ်။ လူလိုသိတတ်တဲ့"လူ" ဘယ်သူဖြစ်ဖြစ် ဝင်ပါလို့ရတယ်။ ဝင်လုပ်လို့ ရတယ်။ လုပ်ပေးကြပါ။
(၃) သဘာဝဘေးအန္တရာယ်တခုခုကို "ခုတုံး"လုပ်ပြီးစီးပွားမရှာနဲ့၊ အဲ့သလို စီးပွားရှာပြီးရတဲ့ ဘယ်လိုအကျိုးအမြတ်ပေါ်မှာဖြစ်ဖြစ် သာယာမနေနဲ့၊ လူမဆန်တဲ့အမြတ်အစွန်းတွေ ဘယ်အမြတ်အစွန်းဖြစ်ဖြစ် ကြာကြာမခံဘူး၊ မီးခဲကိုမြိုချထားသလို ဖြစ်လာတဲ့အတွင်းစိတ်နဲ့အပူဓါတ်က ကိုယ့်ရဲ့ နောက်မျိုးဆက်တွေအထိ ကူးစက်သွားတတ်တာက ပိုပြီးကြောက်စရာကောင်းပါတယ်။
(၄) သဘာဝဘေးအတွက်ကူညီနိုင်ကြဘို့ လိုအပ်မှအလှူခံ၊ အလှူခံပြီးရင်လှူတဲ့သူတွေကို ကျေးဇူးတင်စကားပြော၊ စာရင်းရှင်းတမ်းကိုပီပီပြင်ပြင်တင်၊ အခုခေတ်ကြီးမှာ နာမည်တခါပျက်လိုက်ရင် အဖတ်ဆည်လို့မလွယ်တော့ဘူးဆိုတာလဲ သဘောပေါက်ထားဘို့လိုပါတယ်။
"သဘာဝဘေးတွေနဲ့ပါတ်သက်ရင် လုပ်သင့်တာ/မလုပ်သင့်တာတွေကို သူများပြောလို့သိတာထက် ကိုယ်ရင်ထဲကသိနေဘို့လိုပါတယ်။"
"FUJIWHARA EFFECT ဟုခေါ်သည့် "ဖူဂျီဝါရာသက်ရောက်မှု"အကြောင်းကို မိုးလေဝသပညာရှင်ဆရာကြီးများထံမှလည်းကောင်း၊ ပြည်ပမိုးလေဝသပညာရှင်များထံမှလည်းကောင်း များစွာကြားခဲ့၊ သိခဲ့၊ မှတ်သားခဲ့ရဘူးပါသည်။
ဤဝေါဟာရကို ဂျပန်လူမျိုး မိုးလေဝသပညာရှင် Sakuhei Fujiwhara က စတင်တွေ့ရှိသောကြောင့် အဆိုပါ မိုးလေဝသပညာရှင်၏ အမည်ဖြင့် Fujiwhara Effect ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီး လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်း ၂ လုံး နီးကပ်စွာဖြစ်ပေါ်သည့်အခါ ဤသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲဖြစ်စဉ်များကို လေ့လာခဲ့ကြပါသည်။
ဖူဂျီဝါရာသက်ရောက်မှုသည် ပင်လယ်တခုအတွင်း၊ သို့မဟုတ် ကပ်လျှက်တည်ရှိနေသည့် ပင်လယ် ၂ ခုတွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ၂ ခုဖြစ်ပေါ်ပြီး
တခုနှင့်တခုအကွာအဝေး မိုင် ၁၂၀၀ သို့မဟုတ် ၂၀၀၀ ကီလိုမီတာအတွင်းရှိနေသည့်အခါ ယင်းတို့ ၂ ခုမှ အပြန်အလှန်တုန့်ပြန်မှုကြောင့် - အားပို၍ငယ်သော လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းသည် အားပိုကြီးသည့် လေဖိအားနည်ရပ်ဝန်း/မုန်တိုင်းနှင့် ပူးပေါင်းသွားပြီး ပိုမိုအားကောင်းသော မုန်တိုင်း ၁ ခု ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း ကနဦးမှတ်သားခဲ့ရပါသည်။
အသေးစိတ်ထပ်မံလေ့လာရာမှ ဤသက်ရောက်မှုသည် မုန်တိုင်း၂ လုံးအား အောက်ဖေါ်ပြပါ သက်ရောက်မှုများကို ဖြစ်ပေါ်စေကြောင်းတွေ့ရှိရပါသည် -
(၁) မုန်တိုင်း တလုံးနှင့်တလုံး လှည့်ပတ်ရွေ့လျားစေခြင်း
(၂) မုန်တိုင်း တလုံးနှင့်တလုံး ဆွဲငင်အားဖြင့်ပေါင်းစည်းသွားပြီး ပိုမိုအားကောင်းလာစေခြင်း
(၃) မုန်တိုင်းတလုံးနှင့်တလုံး တွန်းကန်၍ ပိုမိုဝေးကွာသွားစေခြင်း
Fujiwhara Effect ကြောင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်း TRAMI နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်စဉ်(ကြိုတင်ခန့်မှန်း)
တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားသည့် တိုင်ဖွန်းမုန်တိုင်း TRAMI သည်၊ နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာမည့်(လက်ရှိအချိန်တွင် INVEST-98W)၏ ဆွဲအားကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နောက်ကြောင်းပြန်လှည့်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှ သိရှိကြရပြီးဖြစ်ပါသည်။
ECMWF Model Forecast
အောက်တိုဘာ ၃၁ ရက် နံနက် ၁ နာရီတွင် တဘက်ပင်လယ်မှ(လက်ရှိအချိန်တွင် INVEST-98W)သည် ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်ပြင်ဆီသို့ ရွေ့လျားရင်းအားပျော့သွားသည့်အတွက် Fujiwhara Effect ပျက်ပြယ်ပြီး တိုင်ဖွန်း TRAMI သည် အနောက်ဘက်သို့ ပြန်လှည့်လာစဉ် မူလလမ်းကြောင်းမှ မြောက်ဘက်သို့ပိုမိုရောက်ရှိသွားပြီးနောက် ဟိုင်နမ်ကျွန်း၏အရှေ့မြောက်ဘက် တရုတ်ပြည်မကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ECMWF ကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပါသည်။
GFS Model Forecast
GFS Model ကြိုတင်ခန့်မှန်းချက်တွင်မူ လက်ရှိ INVEST-98W က အားပိုကောင်းလာပြီး တိုင်ဖွန်း TRAMI ကို ဝါးမြိုသွားမှာဖြစ်ကြောင်း(TRAMI လုံးဝပျက်ပြယ်သွားမှာဖြစ်ကြောင်း)တွေ့ရပါသည်။
AI Forecast
ECMWF AI forecast တွင် လက်ရှိ INVEST-98W ၏ သက်ရောက်မှုကြောင့် တိုင်ဖွန်း TRAMI နောက်ကြောင်းပြန်လှည့်အပြီး FUJIWHARA EFFECT သက်ရောက်မှုမှလွတ်မြောက်ချိန်တွင်အားလျာ့သွားကာ ဗီယက်နမ်ကမ်းခြေကို လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြင့်သာ ချည်းကပ်ဖြတ်ကျော်ပြီး အားပျော့ပျက်ပြယ်သွားမှာဖြစ်ကြောင်း တွေ့ရပါသည်။
ယခု တွေ့ရှိပြီး ကြိုတင်ခန့်မှန်းချက်များကြောင့် တိုင်ဖွန်းမုန်တိုင်း TRAMI သည် -
(၁) ရွေ့လျားလာရာ အရှေ့ဘက်အရပ်သို့ ဂငယ်ကွေ့(U-TURN)ပြန်လည်ကွေ့နိုင်ပါမည်။
(၂) မူလလမ်းကြောင်းအတိုင်း အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်သို့) ပြန်လည်ရွေ့လျားချိန်တွင် လုံးဝအားပျော့ပျက်ပြယ်ခြင်း(သို့မဟုတ်)ဗီယက်နမ်ကမ်းခြေအနီးတွင် အားပျော့ပျက်ပြယ်ခြင်း ၂ ခု အနက် ၁ ခု ဖြစ်နိုင်ကြောင်းတွေ့ရပါသည်။
ထို့ကြောင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း TRAMI ကြောင့် မုန်တိုင်းအကြွင်းအကျန်များ မြန်မာနိုင်ငံဘက်သို့ရွေ့လျားလာပြီး မိုးများနိုင်/ရေကြီးနိုင်မည့် အန္တရာယ်မရှိနိုင်ပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။
၆.၄.၂၀၂၄
ရိုက်ကူး /တည်းဖြတ် -ဟေမာ
မြန်မာနိုင်ငံရဲ့ နွေရာသီမှာ ဧပြီလက အပူဆုံးလလို့ သတ်မှတ်ကြပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ အယ်လ်နီညိုရဲ့ သက်ရောက်မှုက ဆက်လက်ရှိနေတာကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကို ဆက်လက်ရင်ဆိုင်နေရဆဲပါ။
အပူဒဏ်ကိုရင်ဆိုင်ရင်း နေ့စဉ်ဝင်ငွေရှာဖွေကြရတဲ့ ကာယလုပ်သားတွေအနေနဲ့ကတော့ အပူကိုရှောင်ရင်း အလုပ် လုပ်ရတဲ့အတွက် နေ့စဉ်ပုံမှန်ဝင်ငွေတွေလည်း ထိခိုက်ရသလို၊ အပူကြောင့် အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ထိခိုက်ပျက်စီးကြရတာတွေလည်း ကြုံတွေ့နေကြရတာပါ။
ဒီနှစ်နွေရာသီမှာ အပူလှိုင်းဖြတ်မယ့်အန္တရာယ်လည်းကြုံတွေ့နေရပြီး အရှေ့တောင်အာရှ နိုင်ငံတချို့ ခံစားရနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတချို့မှာ ကြေညာထားပြီး ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ဓာတ်ဆားထုတ်တွေ ဆောင်ထားတာ၊ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်ပြသဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။
ထူးခြားမိုးလေဝသဖြစ်စဉ် ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို Facebook မှာ post တင်ပေးပြီး MMWeather Website ရဲ့ Special Weather Situation စာမျက်နှာမှာလဲ တင်ပေးထားခဲ့ပါတယ်။ https://www.mmweather.org/special-weather-situation#h.qimnwc67skfe
https://www.mmweather.org/special-weather-situation#h.bo4c647k8rvz
🌂 မတ်လ ၂၂ ရက်နေ့ကျော်လွန်သွားရင် ထူးခြားမိုးလေဝသဖြစ်စဉ်တခန်းရပ်သွားပြီး မတ်လကုန်အထိ ထပ်မံဖြစ်နိုင်ဘွယ်မရှိတော့ကြောင်း မိုးလေဝသကြိုတင်ခန့်မှန်းရေး မော်ဒယ်များရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။
🌂 အသေးစိတ်ဆိုရင်တော့ မတ်လ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသအချို့ကလွဲရင် ကျန်ဒေသတွေမှာ မိုးရွာနိုင်ဘွယ်မရှိတော့တာတွေ့ရပါတယ်။
☔ မတ်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ၂၄ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ်ဒေသအချို့သာ မိုးရွာနိုင်မဲ့ အရိပ်အယောင်ရှိတော့တာတွေ့ရပြီး ကျန်ပြည်နယ်နဲ့တိုင်းဒေသအားလုံးမှာ မိုးရွာသွန်းနိုင်ချေလုံးဝမရှိတော့ကြောင်းတွေ့ရပါတယ်။
🥵 အဲ့ဒီ မတ်လ ၂၅ ရက်နေ့ပြီးရင်တော့ တပြည်လုံးမှာ နေ့အပူချိန်တွေပြန်မြင့်တက်လာပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အပူချိန် ၄၀°C နှင့် အထက်မြင့်တက်လာဘွယ်ရှိနေပါတယ်။ လေထုထဲပါဝင်တဲ့ အမှုန်အမွှား(PM2.5)ပါဝင်မှုကလဲ တနိုင်ငံလုံးပျမ်းမျှခြင်းအားဖြင့် ၁ ကုဗမီတာမှာ ၃၀ မိုက်ခရိုဂရမ်(30 μg/m³)မှ ၈၀ မိုက်ခရိုဂရမ်(80 μg/m³)အထိပြန်မြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။
🥵 မေလကုန်၊ ဇွန်လဆန်းပိုင်းအထိ နေ့အပူချိန်တွေက နှစ်စဉ်ဖြစ်မြဲထက် ၁.၅°C မှ ၂°Cအထိပိုနေဦးမှာကြောင့် အနည်းဆုံး နောက်လာမဲ့ ၂ လ(ဧပြီ+မေ)ကိုတော့ အပူဒဏ်ခံနိုင်အောင် လိုတာတွေ ပြင်ဆင်ထားကြရပါမယ်။
⛈️🌧️မုတ်သုံရာသီရဲ့ မိုးက တနိုင်ငံလုံး ပျံ့ပျံ့နှံ့နှံ့ရွာနိုင်မဲ့အခြေအနေက ဩဂုတ်လထဲမှသာဖြစ်နိုင်မယ်၊ မိုးလယ်ကာလရောက်မှသာ မိုးကောင်းနိုင်မဲ့အခြေအနေရှိကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။
မတ်လ ၂၁ ရက်၊ မတ်လ ၂၂ ရက်နှင့် မတ်လ ၂၃ ရက် မိုးရွာနိုင်မည့်အခြေအနေများ(အပေါ်)
မတ်လ ၂၄ ရက်နှင့် မတ်လ ၂၅ ရက် မိုးရွာနိုင်မည့်အခြေအနေများ(အောက်)
မတ်လ -၂၄ ရက်
မတ်လ - ၂၅ ရက်
ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ဖြစ်နိုင်သည့် မိုးရွာသွန်ုးနိုင်မည့်အခြေအနေများ
🔸 မတ်လ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင်းက အပူချိန်များကျဆင်းနိုင်ခြင်းမရှိသေးပဲ မြင့်တက်နိုင်ချေ ၃၈% ရှိကြောင်း၊ မတ်လ ၂၁ ရက်နေ့မှာတော့ အပူချိန်ကျဆင်းနိုင်ချေ -၉၅%(အနှုတ် ၉၅ ရာခိုင်နှုန်း)ဖြစ်သွားတာကြောင့် အပူချိန်သိသိသာသာကျဆင်းမယ်လို့ တွေ့ရပါတယ်။
🔸 Extreme Forecast ရဲ့ လေတိုက်နှုန်းအခြေအနေက မတ်လ ၂၀ ရက်နေ့မှာ တောင်ဘက်မှ လေတိုက်နှုန်းမြင့်တက်နေပြီး၊ ၂၁ ရက်နေ့မှာတော့ လေတိုက်နှုန်းများနိုင်ချေ လျော့ကျသွားတာတွေ့ရပါတယ်။
💦 Extreme Forecast ရဲ့ မိုးရွာနိုင်ချေက မတ်လ ၂၀ ရက်မှာ တနင်္သာရီတိုင်းမှအပ ကျန်တပြည်လုံးမိုးရွာနိုင်ချေနည်းနေပြီး၊ မတ်လ ၂၁ ရက်နေ့မှာတော့ တနင်္သာရီတိုင်းမှာ မိုးလျော့နည်းပြီး ကျန်တပြည်လုံးမှာ မိုးရွာနိုင်ချေပိုမိုလာကြောင်းတွေ့ရပါတယ်။ မတ်လ ၂၂ ရက်မှာ မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ဒေသအချို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့ကလွဲရင် ကျန်တပြည်လုံးမှာ မိုးရွာနိုင်ချေလျော့နည်းသွားနိုင်ကြောင်း တွေ့ရပါတယ်။
🔹 မတ်လ ၂၄ ရက်မှာတော့ ထူးခြားမိုးလေဝသအခြေအနေအားလုံး ပြီးဆုံးပြီး ပုံမှန် နွေရာသီကာလကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းမှ စ၍ နေ့အပူချိန်များတဖြည်ဖြည်းပြန်လည်မြင့်တက်လာနိုင်ကြောင်း WINDY EXTREME FORECAST ကြိုတင်ခန့်မှန်းချက်များကို ကိုးကားတင်ပြလိုက်ပါတယ်။
မတ်လ ၂၀ ရက် နံနက် ၁၀ နာရီမှ မတ်လ ၂၃ ရက် ည ၂၄၀၀ နာရီအထိ မိုးရွာနိုင်မည့် အခြေအနေ WINDY video ဖြစ်ပါတယ်။
လွန်ကဲ(ထူးခြားမိုးလေဝသဖြစ်နိုင်ချေ - EXTREME WEATHER)ခန့်မှန်းခြင်း
EXTREME WEATHER ခေါ် ထူးခြားလွန်ကဲသောမိုးလေဝသအခြေအနေ ဖြစ်နိုင်ချေကို မတ်လ ၁၉ ရက်မှ ၂၂ ရက်အထိ ခန့်မှန်းထားပါတယ်။
အပူချိန် - လွန်ကဲထူးခြားသောအပူချိန်ကို ပူပြင်းမှုလွန်ကဲခြင်း(အဝါရောင်နှင့် အနီရောင်) နှင့် ပူပြင်းမှုလျော့နည်းခြင်း (အပြာရောင်များ)ဖြင့် ပြပါသည်။
မတ်လ ၁၉ ရက်နေ့ လွန်ကဲသောပူပြင်းမှုများရှိနေတဲ့ဒေသတွေ(ပုံ)က မတ်လ ၂၀ ရက်၊ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ လျော့ကျပြီး အေးမြတဲ့ အခြေအနေ(အပြာရောင်)ဖြစ်သွားတာတွေ့ရပါမယ်။
မတ်လ ၁၉ ရက်
မတ်လ ၂၀ ရက်
မတ်လ ၂၁ ရက်
မတ်လ ၂၂ ရက်
လေတိုက်ခြင်း - လွန်ကဲထူးခြားသောလေတိုက်ခြင်းကို လေတိုက်နှုန်းများခြင်း(အဝါရောင်နှင့် အနီရောင်) နှင့် လေတိုက်နှုန်းလျော့နည်းခြင်း(အစိမ်းနုရောင်)ဖြင့် ပြပါသည်။
မတ်လ ၁၉ ရက်နေ့ လွန်ကဲတိုက်ခတ်မှုမရှိပဲ တည်ငြိမ်နေတဲ့ဒေသတွေ(ပုံ)က မတ်လ ၂၀ ရက် မှာ လေတိုက်နှုန်းများလာတဲ့ အဝါရောင်(မြန်မာနိုင်ငံတောင်ဘက်စွန်းမှ မြောက်ဖျားစွန်းအထိ)ပြလာတာတွေ့ရပါမယ်၊ မတ်လ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း(ရခိုင်နဲ့ဧရာဝတီကမ်းရိုးတန်း)ဒေသတွေလောက်မှာသာ လေပြင်းတိုက်ခတ်နိုင်ချေရှိတာ တွေ့ရပါမယ်။
မတ်လ ၁၉ ရက်
မတ်လ ၂၀ ရက်
မတ်လ ၂၁ ရက်
မတ်လ ၂၂ ရက်
မိုးရွာခြင်း - လွန်ကဲထူးခြားသော မိုးရွာနိုင်ချေရှိခြင်းကို မိုးများနိုင်ခြင်း(အပြာနုရောင်-အပြာရင့်ရောင်) နှင့် မိုးအလွန်အမင်းနည်းခြင်း(အဝါရောင်-အနီရောင်)များဖြင့် ပြပါသည်။
မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီတိုင်းကိုထိုင်းနိုင်ငံဘက်ကဝင်ရောက်လာနိုင်မဲ့ မိုးရွာနိုင်ချေ(အပြာရောင်များကိုတွေ့ရပါမယ်။ မတ်လ ၂၀ ရက်မှာ တနင်္သာရီတိုင်း တခုလုံးနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေအထိ မိုးရွာနိုင်တဲ့ အခြေအနေတွေတွေ့ရပြီး၊ မတ်လ ၂၁ ရက်မှာ နိုင်ငံမြောက်ဖျားကချင်ပြည်နယ်ကလွဲရင် တနိုင်ငံလုံးမှာ မိုးရွာနိုင်မဲ့ အခြေအနေတွေ(အပြာရောင်)ပြနေတာတွေ့ရပါမယ်။ မတ်လ ၂၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေကလွဲရင် တပြည်လုံးမှာ မိုးရွာနိုင်ချေမရှိတော့တာ တွေ့ရပါမယ်။
မတ်လ ၁၉ ရက်
မတ်လ ၂၀ ရက်
မတ်လ ၂၁ ရက်
မတ်လ ၂၂ ရက်
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများဘက်မှ မိုးတိမ်များရွေ့လျားဝင်ရောက်လာနိုင်သည့်အခြေအနေ
NOTE: အချိန်အခါမဟုတ်ပဲ ဖြစ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပြီး အနောက်ဘက်ကရော အရှေ့ဘက်ကရောဝင်လာတဲ့ မိုးတိမ်တောင်တွေ ရွေ့လျားရာလမ်းကြောင်းတလျောက်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။မတ် ၂၁ ရက် ၂၂ ရက်နေ့တွေ မိုးခြိမ်းသံတွေကြားရင်တော့ သတိထားကြရမှာပါ။
မတ်လ ၁၉ ရက် နံနက် ၂ နာရီ ၃၀ ECMWF Model UPDATE
reference: https://i.windy.com/a/4y5s9/5npnkp.mp4
=====
မတ်လ ၁၉ ရက် နံနက် ၃ နာရီမှ မတ်လ ၂၄ ရက်နေ့ ည သန်းခေါင်အချိန်အထိ ECMWF Model ရဲ့ တိမ်ထုစုဖွဲ့ဖြစ်ပေါ်ရွေ့လျားမှု၊ မိုးရွာနိုင်မဲ့ အခြေအနေများနဲ့ လေဖိအားနည်း/များပြ မျဉ်းများဖြစ်ပေါ်မှုစသည်တို့ပါဝင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ -
မတ်လ ၂၀ ရက် မွန်းလွဲပိုင်းက စ ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အရှေ့ဘက်ကဝင်ရောက်လာတဲ့ မိုးတိမ်တွေကြောင့် မိုးရွာသွန်းခြင်း၊ အရှေ့-အရှေ့တောင်ဘက်မှ လေပြင်း တနာရီမိုင်၂၀ ခန့်အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။
၂၁ ရက်နေ့ မွန်းလွဲ-ညနေပိုင်းက စ ပြီး ၂၃ ရက်နေ့ ညပိုင်းအထိ ၄၈ နာရီခန့်အချိန်အတွင်းမှာ အနောက်ဘက်-အိန္ဒိယဘက်နဲ့ ကပ္ပလီပင်လယ်ပြင်မှဝင်လာတဲ့ မိုးတိမ်တွေရဲ့ ထုထည်၊ စုဖွဲ့မှုအခြေအနေများပေါ်မူတည်ပြီး တနိုင်ငံလုံးမှာကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမကွေ့မှတဆင့် ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး လေပြင်းတနာရီ ၁၅ မိုင်မှ အများဆုံး wind gust ၃၂ မိုင်အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။
အနောက်ဘက်ကဝင်လာတဲ့ မိုးတိမ်စုဖွဲ့ဝင်ရောက်မှုမှာ အမြင့်ပေ ၂၀၀၀ မှ အမြင့်ပေ ၁၅,၀၀၀ အတွင်းဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်ကြီးများလည်းပါဝင်လာနိုင်ကြောင်းတွေ့ရတဲ့အတွက် အဲ့ဒီမိုးတိမ်တောင်များရွေ့လျားရာလမ်းတလျောက် ခြောက်သွေ့စိုက်ဆင်းလေပြင်း(Dry Downburst)တိုက်ခတ်နိုင်တဲ့ အခြေအနေများရှိနေတာကို သတိပြုကြရပါမယ်။
MMWeather Knowledge Website မှာ -
စိုက်ဆင်းလေပြင်းအကြောင်း၊ ပြည်နယ်နှင့်တိုင်းမြို့ကြီးများရဲ့ ၄ ရက်အတွင်းဖြစ်နိုင်တဲ့မိုးလေဝသအခြေအနေ၊ ပြည်နယ်တိုင်းမြို့ကြီးများမဟုတ်သောမြို့များ(Non-Divisional Cities)ရဲ့ ၄ ရက်အတွက် မိုးလေဝသခန့်မှန်းချေများတင်ပြပေးထားတာကြောင့် မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။
စိုက်ဆင်းလေပြင်းအကြောင်း
https://www.mmweather.org/downburst
ပြည်နယ်နှင့်တိုင်းမြို့ကြီးများ မိုးလေဝသအခြေအနေ
https://www.mmweather.org/divisional-cities-weather
ပြည်နယ်နှင့်တိုင်းမြို့ကြီးများမဟုတ်သည့်မြို့များ၏ မိုးလေဝသအခြေအနေ