GLOBAL WARMING
ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းများ
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
GLOBAL WARMING
ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းများ
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သော
ရာသီဥတုပြောင်းလဲခြင်းများနှင့် ပိုမိုဆိုးရွားလာသည့်မိုးလေဝသဖြစ်စဉ်များကို
အများပြည်သူသိရှိနားလည်နိုင်စေရန်အတွက် စီစဉ်ရေးသားပါသည်
၁၀-၃-၂၀၁၉ ၊ ည(၁၁း၀၈)နာရီ
--------------------------------------------------------------------------------
အပူကြောင့်ဖြစ်ပေါ်တတ်သောရောဂါဝေဒနာများ
မောင်ထွန်းလွင်(မိုးလေဝသ)
လူများစွာတို့အတွက်နွေရာသီကာလဆိုတာကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များတပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင်နေပူထဲအထွက်များတဲ့ကာလဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ကာလ၊ အအေးဓါတ်သင့်တင့်အောင်မရှိတဲ့ ပတ်ဝန်းကျင် မှာအနေများတဲ့ကာလဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြရပါတော့တယ်။
နေပူထဲတွင်အလုပ်လုပ်ကြရသူများ၊ သွားလာနေထိုင်ကြသူများအနေနဲ့ အပူဒဏ်ခံစားရမှု အနည်း အများဟာ သဘာဝရေးရာအခြေအနေ(၄)မျိုးအပေါ်မှာမူတည်နေပါတယ်။ အဲဒါတွေကတော့
(၁) အပူချိန်၊
(၂) ရေငွေ့၊
(၃) အပူရှိန် နဲ့
(၄) လေတိုက်နှုန်း တို့ဖြစ်ကြပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိ သူများ၊ water pills ဆောင်ထားရသူများအနေနဲ့ အပူဒဏ်ခံစားရမှုဟာ ပိုမိုဆိုးဝါးတတ်ပါတယ်။
အမှန်တော့ လူ့ရဲ့ခန္ဓာကိုယ်ဟာ ပြင်ပအပူဒဏ်ကိုခုခံကာကွယ်ဖို့ (၃)မျိုးသုံးစား ဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဒါတွေကတော့
အသက်ရှူခြင်း၊
ချွေးထွက်ခြင်း နဲ့
သွေးလည်ပတ်မှုကိုပြောင်းလဲပေးခြင်း တို့ဖြစ်ကြပါတယ်။
ဥပမာအားဖြင့် ပြင်ပအပူရှိန်မြင့် တက်လာပါက ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေ ဟာ မြန်ဆန်လာတတ်ကြပါတယ်။ ယင်းမှတစ်ဆင့် အရေပြားအပူချိန်တွေကိုတိုးမြှင့်လာစေပြီး ခန္ဓာကိုယ်တွင်းမှ ပိုလာတဲ့ အပူတွေကို ပြင်ပသို့စွန့်ထုတ်ပေးစေပါတယ်။ အလုပ်များပင်ပင်ပန်းပန်း လုပ်ကြရတဲ့အခါ ခန္ဓာကိုယ်ရှိကြွက်သားများဟာ သွေးစီးဆင်းမှုပိုမိုလိုအပ်လာပါတယ်။အဲဒီအချိန်မှာ ခန္ဓာမှ လွှတ်ပေးနေတဲ့ အရေပြားရဲ့သွေးစီးဆင်းမှုအတွက်လိုအပ်တဲ့သွေးပမာဏကိုလျော့ကျစေပြီး ခန္ဓာကိုယ်မှအပူများအပြင်ကိုစွန့်ထုတ်စေပါတယ်။
ချွေးထွက်ခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့အပူချိန်များကိုကျဆေင်းစေပြီးအအေးဓါတ်ကိုရစေပါတယ်။ ဒါဟာလည်း ပြင်ပလေထုစိုထိုင်းဆတွေဟာ လျော့နည်းနေပြီး ထွက်လာတဲ့ချွေးတွေကို အငွေ့ပျံ စေနှိုင်မှသာဖြစ်နိုင်ပြီး၊ အဲဒီချွေးတွေ အငွေ့ပျံသွားလို့ လျော့နည်းကျသွားတဲ့ ဆားဓါတ်နဲ့ ရေဓါတ်တွေကိုပြန်လည်အစားထိုးဖြည်ကဆည်းပေးနိုင်မှသာဖြစ်နိုင်ပါတယ်။
လူရဲ့ခန္ဓာကိုယ်အပူချိန်ဟာ မြင့်မားပါက အပူဒဏ်ဖိစီးခံရမှု(Heat stress)ကို ခံစားကြရပါတယ်။ အပူဒဏ်ဖိစီးခံရတဲ့သူတစ်ဦးဟာ အပူနဲ့ပတ်သက်တဲ့ဝေဒနာမျိုးစုံကိုကြုံတွေ့ရတတ်ပါတယ်။ heat exhaustion, heat stroke, heat cramps, fainting, heat rash စတာတွေဖြစ်ကြပါတယ်။ အမှန်မှာတော့ လူအများစုဟာ ဒီအပူနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ကွဲကွဲပြားပြားမသိကြပဲ ရောထွေးနေတတ်ကြပါတယ်။ အမှန်မှာတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။
အပူဆိုင်ရာပြဿနာတွေထဲမှာ အဆိုးဝါးဆုံးဝေဒနာတစ်ခုမဟုတ်သော်ငြားလည်း အဖြစ်အများဆုံး သော ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒီဝေဒနာကို အလုပ်သမားတစ်ဦးဟာ ချွေးထွက်လွန်လာချိန်တွင် ရေအလုံအလောက်မသောက်ရပါက၊ ဒါမှာမဟုတ် ထွက်သွားတဲ့ချွေးများအတွက် ဆားဓါတ်အလုံအလောက်ပြန်လည်မရရှိပါကဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် သက်ဆိုင်ရာ လူနာဟာ အားဖျော့လာခြင်း၊ အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လာခြင်း၊ ချွေးများဖြင့် စိုရွှဲလာခြင်း စတာတွေဖြစ်တတ်ပါတယ်။
ရောဂါသွင်ပြင်လက္ခဏာများ။
ချွေးထွက်လွန်ခြင်း၊
မောပန်းနွမ်းနယ်၍အားနည်းလာခြင်း၊
ကိုယ်အပူချိန်အနည်းငယ် မြင့်တက်လာခြင်း၊
အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လာပြီးသွေးဆုတ်လာခြင်း။
ရှေးဦးသူနာပြု ဆောင်ရွက်သင့်သောအရာများ။
(က)အေးသောနေရာတွင်တားနေပါ။
(ခ)အားကစားသမားများသုံးဆောင်သော အားဖြည့် အချိုရည် တစ်မျိုးမျိုး ကိုသောက်သုံးပါ။
(ဂ)အကယ်၍ အော့အန်ခြင်း၊ အစားအရည်သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူလျော်ဖြစ်လာပါက ဆရာဝန်ဆေးခန်းနဲ့ အမြန်ဆုံးပြသပြီးကုသမှုခံယူပါ။
(၂) Heat stroke
အပူကြောင့်ဖြစ်ပေါ်သောဝေဒနာများတွင် အဆိုးဝါးအပြင်းထန်ဆုံးဝေဒနာဖြစ်ပြီး၊ နေပူထဲတွင်အ ချိန်ကြာမြင့်စွာအလုပ်လုပ်နေသောအလုပ်သမားများတွင်အများဆုံးဖြစ်ပေါ်လေ့ရှိသော်လည်း အဖြစ်များလေ့မရှိပါ။ လူရဲ့ခန္ဓာကိုယ်က ပင်မအပူချိန်တွင်ထိန်းထားနိုင်ရန် သွေးလည်ပတ်မှုမပြုနိုင်တဲ့ အခါမှာ ဖြစ်လေ့ရှိတဲ့ဝေဒနာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ လူ့ခန္ဓာကိုယ်ဟာချွေးမထွက်နိုင်တော့တဲ့ တွက် ခန္ဓာကိုယ်မှာပိုလျှံနေတဲ့အပူတွေကိုမစွန့်ထုတ်နိုင်တဲ့အတွက်ရရှိလာတဲ့ဝေဒနာဖြစ်ပါတယ်။မှန်ကန်တဲ့ကုသမှုကိုအမြန်ဆုံးမရရှိနှိုင်ပါက အသက်သေဆုံးရလေ့ရှိပါတယ်။
ရောဂါလက္ခဏာများ
စိတ်ဂယောင်ခြောက်ချားဖြစ်ခြင်း၊
သွေးဆုတ်ခြင်း၊ delirium, seizures
ခန္ဓာကိုယ်အပူချိန်106ºFထက်ကျော်လွန်နေခြင်း၊
ကိုယ်ပူခြင်း၊
အသားအရခြောက်ခမ်းခြင်း၊
အသားများ နီရဲခြင်း၊
အသားများပြာနှမ်းလာခြင်း၊
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အရေးပေါ်သူနာပြုကားကိုခေါ်ဆိုပါ။
လူနာအားအေးသောနေရာတစ်ခုသို့ပြောင်းရွှေ့ထားပါ။
အအေးဆွတ်ထားသော ရေဝတ်တိုက်ပေးခြင်းအားဖြင့်လူနာအားစိုစွတ်နေပါစေ။
လူနာအား လေအေးစက်၊ ပန်ကာလေဖြင့် အပူချိန်ကျအောင်ဆောင်ရွက်ပေးပါ။
ကြွက်သားများမခံမရပ်နိုငအောင်နာကျင်မှုကိုခံစားရတဲ့ဝေဒနာဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ အလုပ်သမားများဟာ အလွန်မောပန်းလို့ချွေးထွက်လွန်လာသော အခါရေကို အများအပြားသောက်သော်လည်းထွက်သွားတဲ့ချွေးများရဲ့နေရာကို ဆားဓါတ်မဖြည့်ဆည်း ပေးတဲ့အတွက်ဖြစ်ရတဲ့ဝေဒနာဖြစ်ပါတယ်။ အလုပ်လုပ်ရာတွင်အသုံးများသော ခန္ဓာကိုယ်ရဲ့ ကြွက်သားများဟာ cramps အများဆုံး ခံစားကြရပါတယ်။
ရောဂါလက္ခဏာများ
ကြွက်သားများ cramps or spasms ဖြစ်ခြင်း
(အလုပ်လုပ်နေစဉ်အတွင်း (သို့မဟုတ်) အလုပ်လုပ်ပြီးမှဖြစ်ပေါ်တတ်လေ့ရှိပါတယ်)
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အားကစားသမားများအသုံးပြုသော အားဖြည့်အချိုရည်တစ်ခုခုကိုသောက်သုံးပါ၊
မသက်သာပါက ကျန်းမာရေးဦးစီးဌာန/ဆေးရုံ/သူနာပြုကားတို့ကိုအကြောင်းကြားပါ။
နေပူထဲတွင်အလုပ်လုပ်လေ့မရှိသူများ နေပူအတွင်းအလုပ်လုပ်မိသောအခါ(သိူ့မဟုတ်) နေပူထဲတွင် ကြီးကြပ်ရေးအလုပ်လုပ်မိသော အခါဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ အများအားဖြင့် နေပူအတွင်း အချိန်ကြာမြင့်စွာရပ်တန့်နေခြင်းထက် တစ်နေရာမှတစ်နေရာရွှေ့ပြောင်း လျှောက်သွားနေခြင်းက များသောအားဖြင့် သွေးဆုတ်ယုတ်မှုဖြစ်ပေါ်စေမှုကို လျော့ကျစေတတ်ပါတယ်။
ရောဂါလက္ခဏာများ။
ခေတ္တခဏမျှ သတိလစ်သွားတတ်ခြင်း၊ ခန္ဓာကိုယ်တွင်သာမာန်အပူချိန်မျှသာရှိနေသော်လည်းချွေးထွက်များနေတတ်ခြင်း။
Heat stroke, heat exhaustation ဝေဒနာလက္ခဏာများမတွေ့ရတတ်ခြင်း၊
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အေးသောနေရာတစ်ခုခုတွင် လဲလျောင်းနေပါ။
အချိန်အတန်ကြာသည်အထိလဲလျောင်းနေသော်လည်းသက်သာမှုမရှိပါက ဆေးကုသမှုခံယူပါ။
rash ကို Pricky heat ဟုလည်းခေါ်ဝေါ်ကြပါတယ်။
လေထုသည် ပူအိုက်စွတ်စိုနေသောအခါ အလုပ်လုပ်နေသူတစ်ဦးဟာ ချွေးများထွက်လာတဲ့အခါ အလွယ်တကူအငွေ့ မပျံနိုင်တဲ့အတွက် ကြောင့်ဖြစ်ပေါ်ရတဲ့ဝေဒနာဖြစ်ပါတယ်။အဆိုပါ rash ဧရိယာဟာ ကြီးမား ကျယ်ပြန့်လာပါက အလွန်အခံရခက်စေတဲ့ဝေဒနာကိုခံစားကြရပါတယ်။ အေးတဲ့နေရာတစ်ခုမှာနေပြီး အရေပြားကို ခြောက်သွေ့အောင်လုပ်ပေးခြင်းအားဖြင့် Heat rash ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ကြ ပါတယ်။
ရောဂါသွင်ပြင်လက္ခဏာများ။
အရေပြားအပေါ်တွင် အနီရောင်/ပန်းနု ရောင် အစက်အပြောက်များပေါ်လာခြင်း၊
အဆိုပါအစက်အပြောက်များမှ အခံရခက်လာခြင်း၊
အရေပြားများယားယံလာခြင်း၊
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အသားအရေကိုသန့်ရှင်းခြောက်သွေ့အောင်ထားပါ။
ပွသာအဝတ်အစားများဝတ်ဆင်ပါ။
ရေအေးဖြင့်ရေချိုးခြင်း၊ လေအေးပေးစက်ဖြင့်နေထိုင်ခြင်းတို့ဟာ ဝေဒနာသက်သာမှုကို များစွာအထောက်အကူပြုပါတယ်။
သင့်လျော်သောအသားအရေစိုပြေစေသောလိမ်းဆေးများကိုအသုံးပြုပါ။
အပူနဲ့ပတ်သက်လို့သတိပြုဖွယ်ရာများကိုဖေါ်ပြပေးခြင်းသာဖြစ်ပါတယ်။ အသက်ကိုဉာဏ်စောင့် ဆိုသောစကားကို သတိထားကြပြီး အပူဒဏ်ပြင်းနေသောကာလတွင်အပူကြောင့် ဖြစ်တတ်သော ရောဂါဝေဒနာများမှ ကင်းလွတ်နိုင်ကြပါစေလို့ မြန်မာနှစ်သစ်မင်္ဂလာ အကြိုဆုတောင်းအဖြစ် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
မှတ်ချက်. ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို သေချာစွာလေ့လာသင့်ပါတယ်။
မူရင်း post link: https://www.facebook.com/tunlwin48/posts/pfbid02uQWp1Pz7dWAiyiRXSoidqwfK9Q1iUWbBLGH1YN569E6jvpCYdjk73r5gqfws1jG2l
မိမိခန္တာကိုယ်အရေပြားပေါ်ကို တိုက်ရိုက်သက်ရောက်ပြီး ခံစားရတဲ့အပူချိန် (Temperature Felt or Feels Like Temperature) ဆိုတာသည်
- မတူညီသော ပတ်ဝန်းကျင်လေထုစိုထိုင်းဆ(Relative Humidity - RH)၊ အပူချိန်(သာမိုမီတာများမှ ရရှိသည့် အပူချိန်)၊ လေတိုက်နှုန်း စတဲ့ အချက်တွေအပေါ် အခြေခံပြီးဖြစ်ပေါ်စေပါတယ်။
အပူချိန်မြင့်လာတဲ့အခါ လေတိုက်နေပြီး စိုထိုင်းဆလည်း မြင့်တက်မနေရင် မိမိခန္တာကိုယ်အရေပြားပေါ်မှာ ခံစားရတဲ့အပူချိန်က လျော့နည်းနေပါမယ်။ လေမတိုက်၊ လေငြိမ်နေပြီး စိုထိုင်းဆတွေမြင့်တက်နေတဲ့အခါ "လေထုထဲမှာရှိနေသော ရေမော်လီကျူးလေးတွေကတဆင့် အပူစီးကူးခြင်း" ကြောင့် မိမိခန္တာကိုယ်အရေပြားပေါ်မှာ အပူဓါတ်ခံစားရမှုကို ပိုမိုတိုးလာစေပါတယ်။ လေငြိမ်နေပြီး အပူချိန်တက်နေတော့ အရပ်အခေါ် "အိုက်စပ်စပ်ကြီးဖြစ်နေတယ်" လို့ပြောကြပါတယ်။
အဲ့သလို အိုက်စပ်စပ်ကြီးဖြစ်လာတဲ့အခါ ခန္တာကိုယ်အပူချိန်မြင့်တက်လာပြီး ချွေးထွက်များလာတဲ့အခါ ရေဓါတ်ဆုံးရှုံးမှုကိုပါဖြစ်လာစေပြီးတော့ ..
အပူဒဏ်(Heat Stress) ၂ မျိုးကို ဖြစ်စေပါတယ် ..
Heat Exhaustion လို့ခေါ်တဲ့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုနဲ့
Heat-Stroke လို့ခေါ်တဲ့ အပူလျှပ်ခြင်းကို ခံစားရပါတယ်။
Different combinations of temperature, humidity, and wind speed can increase the sensation of being hot or cold. For example, skin that is exposed to wind and cold temperatures will make a person feel that it is colder outside than it really is because heat is drawn away from the body at a faster rate. As another example, a day that is very humid may feel hotter than it really is outside because your body sweat does not evaporate (and thereby cool the body) the way it is intended.
The "feels like" temperature is a measurement of how hot or cold it really feels like outside. The “Feels Like” temperature relies on environmental data including the ambient air temperature, relative humidity, and wind speed to determine how weather conditions feel to bare skin.
"Feels Like" Temperature
The "feels like" temperature is a measurement of how hot or cold it really feels like outside. The “Feels Like” temperature relies on environmental data including the ambient air temperature, relative humidity, and wind speed to determine how weather conditions feel to bare skin.
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်)
သို့သော် ...
၂၀၂၄ ခုနှစ် ၁၀ လပိုင်းထဲရောက်လာပြီးမိုးနှောင်းကာလကုန်ကာနီး၊ အနောက်တောင်မုတ်သုံလေဆုတ်ခွာလုနီးနီးအချိန်အထိ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း REMAL နဲ့ အိန္ဒိယအနောက်ဘက်က အာရေဗျပင်ဘယ်မှာ ဆိုင်ကလုန်းမုန်တိုင်း ASNA ၂ လုံးသာဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း၊ မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်း .... တခုမှ တိုက်ရိုက်ဝင်ခဲ့ခြင်းမရှိ။
တောင်တရုတ်ပင်လယ်မှာဖြစ်ခဲ့ကြတဲ့ တိုင်ဖွန်းမုန်တိုင်း YAGI နဲ့ ကုန်းပေါ်တက်ကာနီးကျမှ နာမည်ပေးလိုက်တဲ့ အပူပိုင်းမုန်တိုင်းအဆင့် Tropical Storm SOULIK .. အဲ့ဒီမုန်တိုင်း ၂ လုံးရဲ့ အကြွင်းအကျန်လေပွေလှိုင်း၂ ခုနဲ့ ပါလာတဲ့ ရေခိုးရေငွေ့ကြွယ်ဝနေသော မိုးတိမ်တွေကျေးဇူးကြောင့် ရေကြီးရေလွှမ်းခြင်း၊ တောင်ပြိုခြင်း-မြေပြိုခြင်းဖြစ်ရပ်များဖြစ်ပွားခဲ့ပြီး၊ ရေနဲ့ထူထပ်တဲ့ရွှံနွံများဖုံးလွှမ်းခံရခြင်းများကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။ ထောင်နဲ့သောင်းနဲ့ချီတဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ၊ ကျွဲနွားတိရိစ္ဆာန်တွေ သေဆုံး၊ ပျက်စီး၊ ပျောက်ဆုံးတာတွေကိုလဲ ကြုံတွေ့ကြရပါတယ်။
(ဒီစာရေးနေချိန်အထိ ရေလွှမ်းနေတဲ့ဒေသတွေကျန်နေသေးသလို တဖန်ပြန်လည်မြင့်တက်လာတဲ့ ရေတွေကြောင့် ရေလွှမ်းမိုးမှုအသစ်အသစ်တွေကို ရင်ဆိုင်နေကြရတုန်းပါဘဲ)
လမ်းပန်းဆက်သွယ်ရေးတွေ အလုံးစုံပျက်စီးကုန်သည်အထိ ရေလွှမ်းမိုးခဲ့တဲ့ဒေသတွေကိုသွားရောက်မကူညီနိုင်ကြတဲ့ အခက်အခဲပေါင်းစုံကြောင့် စားနပ်ရိက္ခာပြတ်တောက်လုနီးပါးဖြစ်လာတဲ့ ရေဘေးဒုက္ခသည်တွေနဲ့၊ လည်ပတ်မှုရပ်တန့်ကုန်တဲ့ ရေလွှမ်းခံဒေသတွေအတွင်းက စီးပွားရေးလုပ်ငန်းတွေသည်လည်း "များစွာရှိသေး-ဒုနဲ့ဒေး" ပါဘဲ။
ရေလွှမ်းခံခဲ့ရပြီး၊ ရေလွှမ်းခံနေရဆဲဒေတွေက ဒေသခံပြည်သူတွေ မလွဲမသွေရင်ဆိုင်ကြရဦးမဲ့ ဝမ်းရောဂါ၊ အဆုတ်အအေးမိရောဂါ၊ ယားနာရောဂါမျိုးစုံ အစရှိတဲ့ ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲပြဿနာပေါင်းစုံအပြင်၊ ရေလွှမ်းခံဒေသတွေမှာ ကိုယ်တိုင်အသက်ဘေးလုပြီး လူတွေကြားထဲရောက်လာကြရပြန်တဲ့ အဆိပ်ရှိမြေတွင်းအောင်းသတ္တဝါတွေအကိုက်ခံရတာကြောင့် ထပ်မံအသက်ဆုံးနိုင်လောက်တဲ့ အန္တရာယ်ဆိုးတွေကလည်း မနည်းမနောပါ။
သဘာဝဘေးဒဏ်သင့်ဒေသအားလုံးကပြည်သူတွေသည် - အထိတ်တလန့်ဖြစ်ရပ်ပေါင်းစုံ ခံစားခဲ့ကြရပြီးတာတောင် ဘယ်တော့မှအဆုံးသတ်နိုင်မယ်ဆိုတာ မသိနိုင်မခန့်မှန်းနိုင်သေးတဲ့ "ပြန်လည်ထူထောင်ရေးနွံအိုင်"ကြီးထဲမှာ ဆက်လက်နစ်မွန်းနေရာက ကိုယ့်ခြေထောက်ပေါ်ကိုယ်ပြန်လည်ရပ်တည်နိုင်ကြအောင် အခက်အခဲပေါင်းများစွာကြားက နောက်ထပ် လ အနည်းငယ်ကြာမြင့်သည်အထိ လွန့်လူးရုန်းကန်ရင်ဆိုင်ရင်း ဒုက္ခခံနေကြရပါဦးမယ်။
ဒီလိုအခြေအနေတွေကို စာနာနားလည်ကြတဲ့ စေတနာရှင်ပြည်သူတွေက လမ်းပန်ဆက်သွယ်ရေးတွေပြတ်တောက်ကုန်တဲ့ ရေလွှမ်းခံဒေသတွေဆီသွားရောက်အကူအညီပေးနိုင်ကြအောင် မြေကြီးတွေ၊ ရွှံ့နွံတွေအောက်မှာ နစ်မြုပ်ပျက်စီးသွားကြကုန်သော လမ်းတွေပြန်ဖေါ်ပေး/ပြန်ဖေါက်ပေးကြတာ၊ ရေပြင်ကျယ်တွေကိုဖြတ်သန်းပြီး ရိက္ခာထောက်ပံ့ခြင်းတွေဆောင်ရွက်နိုင်အောင် စက်လှေ/တက်လှေတွေ ကူညီပံ့ပိုးပေးနေကြရတာအပြင်၊ ပျောက်ဆုံးနေကြသူများကို ရှာဖွေကယ်ဆယ်ပေးနေကြရတဲ့ ပရဟိတအဖွဲ့တွေသည်လည်း အခုအချိန်အထိ မမောမပန်းကူညီထောက်ပံ့နေကြတုန်းပါဘဲ။ ဘယ်သူကမှသွားမကူခိုင်းသော်ငြားလည်း ကိုယ်တိုင်တာဝန်သိစိတ်တွေနဲ့ တတ်အားသရွေ့ ခက်ခက်ခဲခဲသွားရောက်ကူညီရင်း အသက်ပေးလိုက်ရတဲ့ ပရဟိတသမားတို့ရဲ့ဖြစ်ရပ်တွေကိုလဲ ကြားသိနေရတာဟာ တကယ်ကိုဝမ်းနည်းကြေကွဲစရာပါဘဲ။
ဒီလိုဖြစ်ရပ်တွေအားလုံးဟာ ၂၁ ရာစုအစပိုင်းကတည်းက ဖြစ်လာတဲ့ ဆိုးရွားတဲ့ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း စ တဲ့ ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါဘဲ။ ဒီဆိုးကျိုးတွေက
ဒီနှစ် ၁ နှစ်နဲ့ ပြီးမသွားနိုင်သေးပဲ နောက်နှစ်နောက်နှစ်တွေမှာလဲ ဒီလိုဆက်လက်ကြုံတွေ့နေကြရဦးမှာပါဘဲ။
ဒီတော့ ....
ကျနော်တို့ပြည်သူတွေ၊ လူကြီး/လူငယ်အားလုံးက ဒီနေ့ခေတ်နည်းပညာမြင့်မားမှုအောက်မှာ ပိုမိုတိကျတဲ့ ကြိုတင်ခန့်မှန်းချက်တွေပေးနိုင်နေတဲ့ မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ခန့်မှန်းချက်သတင်းတွေကို မိမိဉာဏ်မှီသလောက်၊ အချိန်ပေးနိုင်သလောက်၊ ဆည်းပူးလေ့လာပြီး အနာဂတ်ကလေးတွေဆီ လက်ဆင့်ကမ်းပေးရမဲ့အချိန်ရောက်ပါပြီ။ မိုးလေဝသလေ့လာသူတွေ၊ ပညာရှင်တွေနဲ့ ဒီသဘာဝဘေးဖြစ်စဉ်များနှင့်ဆက်စပ်မှုရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းပညာရှင်များအားလုံးသည်လည်း မိမိအတွေ့အကြုံရှိခဲ့သမျှ၊ မိမိလေ့လာထားသမျှ၊ သိထားသမျှ၊ နားလည်မှတ်ယူထားသမျှကို ကြီးငယ်မဟူ-ပြည်သူအားလုံးထံ မချန်မချွင်း-ရှင်းပြဟောပြောပေးခြင်းအားဖြင့် ကျနော်တို့ သဘာဝဘေးဒဏ်သင့်နိုင်ချေရှိနေတဲ့ဒေသတွေကပြည်သူတွေ အနာဂတ်ကာလမှာရင်ဆိုင်ရဦးမဲ့ ဘယ်လိုသဘာဝဘေးများနဲ့မဆို လိုက်လျောညီထွေနေထိုင်တတ်လာကြပါလိမ့်မယ်။
ကျနော်တို့ တနိုင်ငံထဲမဟုတ်ပဲ တကမ္ဘာလုံးက လူသားတွေအားလုံးအနည်းနဲ့အများရင်ဆိုင်နေကြရသော ဆိုးရွားပြင်းထန်တဲ့သဘာဝဘေးပေါင်းစုံအတွက် ပညာပေးလုပ်ငန်းတွေကိုတော့ နည်းနည်းလေးမှအချိန်ဆိုင်းမနေ၊ သူ့တာဝန်ကိုယ့်တာဝန်ခွဲခြားမနေဘဲ စတင်ဆောင်ရွက်သင့်တဲ့အချိန် ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းအသိပေးလိုက်ရပါတယ်။
To achieve the goal of the Sendai Framework of reducing global disaster risks and losses, the theme of the International Day for Disaster Risk Reduction (IDDRR) 2024, which falls on 13 October, will be on the role of education in protecting and empowering youth for a disaster-free future.
ကမ္ဘာကြီးပူနွေးလာခြင်း(Global Warming)ကြောင့် ရာသီဥတုပြောင်းလဲမှုများပိုမိုဆိုးရွားလာသည်။
ပြောင်းလဲလာသည့် ဆိုးရွားသောရာသီဥတုဖြစ်စဉ်များတွင် အယ်လ်နီညို၊ လာနီညာကဲ့သို့သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များက ကမ္ဘာ့မိုးလေဝသအခြေအနေများအပေါ် သက်ရောက်မှုကလည်းပိုမို၍ဆိုးရွားလာသည်။
ထို့ကြောင့် ကမ္ဘာကြီးပူနွေးလာရခြင်းအကြောင်းရင်းခံများ၊ ရာသီဥတုပြောင်းလဲလာရခြင်း၏ အကြောင်းရင်းခံများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ကောင်းစွာနားလည်သဘောပေါက်ကြရန်လိုအပ်ပေသည်။
ကမ္ဘာ့မျက်နှာပြင်အပူချိန်(Global Surface Temperature)သည် ၁၉၀၀ ပြည့်လွန်နှစ်များမှ စတင်၍
1 °C (1.8 °F)မြင့်တက်လာခဲ့သည်။
သိပ္ပံပညာရှင်များက အာတိတ်ဒေသရေခဲပြင်များလျော့ကျလာခြင်း၊ အပူဒဏ်ကိုတုန့်ပြန်လွယ်သည့် ကုန်းနေ/ရေနေတိရိစ္ဆာန်များ၊ ပိုးမွှားများပြောင်းရွေ့ခြင်း စသည့်ဖြစ်ရပ်များကို ကျယ်ပြန့်စွာသုတေသနပြုလေ့လာပြီးနောက် ကမ္ဘာကြီး၏ ကုန်းမြေနှင့်ရေပြင်တို့၏ မြင့်မားလာသည့်အပူချိန်အခြေအနေကို အတည်ပြုမှတ်တမ်းတင်နိုင်လာကြခြင်းဖြစ်ကြောင်းသိရသည်။
ကျနော်တို့နေထိုင်စရာ ဒုတိယကမ္ဘာဂြိုလ်မရှိ
ဖန်လုံအိမ်ဓါတ်ငွေ့တွေဆိုတာ နေရဲ့ အပူရှိန်ကိုစုပ်ယူထားနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းတို့လို ဓါတ်ငွေ့တွေပါ
နှစ်တိုင်းနှစ်တိုင်း ပိုများလာတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏတွေ
Generating power
စွမ်းအင်ထုတ်လုပ်ခြင်းနှင့် လောင်စာဆီလောင်ကျွမ်းခြင်းတို့မှ ထွက်ရှိသည့်အပူငွေ့များ
လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လောင်စာဆီသုံး၊ ဓါတ်ငွေ့သုံး ဂျင်နရေတာများမောင်းနှင်ရခြင်းကြောင့်ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့နှင့် နိုက်တြိုဂျင်အောက်ဆိုက်ဓါတ်ငွေ့များသည် နေ၏အပူရှိန်ကိုစုပ်ယူသော အဓိကကျသည့်ဖန်လုံအိမ်ဓတ်ငွေ့များဖြစ်လာသည်။ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ထုတ်လုပ်ခြင်းများသည် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့အနည်းငယ် သို့မဟုတ် လုံးဝထွက်ခြင်းမရှိသည့်အတွက် ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချပြီး ရာသီဥတုပြောင်းလဲခြင်းနောက်ဆက်တွဲဆိုးကျိုးများကိုလည်းလျော့နည်းစေသည်။
Manufacturing goods
စက်ရုံများနှင့် ရုပ်ကြွင်းလောင်စာများလောင်ကျွမ်းခြင်းမှ ထွက်ရှိသည့် အပူငွေ့များ
ဘိလပ်မြေစက်ရုံ၊ သံနှင့် စတီးလ်စက်ရုံများ၊ ပလပ်စတစ်စက်ရုံ၊ အီလက်ထရွန်နစ်စက်ရုံ၊ အဝတ်အထည်စက်ရုံများနှင့် အခြားသောထုတ်ကုန်မြင့်စက်ရုံကြီးများလည်ပတ်ရန် အသုံးပြုရသည့် ရုပ်ကြွင်းလောင်စာနှင့် မီးသွေးစသည်တို့လောင်ကျွမ်းခြင်းမှ ထွက်ရှိသည့် အပူငွေ့များသည် ကမ္ဘာ့လေထုအလွှာအတွင်းသို့ ရောက်ရှိပြီး ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ ထုတ်လွှတ်ခြင်းကိုများစွာမြင့်တက်လာစေသည်။
Cutting down forests
သစ်တောများပြုန်းတီးခြင်း
လယ်ယာများဖန်တီးရန် သို့မဟုတ် တိရိစ္ဆာန်စားကျက်များ ချဲ့ထွင်ရန်နှင့် ဖန်တီးရန်အတွက် သစ်တောများကို ခုတ်လှဲခြင်း သို့မဟုတ် အခြားအကြောင်းများကြောင့်ပင် ခုတ်ထစ်ခြင်းခံရသောအခါတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေကို စုတ်ယူထိန်းသိန်းပေးသည့် သစ်ပင်-သစ်တောများနည်းလာသည့်အပြင်၊ ခုတ်လှဲခံရသည့်သစ်ပင်များက သိုလှောင်ထားသည့် ကာဗွန်ကို ထုတ်လွှတ်ခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြစ်စေသည်။ နှစ်စဉ် သစ်တော ဟက်တာ ၁၂ သန်းခန့် ဖျက်ဆီးခံရသည့်အတွက် လေထုအတွင်းသို့ ဖန်လုံအိမ်ဓါတ်ငွေများထုတ်လွှတ်နေသည့် သဘာဝစွမ်းရည်-အတားအဆီးကို ဖယ်ရှားလိုက်သည်ကဲ့သို့ရှိလာသည်။ ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ လေးပုံတစ်ပုံခန့်သည် သစ်တောပြုန်းတီးခြင်း၊ စိုက်ပျိုးရေးနှင့် အခြားမြေအသုံးချခြင်းဆိုင်ရာ မြေဧရိယာပြောင်းလဲမှုများကြောင့် ဖြစ်လာရသည်။
Using transportation
ရုပ်ကြွင်းလောင်စာဆီအသုံးပြုသည့် ယာဉ်များများပြားလာခြင်း
မော်တော်ယာဉ်များ၊ သင်္ဘောများ၊ လေယာဉ်များစသည့် လောင်စာဆီသုံးယာဉ်များ ပိုမိုများပြားစွာအသုံးပြုလာကြခြင်း၊ ယာဉ်ထုတ်လုပ်မှုများတိုးတက်များပြားလာခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့များ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ အဓိကပံ့ပိုးကူညီမှုတစ်ခုဖြစ်စေသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံးယာဉ်များသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၏ လေးပုံတစ်ပုံနီးပါးဖြစ်သည်။ နောက်လာမည့်နှစ်များအတွင်း သယ်ယူပို့ဆောင်ရေးအတွက် စွမ်းအင်အသုံးပြုမှု သိသိသာသာ တိုးလာနိုင်မည့်အခြေအနေကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။
Producing food
ရိက္ခာအလို့ငှာ အစာရေစာစိုက်ပျိုးထုတ်လုပ်ခြင်း
ကမ္ဘာ့နေရာအနှံ့တွင် လုံလောက်သောစားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေချဲ့ထွင်ရန် သစ်တောများခုတ်ထွင်ရှင်းလင်းခြင်း၊ စိုက်ခင်းများတွင်ဓါတ်မြေဩဇာအသုံးပြုခြင်း၊ လယ်ယာသုံးယာဉ်/စက်ပစ္စည်းများမောင်းနှင်ရာတွင် လောင်စာဆီအသုံးပြုရခြင်းများ၊ စားကျက်မြေများအတွင်းရှိ တိရိစ္ဆာန်များမှ စွန့်ပစ်သောအညစ်အကြေးများနှင့် စားသောက်ကုန်ပြုပြင်၊ထုတ်ပိုး၊ဖြန့်ဖြူးသည့်စက်ရုံများသည်လည်း ရာသီဥတုပြောင်းလဲမှုကိုအားပေးသော အခြေအနေများအတွက် အဓိကကျသည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် အခြားသော ဖန်လုံအိမ်ဓါတ်ငွေ့များထွက်ရှိစေသည့်အကြောင်းရင်းတရပ်တွင် ပါဝင်နေသည်။
Powering buildings
အဆောက်အဦများအတွက်သုံးစွဲသည့် စွမ်းအင်ပမာဏတိုးမြင့်လာခြင်း
ကမ္ဘာ့လူနေအိမ်များနှင့်စက်ရုံများ၊ စီးပွားရေးအဆောက်အုံများ၏ ထက်ဝက်ကျော်သည် လျှပ်စစ်ဓါတ်အားကိုသုံးစွဲကြရသည်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်နှင့် အပူအအေးဒဏ်ခံနိုင်ရန်အတွက် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့များထုတ်ယူပြီးအသုံးပြုချိန်တွင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုပမာဏ များပြားလှသည်။ အပူ/အအေးအတွက် စွမ်းအင်လိုအပ်ချက်တိုးမြင့်လာခြင်း၊ လေအေးပေးစက်ပိုင်ဆိုင်မှုများမြင့်တက်လာခြင်း၊ လျှပ်စစ်မီးထွန်းညှိခြင်း၊ စက်ပစ္စည်းများသုံးစွဲမှုမြင့်တက်လာခြင်းတို့ကြောင့် မကြာသေးမီနှစ်များအတွင်းမှ စတင်ကာအဆောက်အဦများမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေထုတ်လွှတ်သည့်ပမာဏမြင့်တက်လာသည်။
Consuming too much
အလွန်အကျွံသုံးစွဲခြင်းများ
နေအိမ်များတွင် လိုအပ်သည်ထက်ပိုမိုသည့်စွမ်းအင်အသုံးပြုခြင်း၊ စားသောက်ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း စသည့်လွန်ကဲသော နေ့စဉ်နေထိုင်သုံးစွဲသည့်အကျင့်စရိုက်များကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်နေမှုကို ပံ့ပို့မြှင့်တင်ပေးနေသည်။ အဝတ်အထည်၊ ပလပ်စတစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများသုံးစွဲခြင်းသည်လည်း ဖန်လုံအိမ်အာနိသင်မြင့်တက်လာခြင်းနှင့် ဆက်စပ်နေသည်။ ကျွန်ုပ်တို့၏လူနေမှုပုံစံများသည် ကျွန်ုပ်တို့နေထိုင်သောကမ္ဘာမြေအပေါ် လေးနက်သောသက်ရောက်မှုရျိနေကြောင်း သတိချပ်ကြရန်လိုသည်။ ချမ်းသာကြွယ်ဝဆုံးသောလူဦးရေ ၁% သည် ဆင်းရဲဆုံးသော လူဦးရေ ၅၀% ထက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်နေမှု ပိုမိုများပြား၏။
reference: https://www.un.org/en/climatechange/science/causes-effects-climate-change
Hotter temperatures - ကမ္ဘာ့မျက်နှာပြင်(ရေပြင်+ကုန်းမြေ) အပူချိန်များမြင့်တက်လာခြင်း
As greenhouse gas concentrations rise, so does the global surface temperature. The last decade, 2011-2020, is the warmest on record. Since the 1980s, each decade has been warmer than the previous one. Nearly all land areas are seeing more hot days and heat waves. Higher temperatures increase heat-related illnesses and make working outdoors more difficult. Wildfires start more easily and spread more rapidly when conditions are hotter. Temperatures in the Arctic have warmed at least twice as fast as the global average.
More severe storms - ပြင်းထန်သည့်မုန်တိုင်းများအဖြစ်များလာခြင်း
Destructive storms have become more intense and more frequent in many regions. As temperatures rise, more moisture evaporates, which exacerbates extreme rainfall and flooding, causing more destructive storms. The frequency and extent of tropical storms is also affected by the warming ocean. Cyclones, hurricanes, and typhoons feed on warm waters at the ocean surface. Such storms often destroy homes and communities, causing deaths and huge economic losses.
Increased drought - ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်းများပိုမိုလာခြင်း
Climate change is changing water availability, making it scarcer in more regions. Global warming exacerbates water shortages in already water-stressed regions and is leading to an increased risk of agricultural droughts affecting crops, and ecological droughts increasing the vulnerability of ecosystems. Droughts can also stir destructive sand and dust storms that can move billions of tons of sand across continents. Deserts are expanding, reducing land for growing food. Many people now face the threat of not having enough water on a regular basis.
A warming, rising ocean - ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း
The ocean soaks up most of the heat from global warming. The rate at which the ocean is warming strongly increased over the past two decades, across all depths of the ocean. As the ocean warms, its volume increases since water expands as it gets warmer. Melting ice sheets also cause sea levels to rise, threatening coastal and island communities. In addition, the ocean absorbs carbon dioxide, keeping it from the atmosphere. But more carbon dioxide makes the ocean more acidic, which endangers marine life and coral reefs.
Loss of species - သတ္တဝါမျိုးစိတ်များပျက်သုန်းခြင်း
Climate change poses risks to the survival of species on land and in the ocean. These risks increase as temperatures climb. Exacerbated by climate change, the world is losing species at a rate 1,000 times greater than at any other time in recorded human history. One million species are at risk of becoming extinct within the next few decades. Forest fires, extreme weather, and invasive pests and diseases are among many threats related to climate change. Some species will be able to relocate and survive, but others will not.
Not enough food - အစာရေစာလုံလောက်မှုမရှိဖြစ်လာခြင်း
Changes in the climate and increases in extreme weather events are among the reasons behind a global rise in hunger and poor nutrition. Fisheries, crops, and livestock may be destroyed or become less productive. With the ocean becoming more acidic, marine resources that feed billions of people are at risk. Changes in snow and ice cover in many Arctic regions have disrupted food supplies from herding, hunting, and fishing. Heat stress can diminish water and grasslands for grazing, causing declining crop yields and affecting livestock.
More health risks - ကျန်းမာရေးနှင့်သက်ဆိုင်သည့် စိန်ခေါ်မှုများပိုမိုလာခြင်း
Climate change is the single biggest health threat facing humanity. Climate impacts are already harming health, through air pollution, disease, extreme weather events, forced displacement, pressures on mental health, and increased hunger and poor nutrition in places where people cannot grow or find sufficient food. Every year, environmental factors take the lives of around 13 million people. Changing weather patterns are expanding diseases, and extreme weather events increase deaths and make it difficult for health care systems to keep up.
Poverty and displacement - ဆင်းရဲမွဲတေမှုနှင့် နေရာရွှေပြောင်းမှုများ ပိုမိုများပြားလာခြင်း
Climate change increases the factors that put and keep people in poverty. Floods may sweep away urban slums, destroying homes and livelihoods. Heat can make it difficult to work in outdoor jobs. Water scarcity may affect crops. Over the past decade (2010–2019), weather-related events displaced an estimated 23.1 million people on average each year, leaving many more vulnerable to poverty. Most refugees come from countries that are most vulnerable and least ready to adapt to the impacts of climate change.
Based on various UN sources
ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
(၂၀၂၃ ခုနှစ် မြန်မာနိုင်ငံမှ သဘာဝဘေးဖြစ်ရပ်များ)
၂၀၂၃ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သည့်
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "မိုခါ"
၂၀၂၃ ခုနှစ် - အောက်တိုဘာလအတွင်း မိုးများပြီး
ပဲခူးမြို့ရေကြီးသည့်ဖြစ်စဉ်
Photo credit to MFSD
ရာသီဥတုဖေါက်ပြန်ပြီး
အချိန်အခါမဟုတ်မိုးများရွာသွန်းခြင်းကြောင့်
ရေနစ်ပျက်စီးရသည့် ရိတ်သိမ်းပြီးစပါးစည်းများ
Facebook Photo credit - ဓါတ်ပုံရိုက်ကူးသူမသိပါ
2019 ခုနှစ်တွင် Lancet Countdown မှ နိုင်ငံတကာ အစီရင်ခံစာတစ်ခုတွင် ရာသီဥတုပြောင်းလဲမှုသည် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ယနေ့ကမ္ဘာတစ်ဝှမ်းတွင် “လူသားတို့၏ဘဝကဏ္ဍတိုင်းအတွက် ဆိုးရွားသောသက်ရောက်မှုများ” အဖြစ်ထွက်ပေါ်လာခဲ့သည်။ အခြားသော အစီရင်ခံစာများက သတိပေးချက်ပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် တစ်နှစ်လျှင် လူတစ်သန်းကို ကယ်တင်နိုင်မည်ဟု ခန့်မှန်းထားသည်
အောက်ပါအချက်အလက်များမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသော နည်းလမ်းအချို့ဖြစ်သည်။
ရေရှားပါးခြင်း
မိုးရွာသွန်းမှုပုံစံပြောင်းလဲခြင်းနှင့် လူသန်းပေါင်းများစွာအတွက် လှောင်ကန်များအဖြစ် တည်ရှိသော နှင်းများနှင့် ရေခဲပြင်များ(Sea Ice Packs များ)ဆုံးရှုံးခြင်းကြောင့် ရေချိုအရင်းအမြစ်များ ခန်းခြောက်လာသည်။ ရေရှားပါးမှုသည် သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာကို လက်လှမ်းမီမှုတွင် လူသားတို့၏ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေပါသည်။ သွယ်ဝိုက်သောနည်းအားဖြင့် မိုးရွာသွန်းမှု လျော့နည်းခြင်းသည် မြစ်ချောင်းများတွင် ညစ်ညမ်းစေသော အညစ်အကြေးများကို စုစည်းစေပြီး သီးနှံအထွက်နှုန်းကို လျော့နည်းစေကာ အရင်းအမြစ်များနှင့် ပတ်သက်၍ ပဋိပက္ခများ တိုးပွားစေသည်။ WHO သည် 2025 ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် ရေဖိအားပေးသော ဒေသများတွင် နေထိုင်ရမည်ဟု ခန့်မှန်းထားသည်။
အာဟာရချို့တဲ့ခြင်း
ရာသီဥတုဖောက်ပြန်မှုကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လျက်ရှိသော်လည်း ပြဿနာမှာ သီးနှံမအောင်မြင်ခြင်းထက် ကျော်လွန်သွားပါသည်။ လေထုထဲတွင် CO2 တိုးလာခြင်းသည် ပရိုတင်း၊ ဇင့်နှင့် သံဓာတ်ကဲ့သို့သော အဓိကအာဟာရများကို ကောက်ပဲသီးနှံများနှင့် ပဲပင်များတွင် လျော့နည်းစေပြီး အောင်မြင်သောသီးနှံများပင် အာဟာရလျော့နည်းစေသည်။ ရာသီဥတုဖောက်ပြန်ခြင်းသည် ခေတ်မီစိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုသည့် မြေဆီလွှာကို ယိုယွင်းစေပြီး သီးနှံပင်များ ပျက်စီးစေသော ပိုးမွှားနှင့် ရောဂါပိုးမွှားများကို မြှင့်တင်ပေးကာ မြေဆီလွှာ၏ အစာထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါသည်။
ကူးစက်ရောဂါများ
တိရစ္ဆာန်များ (zoonoses) မှ ပျံ့ပွားလာသော ရောဂါများသည် ပေါ်ပေါက်လာသော ရောဂါများ၏ 60% နှင့် ဆက်စပ်နေပြီး ရာသီဥတုပြောင်းလဲမှုသည် လူအပါအဝင် မျိုးစိတ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားသည့် ရာသီဥတုပြောင်းလဲမှုဟု ခေါ်တွင်သော ရွှေ့ပြောင်းနေထိုင်ခြင်းဟုခေါ်သည့် ရောဂါနှင့် ဆက်စပ်နေသည်။ SARS-CoV-2 ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာဖြစ်ပွားမှု နှစ်ကြိမ်နှင့် နိုင်ဂျီးရီးယားရှိ Lassa ဗိုင်းရပ်စ်တို့ အပါအဝင် 2020 ခုနှစ်တစ်ခုတည်းတွင်ပင် ကူးစက်ရောဂါကြီးလေးခုဖြစ်ပွားခဲ့သည်။
Vector-borne ရောဂါများ
ပြောင်းလဲလာသော ရာသီဥတုအခြေအနေများသည် ခြင်၊ ကြွက်များနှင့် ခရုများကဲ့သို့ ရောဂါပိုးမွှားများကို နယ်မြေသစ်များသို့ တွန်းပို့စေပြီး ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးကဲ့သို့သော ရောဂါများကို သယ်ဆောင်လာစေသည်။ ပူနွေးလာသောအပူချိန်ကြောင့် ခြင်ထောင်/စောင်စသည်တို့ထဲတွင်ကြာရှည်မနေနိုင်ကြေတော့ပဲ အပူဒဏ်သက်သာသည့်ခြင်ပေါများသည့်အပြင်ဘက်တွင် နေရသောအချိန်ပိုမိုကြာရှည်လာသည်။ ဤသည်က Lyme ရောဂါနှင့် anaplasmosis ကဲ့သို့သော ရောဂါများ ဖြစ်နိုင်ခြေကို တိုးစေသည်။ ကမ္ဘာကြီးပူနွေးလာမှုသည် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးပိုးများကို ပိုမိုမြန်ဆန်စွာ မျိုးပွားရန်၊ ကုသမှုများကို တွန်းလှန်ရန်နှင့် ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့နိုင်ချေကို မြှင့်တင်ပေးနိုင်လာသည်။
အပူဖိစီးမှု
ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ အပူလှိုင်းများသည် ပိုမိုပြင်းထန်လာပြီး မကြာခဏဖြစ်လာကာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း၊ နီမြန်းခြင်း၊ ဖောရောင်ခြင်းနှင့် အပူလေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ 2003 ခုနှစ်တွင် ဥရောပအပူလှိုင်းကြောင့် လူ 70,000 ခန့် သေဆုံးခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ပါးစေရန် သိသိသာသာ အစီအမံများမရှိဘဲ လူပေါင်း 1.2 ဘီလီယံခန့်သည် 2100 တွင် အပူဒဏ်ခံရနိုင်သည်ဟု ခန့်မှန်းထားသည်။ အပူဒဏ်ကြောင့် စိတ်ဖိစီးမှုလည်း ပိုမိုလာတော့သည်။
နှလုံးသွေးကြောကျန်းမာရေး
ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့၏နှလုံးသားကို ထိခိုက်စေပါသည်။ အပူလွန်ကဲခြင်း၊ မြေပြင်အဆင့် အိုဇုန်းနှင့် အမှုန်အမွှားများ အားလုံးသည် နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်းနှင့် စနစ်ကျသော ရောင်ရမ်းခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ဆက်စပ်လျက်ရှိသည်။ သန္ဓေသား၏နှလုံးဖွံ့ဖြိုးမှုကိုပင် အပူဖိစီးမှုကြောင့် ထိခိုက်နိုင်ပြီး သက်ကြီးရွယ်အိုများတွင် နှလုံးသွေးကြောကျဉ်းရောဂါသည် 2070 ခုနှစ်တွင် နှစ်ဆတိုးလာနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။
အဆုတ်ရောဂါ
ရာသီဥတုပြောင်းလဲမှုသည် လေထုညစ်ညမ်းမှု၏ အဓိကအစိတ်အပိုင်းဖြစ်သော နာတာရှည်အဆုတ်အဆုတ်ရောဂါ (COPD)၊ ပန်းနာရင်ကျပ်၊ အဆုတ်အမာရွတ်နှင့် ကလေးများတွင် ပုံမှန်မဟုတ်သော အဆုတ်ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည့် မြေပြင်အဆင့် အိုဇုန်းများကို တိုးပွားစေသည်။ လေထုညစ်ညမ်းမှုမှသေးငယ်သောအမှုန်အမွှားများ—အထူးသဖြင့် တောမီးလောင်ကျွမ်းမှုအမျိုးအစား—သည် အဆုတ်ကင်ဆာအသစ်အားလုံး၏ 15% အတွက် တာဝန်ရှိသည်ဟု ယူဆရပြီး ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်သည့် တောမီးလောင်ကျွမ်းမှုအများဆုံးနေရာများသည် လေထုညစ်ညမ်းမှုပိုမိုနေသောကြောင့် အဆုတ်ရောဂါများဖြစ်ပေါ်နိုင်ခြင်းကိုတိုးမြှင့်စေလျှက်ရှိကြောင်း တွေ့ရသည်။
ကျောက်ကပ်ရောဂါ
ရာသီဥတုပြောင်းလဲမှုကြောင့် ကျောက်ကပ်သည် အပူဖိစီးမှု၊ ရေဓာတ်ခန်းခြောက်မှုနှင့် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေကာ နာတာရှည်ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ leptospirosis နှင့် hantavirus ကဲ့သို့သော ငှက်ဖျားရောဂါများပျံ့နှံ့ခြင်းကြောင့် အပူပိုင်းဒေသနှင့်အပူပိုင်းဒေသများတွင် ပြင်းထန်သော ကျောက်ကပ်ထိခိုက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
အရေပြားကင်ဆာ
အရေပြားကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်လာပြီး ယင်းသည်ရာသီဥတုပြောင်းလဲမှုနှင့်တိုက်ရိုက်ဆက်စပ်နေပုံပေါ်သည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြင်းထန်သော မိုးကြိုးမုန်တိုင်းများသည် ကမ္ဘာမြေ၏ အိုဇုန်းလွှာကို လျော့နည်းစေပြီး အန္တရာယ်ရှိသောခရမ်းလွန်ရောင်ခြည်(Extremely high UV Index)ကို ပိုမိုဖြတ်သန်းနိုင်စေသည်။ လူတွေက ပိုပူတဲ့ရာသီဥတုမှာ အပူသက်သာသည့် နေအိမ်အပြင်သို့ထွက်ချိန်ပိုလာပြီး ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကို ပိုတိုးစေသည်။ ပူနွေးမှုလွန်ကဲလာသော အရေပြားအပူချိန်များသည်လည်း အရေပြားကင်ဆာဖြစ်ပွားနိုင်သည့် စိုးရိမ်စရာအခန်းကဏ္ဍတစ်ခု ဖြစ်လာသည်။ ပတ်ဝန်းကျင်အပူချိန် 2°C (3.6°F) မြင့်တက်လာခြင်းသည် 2050 ခုနှစ်တွင် ကမ္ဘာ့အရေပြားကင်ဆာများကို 11% တိုးလာစေနိုင်ပါသည်။
စိတ်ကျန်းမာရေး
မကြာသေးမီနှစ်များက ရာသီဥတုဆိုင်ရာ ဝမ်းနည်းပူဆွေးမှု၊ စိတ်ဓာတ်ကျမှု၊ ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများတွင် သိသိသာသာ မြင့်တက်လာခဲ့ပြီး၊ ဂေဟ-စိုးရိမ်ပူပန်မှုဟု စုပေါင်းခေါ်ဝေါ်ကြပြီး "သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် နာတာရှည်ကြောက်ရွံ့ခြင်း" ဟု သတ်မှတ်ခဲ့ကြသည်။ ရာသီဥတုနှင့် ဆက်နွယ်သော ဘေးအန္တရာယ်များမှ လွတ်မြောက်လာသူ အများအပြားသည်လည်း ဟာရီကိန်း ကက်ထရီနာနှင့် ကယ်လီဖိုးနီးယား တောမီးများကြောင့် ကြုံတွေ့ရသည့် ရေရှည် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (PTSD) ကိုလည်း ခံစားနေရသည်။ မြန်မာနိုင်ငံမှာဆိုလျှင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(၂၀၂၃)ဒဏ်ကြောင့် ရေရှည်စိတ်ဒဏ်ရာရသည့်အခြေအနေက ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်၏။ အပူလှိုင်းများသည် အကြမ်းဖက်ရာဇ၀တ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပြီး အသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှုနှင့် အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအားကိုပင် သက်ရောက်မှုရှိလာနိုင်သည်။
ဒဏ်ရာများ
ရာသီဥတုပြောင်းလဲမှုသည် ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် တောမီးများကဲ့သို့သော ပြင်းထန်သောရာသီဥတုဖြစ်စဉ်များကို မကြာခဏဖြစ်ပွားစေပြီး ဒဏ်ရာများပိုမိုရရှိစေသည်။ မြင့်မားသောအပူချိန်များသည် ရေနစ်ခြင်း (အအေးခံရန်အတွက် ရေဆင်းကူးကြသော လူများ) ကဲ့သို့သော ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများနှင့် ဆက်စပ်နေပါသည်။
ဓာတ်မတည့်ခြင်း
အချို့သောဒေသများတွင် ရာသီဥတုပြောင်းလဲမှုသည် ပန်း၀တ်မှုန်နှင့် အခြားဓါတ်မတည့်သည့်အမှုန်အမွားများကြောင့် ဘုံဓာတ်မတည့်မှုဖြစ်စေခြင်း ပိုမိုလာကာ ဓါတ်မတည့်သည့်အမှုန်းအမွှားများလွင့်မျောရောက်ရှိနိုင်သည့်အကွာအဝေးလည်း ပိုမိုလာသည်။ ယခင်က တမိုင်ခန့်အကွာအဝေးသို့သာလွင့်မျောနိုင်သည့် ဓါတ်မတည့်သောအမှုန်အမွှားများသည် အပူဓါတ်ကြောင့် ၄ မိုင် ၅ မိုင်အထိ လွင့်မျောရောက်ရှိလာကြသည်။ ထို့အပြင် ပြောင်းလဲလာသည့် မိုးရွာသွန်းခြင်းပုံစံများက လေထဲတွင် မတည့်သောဖုန်မှုန့်များနှင့် မှိုပမာဏများကို တိုးများလာစေပါသည်။
အပင်အားဆေး၊ ပိုးသတ်ဆေးမျိုးစုံတို့နှင့်ထိတွေ့မှု
ပိုးသတ်ဆေးများကို နာတာရှည် ထိတွေ့မှုကြောင့် နှစ်စဉ် လူ ၂၀၀,၀၀၀ ခန့် သေဆုံးနေသည်။ သီးနှံဖျက်ပိုးများက မြင့်မားလာသောအပူချိန်ကိုနှစ်သက်ပြီး ပိုးသတ်ဆေးများ၏ ထိရောက်မှုကို လျော့ကျစေသည်၊၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် စိုက်ပျိုးနိုင်သောမြေများကို ထိပါးလာစေသည်။ "လိုအပ်သည့်အစားအစာပမာဏပြည့်မီရန်အတွက် လယ်ယာကဏ္ဍများမှ အထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်လာကြသည့်အခါ အပင်အားတိုးဆေးနှင့်ပိုးသတ်ဆေးများ ပိုမိုသုံးစွဲလာသဖြင့် ဓါတုဓါတ်ကြွင်းတို့နှင့် ထိတွေ့မှုများကို တိုးမြင့်လာစေသည်"ဟု ဆိုလိုသည်။
ပိုးသတ်ဆေးများသည် အရေပြားဆိုင်ရာ၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အာရုံကြောဆိုင်ရာ၊ ကင်ဆာဖြစ်စေနိုင်သော၊ အသက်ရှူလမ်းကြောင်း၊ မျိုးပွားမှုနှင့် endocrine သက်ရောက်မှုများအပါအဝင် လူ့ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများစွာတွင် သက်ရောက်မှုရှိသည်။
သတ္တုအဆိပ်သင့်ခြင်း
ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် လူကြိုက်များသော ပင်လယ်စာများတွင် မက်သလင်းမာကျူရီ တိုးပွားလာခြင်းနှင့် မြေဆီလွှာနှင့် ရေမျက်နှာပြင်များတွင် သတ္တုညစ်ညမ်းမှုများ ပျံ့နှံ့ခြင်းနှင့် ဆက်စပ်နေသည်။ မကြာခဏ ရေလွှမ်းမိုးခြင်းသည် အန္တရာယ်ရှိသော အိမ်သုံး၊ ဆေးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများကို ပတ်ဝန်းကျင်သို့ ပြန့်နှံ့ရောက်ရှိစေပါသည်။ ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့၏ အဆိပ်အတောက်များနှင့် ထိတွေ့မှုကို တိုးလာစေရုံသာမကဘဲ ပိုမိုပြင်းထန်သော အဆိပ်များဖြစ်လာစေနိုင်သည်။
Biotoxins များ
အန္တရာယ်ရှိသော ရေညှိပွင့်များ (a.k.a. "ဒီရေနီ") သည် ရာသီအလိုက် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ယခုအခါ စိုးရိမ်ဖွယ်ကောင်းသော ပုံမှန်အတိုင်း ကမ္ဘာ့ရေချိုနှင့် ပင်လယ်များကိုဖြတ်၍ စိုက်ပျိုးလျက်ရှိသည်။ အဏုကြည့်မှန်ဖြင့်သာမြင်ရသည့်ရေညှိများ၏ အပွင့်များမှထွက်ရှိသော ဇီဝအဆိပ်အတောက်များသည် ပင်လယ်စာ၊ သောက်ရေနှင့် လေထဲတွင် စုပုံနေပြီး အချို့မှာ အလွန်အစွမ်းထက်သော သဲတစ်စေ့အရွယ် ပမာဏကို သောက်သုံးပါက လူရှစ်ဦးကို သေဆုံးစေနိုင်သည်။ ပူနွေးသောရေများနှင့် ပျော်ဝင်နေသော CO2 မှ အချဉ်ဓာတ်တိုးလာခြင်းသည် ဤပန်းပွင့်များကိုအချိန်တိုအတွင်း အဆိပ်အတောက်များပိုမိုဖြစ်လာစေသည်။
အစာကြောင့်ဖြစ်သောရောဂါများ
မြင့်မားသော အပူချိန်နှင့် စိုထိုင်းဆများသည် လူကို ဖျားနာစေသည့် ပင်လယ်စာများနှင့် သီးနှံပိုးမွှားများ ပျံ့နှံ့မှုကို ခွင့်ပြုသည်။ ဥပမာအားဖြင့်၊ ပြောင်းဖူးရှိ မှိုပိုးအချို့သည် အစားအစာကွင်းဆက်တစ်ခုလုံးကို ညစ်ညမ်းစေနိုင်ပြီး အသည်းကင်ဆာဖြစ်စေနိုင်သည်ဟု လူသိများသော အလွန်အမင်းတည်မြဲနေသော aflatoxins ကို ထုတ်လုပ်ပါသည်။ အစားအသောက်ကြောင့်ဖြစ်သောရောဂါများဖြစ်သည့် E. coli နှင့် salmonella တို့သည် ပတ်ဝန်းကျင်အပူချိန်နှင့်အတူ မြင့်တက်လာနိုင်သည်ဟု မျှော်လင့်ရသည်။
ရေကြောင့်ဖြစ်သောရောဂါများ
ယခုအခါ ပူနွေးလာသော အပူချိန်နှင့် ရာသီဥတု ဖောက်ပြန်မှုများသည် မိုးရွာသွန်းမှု ပြောင်းလဲလာခြင်းကြောင့် ရေကြောင့်ဖြစ်သော ရောဂါများ ဖြစ်နိုင်ခြေ မြင့်မားလာစေရန် တွန်းအားပေးလျက်ရှိသည်။ ယင်းတို့အနက်အများစုမှာ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများနှင့် ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပေါ်လာသော ဝမ်းတွင်းရောဂါများဖြစ်ပြီး သောက်သုံးခြင်း သို့မဟုတ် အပန်းဖြေရေများအတွင်းသို့ ပြန့်နှံ့စီးဝင်ခြင်း၊ ရေလွှမ်းမိုးခြင်းစသည်တို့ကြောင့်ဖြစ်လာသည်။ နယူးဇီလန်သည် 2016 ခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရေပေးဝေမှုကို ညစ်ညမ်းစေပြီးနောက် ကမ္ဘာ့အကြီးဆုံး campylobacteriosis ဖြစ်ပွားမှုကို ခံစားခဲ့ရသည်။ ပူနွေးသောသမုဒ္ဒရာအပူချိန်သည် နှစ်စဉ် လူသုံးသန်းနီးပါးကို ကူးစက်နိုင်သော ကာလဝမ်းရောဂါကဲ့သို့ ပုံမှန်အားဖြင့် ရေငန်တွင်ရှင်သန်ပေါက်ဖွားသော ဘက်တီးရီးယားများ ကြီးထွားမှုကိုလည်း အားပေးသည်။
INDIAN OCEAN DIPOLE(IOD)ဟုခေါ်သည့် ဖြစ်စဉ်ကို Indian Niño "အိန္ဒိယနီညို" ဟုလည်းခေါ်ကြသည်။ ယေဘူယျအားဖြင့် အိန္ဒိယသမုဒ္ဒရာ အနောက်ခြမ်းနှင့် အရှေ့ခြမ်းပင်လယ်ရေမျက်နှာပြင်များတွင် ပုံမှန်မဟုတ်သည့် အပူချိန်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် IOD ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ဤဖြစ်စဉ်တွင် အခြေအနေ ၃ မျိုးခွဲခြားတွေ့ရသည်။
IOD အခြေအနေသည် NEUTRAL(ပုံမှန် သို့မဟုတ် ကြားနေအခြေအနေ)၊ Positive(အပြုသဘောဆောင်သည့်အခြေအနေ) နှင့် Negative(အပျက်သဘောဆောင်သည့်အခြေအနေ)ဟူ၍ ၃ မျိုး သတ်မှတ်နိုင်သည်။
IOD Negative(အပျက်သဘောဆောင်သည့်အခြေအနေ)တွင် အိန္ဒိယသမုဒ္ဒရာ အနောက်ဘက်ပင်လယ်များမှ ပင်လယ်ရေအပူချိန်မြင့်တက်လာပြီး ရေခိုးရေငွေ့များစွာပါဝင်သည့် အနောက်လေစီးကြောင်းက ဩစတေးလျတိုက်အနောက်မြောက်ခြမ်း Timor ပင်လယ်အထိရောက်အောင်တိုက်ခတ်လာသည်။ ထိုလေစီးကြောင်းနှင့်ပါလာသည့် ရေခိုးရေငွေ့များကြောင့် ဩစတေးလျတိုက်ပေါ်သို့ရွာသွန်းသည့်သည့် မိုးရေချိန်ပိုမိုလာပြီး အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းတွင် မိုးရွာသွန်းမှုလျော့ကျသွားသည်။
ဆန့်ကျင်ဘက်အားဖြင့် IOD Positive(အပြုသဘောဆောင်သည့်အခြေအနေ)တွင် ပင်လယ်ရေမျက်နှာပြင်အပူချိန် သည်လျော့ကျနေပြီး အရှေ့ဘက်မှတိုက်ခတ်လာသည့်လေစီးကြောင်းနှင့်အတူပါလာသည့် ရေခိုးရေငွေ့များကြောင့် အိန္ဒိယသမုဒ္ဒရာမြောက်ခြမ်းပင်လယ်များ(အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်၊ ကပ္ပလီပင်လယ်)နှင့်ထိစပ်လျှက်ရှိသည့်နိုင်ငံများတွင် မိုးရွာသွန်းမှုပိုမိုလာကာ ဩစတေးလျတိုက်သို့ မိုးရွာသွန်းမှုလျော့နည်းသွားလေသည်။ ဤအခြေအနေတွင် အာဖရိကတိုက်အရှေ့ခြမ်း၌ မိုးသည်ထန်ခြင်းရေကြီးရေလွှမ်မိုးခြေင်းများကို ဖြစ်စေသည်။
IOD Positive အခြေအနေသည် အနောက်တောင်မုတ်သုံလေအားကောင်းစေရန်လည်းတွန်းအားပေးသဖြင့် IOD Positive ကာလအတွင်း မုတ်သုံအားကောင်းနေတတ်သည်။
Understanding the Indian Ocean Dipole Aust - BOM
Understanding the Indian Ocean Dipole UK-MET OFFICE