FIRE DANGER
မီးလောင်နိုင်မှုအန္တရာယ်
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
မီးလောင်နိုင်မှုအန္တရာယ်
Windy app မှ မီးလောင်နိုင်မှုအန္တရာယ်(Fire Danger)အတွက် အရောင်များခွဲခြားကာထည့်သွင်းဖေါ်ပြထားသည့် ပုံကိုကြည့်၍ မီးလောင်မှုဖြစ်နိုင်ချေများလာသောဒေသများနှင့် မီးလောင်မှုဖြစ်ပေါ်လျှင် လွယ်ကူစွာပျံ့နှံ့ကူးစက်နိုင်သောဒေသများကို နောက်လာမည့် ၁၀ ရက်အထိ ခွဲခြားသိမြင်စေပါသည်။ မီးလောင်မှုအန္တရာယ်ဖေါ်ပြရာတွင် - Fire Spread(မီးကူးစက်လောင်ကျွန်းနိုင်ချေ)နှင့် Fuel Moisture(မီးလောင်မှုအားအထောက်အကူပြုသည့် ရာသီဥတုစိုထိုင်းမှုအခြေအနေ)ဟူ၍ ၂ မျိုးခွဲခြားကြည့်နိုင်ပြီး "မီးလောင်နိုင်မှုအန္တရာယ်ကို ချင့်ချိန်တွက်ဆနိုင်ရန်" နှင့် "လူသားတို့၏ပေါ့ဆမှုကြောင့်မီးလောင်ကျွမ်းမှုမဖြစ်စေရန်" သတိထားစောင့်ထိန်းသင့်သည်များကို တွက်ချက်မှန်းဆနိုင်ရန်ဖြစ်ပါသည်။
နွေရာသီအပူရှိန်မြင့်တက်လာချိန်တွင် တောမီး၊ စိုက်ခင်းယာခင်းများတွင်လောင်နိုင်သည့်မီး၊ လူနေအိမ်များတွင်လောင်နိုင်သည့်မီး စသည်ဖြင့် မီးလောင်နိုင်ချေပိုမိုများပြားလာကြောင်းတွေ့ရပါမည်။
မီးလောင်ခြင်းကိုပိုမိုလွယ်ကူစေသောအခြေအနေသည် ရာသီဥတုနှင့်လောင်စာတည်ရှိဖြစ်ပေါ်မှုအခြေအနေတို့အပေါ် ခွဲခြားတိုင်းတာသော Fire Weather Index(FWI)အညွှန်းကိန်းအပေါ်မူတည်၍ Application က ဖေါ်ပြခြင်းဖြစ်သည်။ မီးကူးစက်ပျံ့နှံ့လောင်ကျွမ်းနိုင်သည့်အခြေအနေကို အဆင့်အတန်းခွဲခြားရာတွင် -
အစိမ်းရောင်အဆင့် - အလွန်နိမ့်(Very Low),
အဝါရောင်အဆင့် - အနိမ့်(Low),
လိမ္မော်ရောင်အဆင့် - အလယ်အလတ်(Moderate),
အနီရောင်အဆင့် - မြင့်(High),
အနီရင့်ရောင်အဆင့် - အလွန်မြင့်(Very High)နှင့်
ခရမ်းရင့်ရောင်အဆင့် လွန်ကဲအဆင့်(Extreme) ဟူ၍ခွဲခြားပြီး အရောင်များဖြင့် ညွှန်ပြထားသည်။
FWI Index ကိုကြည့်ပြီးနောက် Fuel Moisture(မီးလောင်မှုအားအထောက်အကူပြုသည့် ရာသီဥတုစိုထိုင်းမှုအခြေအနေ)ကိုလည်း လေ့လာကြည့်ရှုပြီး မီးလောင်နိုင်မှုအန္တရာယ်ကို ခွဲခြားရာသည်။ ဥပမာအားဖြင့် FWI Index မြင့်မားနေသော်လည်း Fuel Moisture Value မြင့်မားနေလျှင်(လေထုအတွင်းစိုထိုင်းဆများနေပြီး ခြောက်သွေ့မှုမရှိလျှင်) မီးလောင်နိုင်သည့်အန္တရာယ်လည်းလျော့ကျကြောင်း နှိုင်းယှဉ်ချင့်ချိန်နိုင်သည်။
Fuel Moisture ကို သတ်မှတ်ဖေါ်ပြရာတွင် အပူချိန်၊ လေထုစိုထိုင်းဆ၊ တိမ်ဖုံးအုပ်မှု၊ နှင်းကျ/နှင်းဖုံးအုပ်မှုနှင့် မိုးရွာသွန်းနိုင်မှုတို့အပေါ်အခြေခံတွက်ချက်သော NFDRS Basic Equations များအပေါ် အခြေခံသည်။ ဤကိန်းဂဏန်းများကို ၁% မှ ၃၅% အထိ မြေပုံပေါ်တွင်ဖေါ်ပြပြီး Fuel Moisture ကိန်း(သို့မဟုတ်)လောင်စာအစိုဓါတ် ၁၅% အောက်သို့ကျနေလျှင် မီးလောင်နိုင်မှုအန္တရာယ်သတိထားရမည်ဖြစ်သည်။ လောင်စာအစိုဓါတ် ၆% အောက်သို့ကျနေလျှင်ကား မီးလောင်နိုင်မှုအန္တရာယ်မြင့်မားနေကြောင်း မီးလောင်နိုင်ချေသည်လည်း အလွန်းအမင်းစိုးရိမ်ရသည့်အခြေအနေဖြစ်နေကြောင်း မှတ်သား၍ မီးပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်မဖြစ်စေရန် သတိပြု၍ ရှောင်ကျဉ်နိုင်ပါမည်။