IMPORTANCE OF PLANTS, FORESTS and MANGROVES
သစ်ပင်-သစ်တောများ၏ အရေးကြီးသောအခန်းကဏ္ဍအကြောင်း
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
သစ်ပင်-သစ်တောများ၏ အရေးကြီးသောအခန်းကဏ္ဍအကြောင်း
မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုဖေါက်ပြန်ခြင်းနဲ့ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်ခြင်း ဆိုတာတွေက သစ်ပင်သစ်တောတွေအပေါ်မှာ များစွာ တည်မှီနေပါတယ်။ ကျနော်တို့ကတော့ ကိုယ့်နိုင်ငံအကြောင်းပဲ ကိုယ်ပြောကြတာပေါ့။
🔸 ၂၀၀၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တနိုင်ငံလုံးမှာ သစ်ပင်-သစ်တောဖုံးလွှမ်းမှုဧရိယာပျောက်ဆုံးမှု တနည်းပြောရရင် သစ်ခုတ်မှုကြောင့်သစ်တောဧရိယာဆုံးရှုံးမှုပမာဏ(Deforestation)က ၇၂% တောင်ရှိခဲ့ပါတယ်။
📍 ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၂၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆုံးရှုံးပျောက်ကွယ်မှု ၅၆% ရှိခဲ့ပါတယ်၊ သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆုံးရှုံးမှုနဲ့ အပူပိုင်းသစ်တောများရဲ့သစ်တောဧရိယာဆုံးရှုံးမှုဆိုတာက မတူပါ။
📍 သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆိုတာက လယ်ယာသီးနှံပင်တွေ၊ ခြံကျယ်တွေနဲ့စိုက်တဲ့ စိုက်ခင်းတွေ၊ ၅ မီတာအမြင့်ရှိတဲ့ သဘာဝသစ်တောတွေ စသည်ဖြင့် အမျိုးအစားခွဲခြားထားခြင်းမရှိတဲ့ သစ်ပင်မျိုးစုံပါဝင်တာဖြစ်ပါတယ်။
📍 သစ်တောဖုံးလွှမ်းမှုဧရိယာဆိုတာကတော့ အပူပိုင်းအမြဲစိမ်းသစ်တောတွေနဲ့ သစ်ထုတ်လုပ်ဘို့အတွက်စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်သစ်တောတွေဖြစ်ပါတယ်။
အခုပြောမှာက လယ်ယာသီးနှံပင်တွေ၊ ခြံကျယ်တွေနဲ့စိုက်တဲ့ စိုက်ခင်းတွေ၊ ၅ မီတာအမြင့်ရှိတဲ့ သဘာဝသစ်တောတွေ စသည်ဖြင့် အမျိုးအစားခွဲခြားထားခြင်းမရှိတဲ့ သစ်ပင်မျိုးစုံပါဝင်တဲ့ သစ်ပင်ဖုံးလွှမ်းမှုဧရိယာ(Tree Cover area)တွေရဲ့ အခြေအနေကိုပြောမှာဖြစ်ပါတယ်။
🔸 ရှမ်းပြည်နယ်သည် သစ်ပင်ဖုံးလွှမ်းမှုဧရိယာပျောက်ကွယ်မှုအများဆုံးဖြစ်ပြီး စုစုပေါင်း ဟက်တာ ၁.၆၇ သန်း ရှိခဲ့ကြောင်း သိရပါတယ်။
သစ်ပင်ဖုံးလွှမ်းသည့်ဧရိယာ ပျောက်ကွယ်မှုအများဆုံး ပြည်နယ်တိုင်းများကို အောက်ပါအတိုင်းတွေ့ရပါမယ် -
1 Shan 1.67 Mha (ရှမ်းပြည်နယ် ဧရိယာ ဟက်တာ သန်းပေါင်း ၁.၆၇)
2 Tanintharyi 540 kha (တနင်္သာရီတိုင်း ဧရိယာ ဟက်တာ ၅ သိန်း ၄ သောင်း)
3 Kachin 522 kha (ကချင်ပြည်နယ် ဧရိယာ ဟက်တာ ၅ သိန်း ၂ သောင်း ၂ ထောင်)
4 Sagaing 471 kha (စစ်ကိုင်းတိုင်း ဧရိယာ ဟက်တာ ၄ သိန်း ရသောင်း ၁ ထောင်)
5 Kayin 446 kha (ကရင်ပြည်နယ် ဧရိယာ ဟက်တာ ၄ သိန်း ၄ သောင်း ၆ ထောင်)
🔥 နှစ်စဉ်ဖေဖေါ်ဝါရီလကုန်ပိုင်းက စ ပြီး သစ်တောတွေမီးလောင်ကျွမ်းခြင်းက ပုံမှန်ဖြစ်နေတာလဲ ရှိနေဆဲပါဘဲ။ တောင်ယာမီးရှို့တာတွေ အပါအဝင်ပေါ့။ ဒါကို နာဆာရဲ့ ကမ္ဘာလုံးဆိုင်ရာ VIIRS(Visible Infrared Imaging Radiometer Suite)ဂြိုဟ်တုပုံရိပ်တွေက မြင်ရပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ခုချိန်အထိ VIIRS ရဲ့ မီးသတင်းပေးပို့မှုအကြိမ်ရေက ၁၄,၀၁၉ ကြိမ်ရှိပြီဖြစ်ကြောင်း စိတ်ချယုံကြည်ရမှုအမြင့်ဆုံး High Confidence Alerts တွေကိုသာထည့်သွင်းမှတ်တမ်းတင်ထားတာဖြစ်ကြောင်း သိရပါတယ်။
🌳 သစ်ပင်ဧရိယာတွေ၊ သစ်တောဧရိယာတွေဆုံးရှုံးပြုန်းတီးခြင်းက ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုဖေါက်ပြန်ခြင်းနဲ့ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်ခြင်း ဆိုတာတွေအပေါ် များစွာသက်ရောက်မှုဖြစ်စေတယ်ဆိုတာ နားလည်ကြစေရန်အတွက် ရှင်းပြပေးတာဖြစ်ပါတယ်။
🌱 ဒါကြောင့် .. အပူဒဏ်ခံနေကြရတဲ့အပေါ် အပစ်မတင်ပဲ၊ အနည်းဆုံး သစ်ပင် ၁ ပင်တော့ စိုက်ဖြစ်အောင် ရအောင်စိုက်လိုက်ပါလို့ တိုက်တွန်းချင်တာပါဘဲ။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း သစ်တောဧရိယာ ဆုံးရှုံးမှု ၀.၃၄% သို့မဟုတ် ဆုံးရှုံးသည့်သဘာဝသစ်တောဧရိယာ ၄၈၃၀၀ ဟက်တာ(၁၁၉၃၅၂ ဧက) ရှိခဲ့ကြောင်း GFW(Global Forest Watch data များအရ သိရှိရသည်။ ၂၀၂၃ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းများအလိုက် သစ်တောဧရိယာ ဆုံးရှုံးမှုအခြေအနေကို အောက်ပါပုံများတွင် တွေ့ရပါမည်။
ဒီရေတောများသည် သဘာဝတရားကပေးသော အလွန်လှပသည့်လက်ဆောင်တခုဖြစ်သောကြောင့်လည်းကောင်း၊ ဒေသခံများနှင့် ဒီရေတောတွင်ကျက်စားကြသည့် တောရိုင်းတိရိစ္ဆာန်များအတွက် လုံခြုံမှုကိုပေးနိုင်သောကြောင့်လည်းကောင်း ..
ဒီရေတောများ၏အရေးကြီးမှုကို သိရှိနားလည်ပြီး ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြရန်သည် မျိုးဆက်သစ်လူငယ်များဦးစားပေးဆောင်ရွက်ရမည့် တာဝန်တခုဖြစ်လာသည်။ ထို့ကြောင့် ဒီရေတောများထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းလမ်းများကို လေ့လာဆည်းပူးသင်ယူကြရန်အတွက် စတင်ရန်လိုအပ်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
"ဒီရေတောများ(Mangrove Forests)၏ ကောင်းကျိုးများနှင့်
ဒီရေတောများပျက်စီးဆုံးရှုံးခြင်းကြောင့် ဖြစ်လာနိုင်သည့်နောက်ဆက်တွဲဆိုးကျိုးအန္တရာယ်များ"
ဒီရေတောများသည် အပူပိုင်းသစ်တောသွင်ပြင်လက္ခဏာရှိပြီး အနုစိတ်သောအမြစ်များပါရှိသည့် ရေပြင်အနီးမှ သစ်ပင်များ၊ ခြုံပုတ်များပင်ဖြစ်သည်။ ဒီရေတောအတွင်းပါဝင်ပေါက်ရောက်သည့်သစ်ပင်များသည် ကမ္ဘာပေါ်တွင် အမျိုးအစား အစုံလင်ဆုံးဖြစ်ပြီး ဒီရေတောများကိုယ်၌က သယံဇာတအပေါများဆုံး ဂေဟစနစ်တခုဖြစ်နေသည်။ သစ်တောပြုန်းတီးမှုမြင့်တက်လာခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့သည် ဒီရေတောရှိရာဒေသများကိုလည်းခြိမ်းခြောက်လာကာ ဒီရေတောအတွင်းမှ ဇီဝမျိုးကွဲများနှင့် ဒေသခံပြည်သူများကိုပါ အန္တရာယ်ရှိလာစေသည်။
ဒီရေတောများ၏ တန်ဖိုးရှိသောကောင်းကျိုးများကို အောက်ပါအတိုင်းနားလည်သိရှိထားရန်လိုအပ်ပေသည် -
၁။ ဖန်လုံအိမ်အာနိသင်တိုးပွားစေမည့် ကာဗွန်ကို စုတ်ယူထိန်းသိမ်းထားနိုင်ခြင်း
ဒီရေတောများသည် ပင်လယ်ဒီလှိုင်းများနှင့်အတူပါလာသော သဘာဝမြေဆီလွှာအဟာရများစွာကို စုဆောင်းထိမ်းသိမ်းထားနိုင်သောကြောင့် မြေဆီလွှာအဟာရကြွယ်ဝစေပြီး အပူပိုင်းအမြဲစိမ်းသစ်တောများထက် ၄ ဆ ပိုမို၍ "အပြာရောင်ကာဗွန်"ဟု လူသိများသော ကာဗွန်ဓါတ်ကိုသိုမှီးထိန်းသိမ်းထားနိုင်သည်။ ဒီရေတောများကို စည်းမဲ့ကမ်းမဲ့ခုတ်ထွင်ရှင်းလင်းအသုံးပြုခြင်းသည် ကမ္ဘာ့လေထုအလွှာအတွင်းသို့ ကာဗွန်ထုတ်လွှတ်မှုပမာဏကို များပြားစေသည်။ ဖနလုံအိမ်အာနိသင်ကို တိုးမြင့်စေပြီး ကမ္ဘာကြီးပူနွေးလာမှုအပေါ် အားပေးနေလိမ့်မည်။
What is blue carbon? - Blue carbon is the term used to describe carbon sequestered, or captured, by ocean and coastal ecosystems. Research shows that blue carbon ecosystems sequester up to four times more carbon per hectare than land-based forests. Blue carbon This occurs via carbon sinks, components of coastal habitats that “extract carbon dioxide from the atmosphere and absorb more carbon than they release,” according to Earth.org. Interestingly, most of what’s sequestered through blue carbon is stored in sediments beneath the surface of the water. In many cases, carbon trapped in the soil of coastal habitats has been there for thousands of years.
၂။ ဇီဝမျိုးကွဲပေါင်းစုံစုစည်းနေထိုင်ရာဖြစ်ခြင်း
ဒီရေတောများတွင် အဏ္ဏဝါသက်ရှိသတ္တဝါများနှင့် ငှက်များ အစရှိသည့် ဇီဝမျိုးစိတ်ပေါင်းများစွာစုပေါင်းနေထိုင်နိုင်ကြသည်။ အမျိုးမျိုးသော ဇီဝသက်ရှိများ အသိုက်ပြုလုပ်ရန်၊ မျိုးဆက်ပြန့်ပွား(ပေါက်ဖွား)ရန်အတွက် သဘဝကပေးသော နေရာကြီးတခုလည်းဖြစ်သည်။ ဒီရေတောများ ခုတ်ထွင်ရှင်းလင်းအသုံးပြုမှုများလာသည့်အတွက် ဇီဝမျိုးစိတ်များစွာ၏ နေရင်းဒေသများဆုံးရှုံးခြင်းဖြစ်စေပြီး မျိုးသုဉ်းပျက်စီးစေသည့်နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေသည်။
၃။ မူရင်းဒေသ၏ ရေအရည်အသွေးကို မြှင့်တင်နိုင်/ထိန်းသိမ်းနိုင်ခြင်း
ဒီရေတောများ၏ ယှက်နွယ်ရှုပ်ထွေးသောအမြစ်များနှင့် ယင်းတို့၏စိမ်းစိုသော အသီးအရွက်များက ရေထုအတွင်းမှ ညစ်ညမ်းသောအနည်အနှစ်များကိုစစ်ထုတ်ကာ ရေလမ်းကြောင်းညစ်ညမ်းမှုကိုလည်း တားဆီးလျော့ကျစေသည်။ ဒီရေတောများရှိရာဒေသတွင်းမှ မြစ်များ၊ ရေကန်များနှင့် နေထိုင်သူများအတွက် ရေကောင်းရေသန့်ရရှိနိုင်မှုကိုလည်းတိုးတက်စေသည်။ ဆန့်ကျင်ဘက်အားဖြင့် ဒီရေတောများဆုံးရှုံးခြင်းက ကမ်းရိုးတန်းဒေသများအနီးရှိ ရေအရည်အသွေးထိန်းသိမ်းနိုင်မှုကိုလျော့နည်းကျဆင်းစေနိုင်ကြောင်းသတိပြုရာသည်။
၄။ ဒီရေတောများသည် ကမ်းရိုးတန်းဒေသများလုံခြုံမှုကို ၂ ဆ တိုးကာကွယ်ပေးခြင်း
ဒီရေတောများက ပင်လယ်ပြင်နှင့်ကုန်းမြေတွင်နေထိုင်သော သက်ရှိလူသားများအကြားတွင် ကြားခံအကာအကွယ်တခုအဖြစ်ရှိနေသည်။ မုန်တိုင်းများဝင်ရောက်တိုက်ခတ်သဖြင့် မုန်တိုင်းဒီရေတိုးဝင်ရိုက်ခတ်ခြင်း၊ ပင်လယ်ဒီလှိုင်းများရိုက်ခတ်တိုက်စားခြင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည့်အတွက် ကမ်းရိုးတန်းဒေသအနီးရှိ လူမှုပတ်ဝန်းကျင်၌ရေကြီးရေလွှမ်းခြင်းအစရှိသည့် သဘာဝဘေးကြောင့် ဖြစ်လာနိုင်သော ပျက်စီးနစ်နာမှုများကာကွယ်ပေးနေသော အဖိုးတန်သစ်တောဖြစ်၏။
၅။ လူသားများအတွက်မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များကို ပံ့ပိုးပေးနိုင်ခြင်း
ဒီရေတောသစ်ပင်၊ သစ်ရွက်၊ သစ်မြစ်နှင့် အသီးများသည် တိရိစ္ဆာန်အစာအဖြစ်သုံးရန်၊ လက်ဖက်ရွက်များအားများပြုပြင်ရန်မှအစပြု၍ ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့်ပစ္စည်းများအထိ ကြွယ်ဝသော သဘာဝအရင်းအမြစ်များစွာပါဝင်နေသည်။ ကမ္ဘာပေါ်ရှိသန်းနှင့်ချီသော လူသားတို့သည် စားနပ်ရိက္ခာ၊ ဝင်ငွေနှင့် ကျန်းမာရေးအတွက် ဒီရေတောများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မှီခိုနေရသည်။ ဒီရေတောအတွင်းမှ ငါးမျိုးစိတ်ပေါင်းများစွာက ဒေသခံတံငါသည်များ၏ နေ့စဉ်လူနေမှုဘဝကို ပံ့ပိုးကူညီပေးလျှက်ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာအတွက် ငါးဖမ်းယူရရှိမှု၏ ၈၀% သည် ဒီရေတောများကို တိုက်ရိုက် သို့မဟုတ် သွယ်တိုက်၍ မှီခိုနေရသည်။
ဒီရေတောများသည် သဘာဝတရားက ပေးသော အလွန်လှပသည့်လက်ဆောင်တခုဖြစ်သောကြောင့်လည်းကောင်း၊ ဒေသခံများနှင့် ဒီရေတောတွင်ကျက်စားကြသည့် တောရိုင်းတိရိစ္ဆာန်များအတွက် လုံခြုံမှုကိုပေးနိုင်သောကြောင့်လည်းကောင်း ဒီရေတောများ၏အရေးကြီးမှုကို သိရှိနားလည်ပြီး ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြရန်သည် မျိုးဆက်သစ်လူငယ်များဦးစားပေးဆောင်ရွက်ရမည့် တာဝန်တခုဖြစ်လာသည်၊ ထို့ကြောင့် ဒီရေတောများထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းလမ်းများကို လေ့လာဆည်းပူးသင်ယူကြရန်အတွက် စတင်ရန်လိုအပ်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
The Importance of Mangrove Forests
1. Mangroves act as carbon sinks.
2. Mangrove forests are biodiversity hotspots.
3. Mangroves improve and maintain local water quality.
4. Mangrove forests double as coastal protection.
5. Mangroves provide essential resources for people.
ကိုးကား -
Earth Day
https://www.earthday.org/the-importance-of-mangrove-forests/
မြန်မာနိုင်ငံမှ ဒီရေတောများအကြောင်းလေ့လာဖတ်ရှုရန် အစိမ်းရောင်လမ်း(Greenway Article) https://www.facebook.com/greenwaymyanmar/posts/pfbid02DhVndi6TqmPsZgsxDHTUMGbSLV9BDKDwz2gC3DFBgeidHs14kbaE5LcXnDUY6Sril