AIR POLLUTION
လေထုညစ်ညမ်းခြင်း
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
လေထုညစ်ညမ်းခြင်း
လေထုညစ်ညမ်းခြင်းသည် များသောအားဖြင့်ဆောင်းရာသီနှင့် နွေရာသီအတွင်းအဖြစ်များကာ "သဘာဝအလျှောက်ဖြစ်ပေါ်ခြင်း"နှင့် "လူတို့၏ လုပ်ဆောင်ချက်များကြောင့်ဖြစ်ပေါ်ခြင်း" ဟူ၍ ယေဘူယျအားဖြင့် ၂ မျိုးခွဲခြားနိုင်ပြီး လေထုညစ်ညမ်းခြင်းသည် လူသားများနှင့် တိရိစ္ဆာန်တို့၏ ကျန်းမာရေးနှင့်အသက်ကိုခြိမ်းခြောက်နိုင်သော၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော ဘေးအန္တရာယ်တခုအဖြစ် သတ်မှတ်နိုင်သည်။
Every human inhales 14 kg of air each day, while drinking just 2 kg of water and eating 1.5 kg of food. Air is therefore an essential component for life, and most citizens are strongly preoccupied with its quality.
လူသားတွေဟာ လေ ၁၄ ကီလိုဂရမ်၊ ရေ ၂ ကီလိုဂရမ်နဲ့ အစားအစာ ၁.၅ ကီလိုဂရမ်ကို နေ့စဉ်မှီဝဲစားသုံးနေကြပါတယ်။ ဒါကြောင့် ကျနော်တို့ ပတ်ဝန်းကျင်က သက်ရှိလူသားအားလုံး နေ့စဉ်ရှုသွင်းလိုက်တဲ့ လေထုထဲမှာ ကျနော်တို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ်အပြင် အန္တရာယ်များတဲ့ ဓါတ်ငွေ့တွေ၊ အမှုန်အမွှားတွေကလဲ ပါဝင်နေပါတယ်။ အဲ့ဒီအန္တရာယ်များစေတဲ့ဓါတ်ငွေ့တွေနဲ့ အမှုန်အမွှားတွေက ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေတဲ့အပြင် လူတဦးချင်းရဲ့ပျမ်းမျှအသက်ရှည်ခြင်းကိုလည်း ၈ လ အထိလျော့ကျစေပါတယ်။
လေထုညစ်ညမ်းခြင်းကိုလျော့ပါးအောင် ဆောင်ရွက်ကြဖို့ကတော့ လူတဦးချင်းတယောက်ချင်းစီက လိုက်နာမှသာရနိုင်မှာဖြစ်ပါတယ်။
reference: https://atmosphere.copernicus.eu/air-quality
👉 တောမီးလောင်ကျွမ်းမှုများ
👉 အဏုဇီဝပျက်စီးယိုယွင်းခြင်းမှ ထုတ်လွှတ်သောဓါတ်ငွေ့များ
👉 ရုပ်ကြွင်းလောင်စာများလောင်ကျွမ်းခြင်း
👉 စက်ရုံအလုပ်ရုံများမှထုတ်လွှတ်သော ဓါတ်ငွေ့များ၊ မီးခိုးများ
👉 အိမ်တွင်းလေထုညစ်ညမ်းမှုများ
👉 သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှထုတ်လွှတ်သောဓါတ်ငွေ့များ
👉 စွန့်ပစ်ပစ္စည်းအမှိုက်ပုံများလောင်ကျွမ်းခြင်းမှ ထွက်ရှိသည့်မီးခိုးငွေ့များတွင် စွန့်ပစ်ပစ္စည်း(အမှိုက်များ)တွင် ပါဝင်တတ်သော
အောက်ဖေါ်ပြပါ ပစ္စည်းများကြောင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်
သုတ်ဆေးများနှင့် ဖျော်ရည်များ
ပလပ်စတစ်ပစ္စည်းအမျိုးမျိုး
မော်တော်ယာဥ် စွန့်ပစ်ပစ္စည်းများ (အသုံးပြုထားသော မော်တော်ဆီ၊ အအေးခန်း၊ စသည်)၊
ပိုးသတ်ဆေး (ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး စသည်)
မာကျူရီ(ပြဒါး)ပါဝင်သော စွန့်ပစ်ပစ္စည်းများ (သာမိုမီတာများ၊ ခလုတ်များ၊ မီးချောင်း၊ စသည်)
အီလက်ထရွန်းနစ်ပစ္စည်းဟောင်းများ (ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ မိုဘိုင်းလ်ဖုန်း)
Aerosols/Propane ဆလင်ဒါများ
Caustics / သန့်ရှင်းရေးအေးဂျင့်များ
ရေခဲသေတ္တာ ပါဝင်သော ပစ္စည်းများ
အချို့သော အထူးပြုဘက်ထရီများ (ဥပမာ လစ်သီယမ်၊ နီကယ်ကက်ဒီယမ်၊ သို့မဟုတ် ခလုတ်ဆဲလ်ဘက်ထရီများ)
ခဲယမ်းမီးကျောက်
ကျောက်ဂွမ်း Asbestos
ကားဘက်ထရီ
ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ (အချို့သော အိမ်သုံးမီးခိုးရှာဖွေစက်များကို ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများအဖြစ် ခွဲခြားသတ်မှတ်ထားပြီး ၎င်းတို့တွင် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ် americium၊ ဥပမာ americium-241)
👉 အသုံးမလိုတော့သည့် အဆောက်အဦများကို ဖေါက်ခွဲဖျက်ဆီးရာမှ ထွက်ပေါ်လာသည့် ဖုန်မှုန့်များ၊ မီးခိုးငွေ့များ
👉 လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှထွက်ပေါ်သည့်
တောင်ယာမီးရှို့သော မီးခိုးငွေ့များ
ပိုးသတ်ဆေးအစရှိသည့် ဓါတုဆေးဝါးများအလွန်အကျွံသုံးစွဲခြင်းမှ ထွက်ပေါ်သည့်ဓါတုဓါတ်ကြွင်းများ
👉 ရာဘာတု၊ ပလပ်စတစ် အစရှိသည့် ဓါတုပစ္စည်းထုတ်ကုန်အသုံးအဆောင် စွန့်ပစ်ခြင်းများ
၂၀၁၈ ခုနှစ် ဧပြီလအတွင်း လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်စဉ်က လေထုညစ်ညမ်းမှုသည် ရန်ကုန်မြို့ပေါ်အထိ ရောက်ရှိခဲ့သည်
လေထုအရည်အသွေး(Air Quality)ကိုတိုင်းတာရာတွင် လေထုညစ်ညမ်းမှုအပြင် လေထဲ၌လွင့်မျောနေသည့် ပန်းဝတ်မှုန်များပါဝင်သည့်ပမာဏ(Pollen) ကိုလည်းတိုင်းတာဖေါ်ပြကြသည်။
Air Quality(လေထုအရည်အသွေး)
လေထုအရည်အသွေးကို တိုင်းတာရာတွင် အောက်ပါအချက်များပါဝင်သည် -
AQI(Air Quality Index) လေထုအရည်အသွေးအညွှန်းကိန်း
Ozone Concentration လေထုအတွင်းအိုဇုန်းဓါတ်ငွေ့ စုစည်းပါဝင်နှုန်း
Pollen လေထုအတွင်းလွင့်မျောပျံ့နှံ့လျှက်ရှိသည့်ပန်းဝတ်မှုန်များ
Desert Dust Concentration ကန္တာရသဲမှုန်များ စုစည်းလွင့်မျောပါဝင်မှုအခြေအနေ
Atmospheric Particulate Matter - PM10 and PM2.5 လေထုအတွင်းအမှုန်အမွှားများပါဝင်မှုနှုန်း
Sulfur Dioxide - SO2 ဆာလ်ဖါဒိုင်အောက်ဆိုက်ပါဝင်မှုနှုန်း
Carbon Monoxide - CO ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုနှုန်း
Nitrogen Dioxide - NO2 နိုက်တြိုဂျင်ဒိုင်အောက်ဆိုက်ပါဝင်မှုနှုန်း
Aerosol Optical Depth - AOD ပါဝင်မှုနှုန်း AOD ပါဝင်မှုအနည်းအများက နေရောင်ခြည်အပူဓါတ်ကိုစုပ်ယူခြင်းနှင့် နေရောင်ခြည်တိုက်ရိုက်ကျဆင်းနိုင်မှုကို တားဆီးခြင်း ၂ မျိုးအပေါ် သက်ရောက်မှုရှိသည်။
Visibility - အဝေးမြင်နိုင်စွမ်း
Pollen (ပန်းဝတ်မှုန်များ)
ပန်းဝတ်မှုန်များသည်ပေါ့်ပါးပြီး လေထုအတွင်း မိုင်းပေါင်းများစွာအထိ လွင့်မျောနိုင်ကာ လေထုအတွင်းပါဝင်မှုပမာဏတခုက လူသားတို့အသက်ရှုလမ်းကြောင်းအတွင်းဝင်ရောက်သည့်အခါ ဓါတ်မတည့်ခြင်း၊ အသက်ရှုကြပ်ခြင်းများ ဖြစ်လာနိုင်သည်။
ပန်းဝတ်မှုန်များစွာရှိသည့်အနက် မြက်ပန်းတို့၏ဝတ်မှုန်များ သည်အပြင်းထန်ဆုံးနှင့် ကုသရခက်ခဲသော လက္ခဏာအချို့ ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ စွတ်စိုသောရာသီဥတုအခြေအနေတွင် မြက်ဝတ်မှုန်သည် လေထုအတွင်းလပေါင်းများစွာအထိ ကြာမြင့်စွာ လွင့်မျောတည်ရှိနေနိုင်ပြီး မိုးရွာခြင်းကြောင့် ဝတ်မှုန်များသန့်စင်နိုင်သော်လည်း မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများက မြက်ဝတ်မှုန်များစုစည်းဖြစ်ပေါ်မှုကို ပိုမိုစေသည်။
မြန်မာနိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး စက်မှုထွန်းကားခြင်းမမြင့်မားသေးသည့် နိုင်ငံဖြစ်သည့်အားလျှော်စွာ နိုင်ငံတွင်းမှလေထုညစ်ညမ်းမှု အများစုသည် - တောင်ယာများမီးရှို့ခြင်းကြောင့်ထွက်ပေါ်လာသည့်မီးခိုးများ၊ အမှိုက်ပုံမီးလောင်ခြင်းကြောင့်ထွက်ပေါ်သည့်မီးခိုးများနှင့် လူနေရပ်ကွက်များအတွင်း အမှိုက်မီးရှို့ခြင်းကြောင့် ထွက်ပေါ်သည့်မီးခိုးများ စသည်တို့ကြောင့် မြန်မာပြည်တွင် လေထုညစ်ညမ်းမှုအဖြစ်များသည်။ အနာဂတ်ကာလတွင် မော်တော်ယာဉ်အသုံးပြုသည့်အရေအတွက်များလာပြီး လောင်စာဆီမီးခိုးငွေ့များပိုမိုထွက်ရှိလာပါက လေထုညစ်ညမ်းမှုအခြေအနေသည် ယနေ့ကြုံတွေ့ရသည့် အခြေအနေများထက်ပိုမိုလာဘွယ်ရှိနေ၏။
မြန်မာနိုင်ငံတွင်းမှ လေထုညစ်ညမ်းသည့်အခြေအနေကိုမူ အမေရိကန်သံရုံးနှင့် PTTEP သဘာဝဓါတ်ငွေ့တူးဖေါ်ရေး ထိုင်းကုမ္ပဏီတို့မှ World's Air Pollution: Real-time Air Quality Index https://www.waqi.info တွင်တင်ထားသည့်အခြေအနေကိုသာတွေ့ရသည်။
၂၀၂၄ခုနှစ်၊ မတ်လ-၁၆ ရက် ၊ နံနက် ၀၂၀၀ နာရီ
အမှုန်အမွှားလေးတွေရဲ့ လေထုထဲပါဝင်မှုနှုန်း - ၁ ကုဗမီတာအတွင်းမှာ အမှုန်အမွှားအလေးချိန်(မိုက်ခရိုဂရမ်)ဘယ်လောက်အထိပါဝင်နေလဲဆိုတာ တိုင်းတာပြီး မိုက်ခရိုဂရမ်/ကုဗမီတာ(μg/m³)နဲ့ ပြပါတယ်။ အဲ့ဒီပါဝင်မှုအနည်းအများ ပမာဏဘယ်လောက်ရှိနေတယ်ဆိုရင် လူသားများကျန်းမာရေးအတွက် ဘယ်လောက်အထိ ထိခိုက်နိုင်မယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်ထုတ်ပြန်ထားပါတယ်။
WHO ရဲ့ သတ်မှတ်ချက်က တနှစ်လုံးပျမ်းမျှ 10 μg/m³ (annual mean) နဲ့ နေ့စဉ်ပါဝင်မှု 25 μg/m³ (daily mean)ဖြစ်ပါတယ်။ နေ့စဉ်တိုင်းတာရရှိတဲ့ PM2.5 ပမာဏဟာ ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာထက်ကျော်လွန်ပါဝင်နေရင် အသက်ရှုလိုက်တိုင်း အဆုတ်ထဲကို ရောက်သွားနိုင်ပြီး အသက်ရှုလမ်းကြောင်းအတွင်းနဲ့ မျက်စေ့၊ နှာခေါင်း၊ လည်ချောင်းတွေယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းနဲ့ အသက်ရှုကြပ်လာခြင်းစတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါမယ်။
Link: https://www.mmweather.org/stories-on-facebook#h.m97vmyry072h
PM2.5 are fine particulate matter in suspension in air, which can be inhaled and enter the bloodstream through the air-blood barrier in the lungs. PM2.5 increase morbidity and mortality when people are exposed to high levels over long periods. The current guideline values of the World Health Organization for PM2.5 are 10 μg/m³ (annual mean) and 25 μg/m³ (daily mean). Different regulations apply across the world regarding warning and alert levels.
Carbon monoxide is a colorless, odorless, and tasteless gas that is slightly less dense than air.
The level of CO concentration in the troposphere is measured by a system called Parts Per Billion by Volume (PPBV).