Basic Trainings
အခြေခံမိုးလေဝသပညာလေ့လာခြင်း
၂၀၂၅ အောက်တိုဘာလ မှ စတင်၍အစွန်းရောက် ရာသီဥတု လာနီညာ(La Niña) ဖြစ်ပေါ်လျှက်ရှိပြီး ၂၀၂၆ မတ်လအထိ ဆက်လက်၍ရှိနေနိုင်သည်။
အခြေခံမိုးလေဝသပညာလေ့လာခြင်း
အခြေခံမိုးလေဝသပညာရပ်လေ့လာခြင်း အပိုင်း(၁)နဲ့ (၂)၊ ZOOM Meeting နဲ့ အရင်လုပ်ထားပြီးသားတွေကို ဒီမှာ ပြန်ပြီး embed လုပ်ပေးထားပါတယ်။ အချိန်ရရင် ရသလို ထပ်ပြီးလေ့လာသင့်တာတွေကိုလဲ meeting သဘောမျိုးမလုပ်နိုင်ရင်တောင် self-recording လုပ်ပြီးတော့တင်ပေးသွားပါဦးမယ်။
၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ရေးသားခဲ့သည်။
နိဒါန်း
မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဧရိယာအတော်များများနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ သဘာဝဘေးဒဏ်သင့်တဲ့ဒေသတွေအဖြစ်ကြေငြာခဲ့ရပြီးလူ့အသက်အိုးအိမ်စည်းစိမ်တွေများစွာ ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရတာ ရက်သတ္တပတ် ၂ ပတ်ကျော်လာပါပြီ။ ဒီလောက်ကြီးမား ပြင်းထန်တဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးမျိုး အာရှသမိုင်းတစ်လျှောက်မှာ မကြုံခဲ့ဘူးပါ လို့လဲ အပြည်ပြည်ဆိုင်ရာမိုးလေဝသပညာရှင်တွေရော မြန်မာနိုင်ငံက မိုးလေဝသပညာရှင်တွေကပါ မှတ်ချက်ချကြပြီး တအံ့တသြ လဲဖြစ်ခဲ့ကြရတယ်လို့ သိရပါတယ်။
ကျနော်ဟာစာရေးဆရာတစ်ဦးမဟုတ်သလို မိုးလေဝသ ပညာရှင်တစ်ယောက်လဲ မဟုတ်ပေမဲ့ ဒီဘာသာရပ်တွေအပေါ်စိတ်ဝင်စားလို့ အင်တာနက်နဲ့ စာအုပ်တွေကတစ်ဆင့် လေ့လာနေခဲ့တဲ့ မိုးလေဝသ ဝါသနာရှင်တစ်ယောက်ပါ၊ အခုလဲဘဲ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးဖြစ်မလာခင် ဧပြီလ ၂၈ ရက်နေ့လောက် က စပြီး ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမကွေ့အပြင် တောင်တရုတ်ပင်လယ်၊ ပစိဖိတ်အနောက်ဖျား အစရှိတဲ့ အာရှအရှေ့ခြမ်းက မုန်တိုင်းတွေဖြစ်ပေါ်မှုအခြေအနေကို စိတ်ဝင်စားလွန်းလို့ ကိုယ့်ဘာသာကိုယ် အချိန်အားရတိုင်း လေ့လာနေခဲ့မိပါတယ်။ အဲဒီလိုလေ့လာနေရင်းက မြန်မာနိုင်ငံနဲ့ အာရှတိုက်ကိုသာမက ကမ္ဘာတစ်ဝှမ်းလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးကို စတင်ဖြစ်ပေါ်ချိန်လောက် ကတည်းကစလို့လေ့လာစောင့်ကြည့်ဖြစ်ခဲ့တဲ့ အတွက် ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်ပေါ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ထုတ်ပြန်ကြေညာတာတွေ၊ အင်တာနက်ပေါ်မှာ နိုင်ငံတကာက မိုးလေဝသဌာနတွေရဲ့ ကြေငြာချက်တွေကို စုဆောင်းထားခဲ့ပါတယ်။
အခုမုန်တိုင်းစဲလို့ မုန်တိုင်းဒဏ်ခံရတဲ့ အရပ်ဒေသတွေ တစ်ခုပြီးတစ်ခု တဖြည်းဖြည်းချင်း အသက်ပြန်ဝင်လာချိန် မှာ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို ပြန်ဖတ်ရင်း မုန်တိုင်းနဲ့ပတ်သက်တဲ့ သင်္ခဏ်းစာ ရစရာ စာတစ်စောင်တော့ရေးသင့်တယ်လို့ စဉ်းစားမိတဲ့အတွက် ကျနော်တတ်သလောက်မှတ်သလောက် ဉာဏ်မီသလောက်စုစည်းရေးသားတင်ပြရတာဖြစ်ပါတယ်။
ဒီလိုသင်္ကြန်ပြီးကာစ မေလဆန်းပိုင်းအချိန်မျိုးတွေမှာ ရုံးကနေအိမ်ပြန်ရောက်ကြတဲ့အခါ လူတော်တော်များများက တီဗွီမကြည့်နိုင်ကြ ပါဘူး၊ ဘာကြောင့်လဲဆိုတော့ မီးပျက်တဲ့အချိန်တွေကပိုများနေတာကြောင့်ပါဘဲ - ကျနော်တို့ရပ်ကွက်မှာဆို မီးက ၂ ညပျက် ၁ ညလာ လိုဖြစ်နေတဲ့အခါကျတော့ ညဘက်မှာ ည ၇နာရီ ရုပ်မြင်သံကြားဇတ်လမ်းတွဲလောက်ကိုဘဲ အားမပြည့်တပြည့်သွင်းထားနိုင်တဲ့ အင်ဗာတာလေးဖွင့်ကြည့်ကြရတဲ့ အခြေအနေပါ၊ အဲဒီတော့ ရုပ်မြင်သံကြားက မုန်တိုင်းသတင်းကြေငြာတာကိုလဲ နားမထောင်နိုင်တဲ့ သူတွေကများပါတယ်။
နေ့စဉ်ထုတ်ကြေးမုံသတင်းစာတွေမှာ မုန်တိုင်းသတင်းတွေကို မြန်မာနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထည့်သွင်းကြေငြာတာကိုလဲ ကျနော်သတိထားပြီးဖတ်ခဲ့ပါတယ်။
၂၄-၄-ဝ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၃)မှာ အချိန်အခါမဟုတ်မိုးရွာမည်ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းထုတ်ပြန် ကြေညာချက် စတင်ပါရှိခဲ့ပြီး၊ ၂၅-၄-ဝ၈ ရက်နေ့ထုတ်သတင်းစာမှာတော့ ပါတာမတွေ့ရဘဲ ၂၆-၄-ဝ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၅) မှာတော့လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေမှု အရှိန်ကြောင့် အချိန်အခါ မဟုတ်မိုးရွာနိုင်ကြောင်း သတိပေး ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ တစ်ခါ ၂၇-၄-ဝ၈ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာတော့ မိုးလေဝသကြေငြာချက်မပါတော့ပြန်ဘဲ ၂၈-၄-ဝ၈ ရက်နေ့ထုတ်ကြေးမုံသတင်းစာရဲ့ စာမျက်နှာ(၁၂) မှာတော့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိကာ ကိုကိုးကျွန်း အနောက်တောင်ဘက် မိုင် ၅၅ဝ အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြာင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမှာဖြစ်ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် ၄၈နာရီ အတွင်းမိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့တာကိုဖတ်ရှုရပါတယ်။ ၂၉-၄-ဝ၈ ရက်နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ(၆) မှာတော့ ဆိုင်ကလုန်းမုန်တိုင်း နာဂီ ဆိုတဲ့အမည်ပါထည်သွင်း ဖေါ်ပြလာပြီး ကိုကိုးကျွန်းအနောက်မြောက်ယွန်းယွန်း မိုင် ၅၄ဝ အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တစ်လျောက်မှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ၃ဝ-၄-ဝ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၃) မှာ ဆိုင်ကလုန်းမုန်တိုင်းကြီးနာဂစ်ဟာ သိသိသာသာအားကောင်းလာခြင်းမရှိဘဲ အရှေ့မြောက်ဘက်ကို ဖြေးညှင်းစွာရွေ့လျားနေတယ် လို့ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင် ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းပေးပို့ချက် လို့ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။
၁-၅-ဝ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၂) မှာလဲ မုန်တိုင်းကြီးရဲ့အရှိန်ကြောင့် မိုးသက်လေပြင်းကျပြီးလှိုင်းကြီးနိုင် ဆိုတဲ့ခေါင်းစဉ်နဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ ပုသိမ်မြို့အနောက်တောင် ယွန်းယွန်း မိုင် ၄၈ဝ အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဲဒီမုန်တိုင်းကြီးဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာခြင်း မရှိဘဲအရှေ့မြောက်စူးစူးသို့ဆက်လက် ရွေ့လျားမည် ဟုခန့်မှန်းရသည်ဆိုပြီး မိုးသက်လေပြင်းကျမည်၊ လှိုင်းကြီးမည် ဆိုတာကို ဖေါ်ပြထားတဲ့ သတင်းစဉ်သတင်း အနေနဲ့ ဖေါ်ပြရေးသားထားတာကို ဖတ်ရှုရပါတယ်။
၂-၅-ဝ၈ ရက်နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ(၁၁)မှာတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံဘက်သို့ဦးတည်၊ ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်းဒီရေတက်နိုင်၍ သတိပြု ဆိုတဲ့ခေါင်းစည်းမည်းကြီးနဲ့မုန်တိုင်းကြီးရဲ့ဓါတ်ပုံကိုပါထည့်သွင်းဖေါ်ပြထားပြီး လေတိုက်နှုန်းတစ်နာရီမိုင် ၁ဝဝ ခန့်ရှိပြီး၊ မုန်တိုင်းအချင်းဝက်မှာ မိုင် ၁ဝဝ ခန့် ရှိကြောင်း၊ မုန်တိုင်းအရွယ်အစားကြီးမားမှုကြောင့် ရန်ကုန်မြို့သည်လည်း မုန်တိုင်းအရှိန်ခံစားရနိုင် ကြောင်း၊ ပြည်သူများမုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး နှင့် စိုးရိမ်မှုလွန်ကဲခြင်းမဖြစ်ပေါ်ကြရန်လိုပါကြောင်း ဆိုပြီး မိုး/ဇလ ညွှန်ချုပ်ဦးထွန်းလွင် ကိုယ်တိုင်ပြောတာကို သတင်းဆောင်းပါးအနေနဲ့ ရေးသားဖေါ်ပြထားတာကို ဖတ်ရှုရတဲ့အပြင် စာမျက်နှာ(၁၁) မှာဘဲ ဆိုင်ကလုန်း မုန်တိုင်းကြီး ပိုမိုအားကောင်းလာ-ဧရာဝတီတိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည် ဆိုတဲ့ ခေါင်းစဉ်နဲ့ မေလ(၁)ရက်နေ့ ည ၇နာရီ ထုတ်ပြန်ချက်ဆိုပြီး မုန်တိုင်းဗဟိုချက်ဟာ ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းမြောက်ပိုင်းဒေသအတွင်းသို့ နောက်(၃၆)နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရသည် ဆိုတာအပြင် မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်စဉ် ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်း မြောက်ပိုင်းကမ်းရိုးတမ်း ဒေသများတွင် ရေပြင်မြေပြင်လေ တစ်နာရီ မိုင် ၅ဝ အထိတိုက်ခတ်နိုင်သည်၊ မုန်တိုင်း ဒီရေသည် ပုံမှန်ဒီရေအမြင့်များ အထက် ၈ ပေမှ ၁ဝပေအထိ မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ ဦးစီးဌာနကထုတ်ပြန်တယ် လို့ ရေးသားထားတာ ဖတ်ရှုရပါတယ်။
ဒါပေမဲ့ အဲဒီ ၂ ရက်နေ့ထုတ်သတင်းစာဟာ မေလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ ရန်ကုန်မှာရှိတဲ့ ကျနော့်အိမ်မှာဖတ်ရပေမဲ့ ဧရာဝတီတိုင်းအတွင်းက ဒေသတွေမှာတော့အချိန်မီဖတ်ရှုနိုင်ခြင်း ရှိ၏ / မရှိ၏ ကျနော် မခန့်မှန်းတတ်ပါ။ သတင်းစာမှာလဲ မိုးလေဝသ အထူးသတင်းထုတ်ပြန်ချက်တွေဟာ ဟိုစာမျက်နှာရောက်လိုက် ဒီစာမျက်နှာရောက်လိုက်ဖြစ်နေတာမို့ တချို့လဲ သတိမထားလိုက်မိကြောင်း၊ တချို့လဲ ဖတ်ရှုပြီးပေါ့ပေါ့တန်တန် အမှုမဲ့အမှတ်မဲ့ နေလိုက်ကြတယ် လို့ သိရပါတယ်။
ဒီနာဂစ် မုန်တိုင်းကြီးဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်တိုင်း တစ်ခုလုံးကို အခုလောက်အားပြင်းပြင်း အချိန်ကြာကြာနဲ့ လမ်းကြောင်းရှည်ရှည် တိုက်ခတ်သွားမယ်လို့လဲ ဘယ်သူမှမထင်မိထားတဲ့အတွက်ကြောင့် ရယ်၊ သမိုင်းကြောင်းမှာဒီလောက် ပြင်းထန်တဲ့ မုန်တိုင်းမျိုး တစ်ခါဘူးမှ မကြုံခဲ့ဘူးကြတာကြောင့်ရယ် အလေးမထားဖြစ်ခဲ့ကြ၊ ပေါ့ပေါ့တန်တန်သဘောထားဖြစ်ခဲ့ကြတာ ဟာလဲ သင်္ခဏ်းစာယူစရာပါ။
ကျနော့်အတွက် ကံကောင်းတာက အင်တာနက်ပေါ်မှာ http://www.weather.gov.sg/ ကတဆင့် သိရတဲ့ MTSAT နဲ့ MET-7 မိုးလေဝသဂြိုဟ်တုတွေက ဓါတ်ပုံတွေနဲ့ အဲဒီ စင်္ကာပူအစိုးရတင်ထားတဲ့ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်တွေကို အခြေခံတွက်ချက်ကြည့်ပြီးတော့ မုန်တိုင်းဝင်မဲ့နေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ဖုန်းဆက်ပြီးတော့ အိမ်ကမိသားစုဝင်တွေကို နာဂစ်မုန်တိုင်းတော့ဝင်လာလိမ့်မယ် ပြင်းပြင်ဝင်လာလိမ့်မယ်လို့ ကြိုတင်ပြောထားနိုင်တယ်၊ အထုပ်အပိုးတွေလဲပြင်ခိုင်းထားပြီး သိပ်ဆိုးလာရင်တော့ ဘယ်နေရာကိုရှောင်ပြေးကြမယ်ဆိုတာကိုလဲ တိုင်ပင်ထားချိန်ရလိုက်ပါတယ်။ (ရန်ကုန်မြို့ပေါ်က တချို့သံရုံးတွေ ဆိုရင် သစ်ပင်တွေဘာတွေတောင် ခုတ်ချိန် ရှင်းချိန်ရလိုက်တယ်လို့ သိရပါတယ်)
မေလ ၂ ရက်နေ့ ည ၁ဝနာရီခွဲလောက်မှာ လေတွေ စ တိုက်လာခဲ့ပေမဲ့ ပျော့ပျော့နဲ့စ လာတဲ့အတွက် ကျနော်တို့ မကြောက်ကြပါဘူး၊ လေမုန်တိုင်းသတင်းကို MRTV-4 မှာ news bar နဲ့ထိုးပြ ကြေငြာထားပေမဲ့ ဒီ လေ လောက်ကတော့ဆိုတဲ့ ပုံနဲ့ တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အပြုံးမပျက်၊ အရယ်မပျက်ကြပါဘူး နာဂစ်ရယ် မြန်မြန်လာစမ်းပါ ဘာညာနဲ့ သီချင်းတောင်ဆိုနေကြပါသေးတယ်။ ၁၂ နာရီလောက်ကျတော့ အိပ်ချင်လာတာနဲ့ မှေးကနဲအိပ်ပျော်သွားပါတယ်၊ အပြင်မှာလေတွေကတော့ တော်တော်ပြင်းစပြုလာပါပြီ၊ ဒါပေမဲ့ ဒီလောက်ကတော့ ကိစ္စမရှိဘူး ဒို့အိမ်ကခံနိုင်ရည်ရှိပါတယ် ရပါတယ်ပေါ့ - ခပ်ပေါ့ပေါ့ဘဲ အိပ်လိုက်ပါတယ်။
၂နာရီကျော်ကျော်လောက်မှာ အိမ်ခေါင်မိုးပေါ်ကို အရှိန်နဲ့လာကျတဲ့ သရက်ကိုင်းအသံ ဒိုင်းကနဲကြားရတော့မှ အိပ်ရာက လန့်နိုးပါရော၊ လေသံတွေကလဲ တဝေါဝေါ မြည်နေပါပြီ၊ အပြင်ကိုကြည့်ချင်လို့ တံခါးဖွင့်လိုက်တော့ ဘုရားရေ ကျနော်တို့အိမ်ရှေ့က သပြေပင်ကြီး တဝေါဝေါမြည်သံကြီးနဲ့အတူ အိမ်ဘက်ကို လဲကျလာတာ အမှောင်ထဲမှာမြင်လိုက်ရတယ်။ သစ်ပင်လဲကျတဲ့အသံကိုတောင်မှ လေသံကလွှမ်းထားနိုင်တော့ လေတိုက်သံဘယ်လောက်ပြင်းတယ်ဆိုတာ အခုမှ စဉ်းစားကြည့်ရင်းကြက်သီးမွေးညင်းထမိပါတယ်။ အိမ်တံခါးဖွင့်ပြီးအပြင်ကိုကြည့်ဖို့လုပ်တာ လေတွေတအားတိုးနေတော့ တံခါးကလွယ်လွယ်ဖွင့်လို့မရပြန်ဘူး၊ လေကတအားတိုးနေတာ ကိုး အဲဒီလေအားကိုပြန်မတိုးနိုင်ဘူးဖြစ်နေတာဗျ၊ အတင်းလေတိုးနေတာကိုဆန်တွန်းပြီး ဖွင့်လိုက်တော့ ပွင့်သွားတယ် အိမ်ထဲကို သစ်ရွက်အပိုင်းအစတွေ တလှေကြီးလေနဲ့အတူတိုးဝင်လာကြလေရဲ့။ လေတိုက်နေတဲ့နှုန်းကိုခံစားလိုက်ရတော့ မျက်လုံးလဲအတော်ပြူး သွားမိတယ်။ ကြားဘူးနားဝမှတ်သား ထားမိတာလေးနဲ့ အုန်းပင်တွေကို မီးထိုးကြည့်မိတော့ အုန်းလက်တွေပြတ်ကျနေတာကို တွေ့ရတယ် အုန်းပင်ပြတ်ကျအောင်တိုက်လာရင် အဲဒီလေတိုက်နှုန်းဟာ တစ်နာရီကို မိုင်တစ်ရာနှုန်းလောက်ရှိတော့မှာ လို့ ကျနော့်ဆရာကြီးတစ်ယောက်က ပြောဖူးတာကို နားထဲမှာ ပြန်ပြီးကြားယောင်လာမိတယ်လေ။
အပြင်မှာလျှပ်စီးတစ်ချက်တစ်ချက်လက်တာတွေ့ရတယ် ဒါပေမဲ့လျှပ်စီးလက်တဲ့အရောင်က သာမန်လျှပ်စီးလက်သလို ဖြူတဲ့အရောင်မဟုတ်ဘဲ စိမ်းပြာရောင်ကြီးဖြစ်နေတာသတိထားမိတယ်။ မုန်တိုင်း အထူးသဖြင့်ဆိုင်ကလုန်းမုန်တိုင်းဆိုတာ ဒီလိုကြီးနဲ့တူပါရဲ့ဆိုတဲ့အတွေးလဲဝင်လာတယ်။ တဖြည်းဖြည်းညဉ့်နက်လာလေ လေပိုပြင်းလာလေ၊ အိမ်ဘေးမှာရှိတဲ့သစ်ပင်တွေလဲတဲ့ အသံနဲ့သစ်ကိုင်းတွေကျိုးတဲ့အသံတွေ တဖြောင်းဖြောင်းပိုကြားရလေဘဲ၊ လေတိုးတဲ့အသံရှည်ကြီးတဝှီးဝှီးနဲ့ အရင်ကြားရပြီး ခဏနေတော့ သစ်ပင်တွေကို တဝုန်းဝုန်းနဲ့လေတိုးတဲ့ အသံဆက်တိုက်ကြားရပြန်တယ်။
ကျနော့်အိမ်ကနဲနဲနိမ့်နေတော့ သက်သာနေတယ်ထင်ရတာဘဲ ဒါပေမဲ့ အိမ်ခေါင်မိုးအထက် ၁ဝ ပေ ၁၅ ပေ လောက်မှာ တိုက်နေတဲ့ လေတိုးသံကို အတိုင်းသားကြားနေရတာ တခါမှမကြုံဘူးပါဘူးဗျာ ခဏလေးလဲမဟုတ်ဆက်တိုက် အချိန်အကြာကြီး။ အပြင်ကို ဘက်ထရီ ဆလိုက်မီးကြီးနဲ့ထိုးကြည့်တော့ မိုးရေဟာရေပေါက်တွေအနေနဲ့တောင်မကျတော့ဘဲ ရေမှုန်တွေအနေနဲ့ လေပြင်းပြင်းမှာလွင့်နေတာကိုတွေ့ရတယ်။ လေထဲမှာ သစ်ရွက်တွေနဲ့သစ်ကိုင်းတွေဟာ မြေပြင်နဲ့တစ်ပြေးတည်း ၁၈ဝံ ရေပြင်ညီမျဉ်း အတိုင်း အရှိန်ပြင်းပြင်းပြေးနေကြတာတွေ့ရတော့ တော်တော်တန်တန်လေတိုက်နှုန်းတော့ မဟုတ်ဘူးဆိုတာ သတိထားလိုက်မိတာပေါ့။ တဖြည်းဖြည်းနဲ့ မနက်အရုဏ်တက်ချိန်ရောက်လုနီးလာလေ ပိုပြင်းလာလေဘဲ။ အလင်းရောင်လေးရတော့ အိမ်အပြင်ကိုလေကွယ်တဲ့ ပြူတင်း တစ်ပေါက်ကနေ ဖွင့်ကြည့်လိုက်တယ်၊ အိမ်နားက သွပ်ပြားတွေနဲ့ဂိုဒေါင်ကြီးလဲ အပေါက်တွေနဲ့ဖြစ်နေပြီ၊ အရင်က အုံ့ဆိုင်းနေတဲ့ပိတောက်ပင်ကြီးတွေ ကုက္ကိုလ်ပင်ကြီးတွေ မရှိတော့ဘဲ ကျနော့်အိမ်ပတ်ဝန်းကျင်ဟာ ဟင်းလင်းပြင်ကြီးဖြစ်သွားတာ တွေ့ရတယ်၊ သစ်ပင်အကိုင်းအခက်တွေ၊ သွပ်ပြားအပိုင်းအပြတ်တွေ၊ သစ်တိုသစ်စတွေ မွစာကြဲနေတာပေါ့၊ လေကတော့ ရပ်မသွားသေးဘဲ ပိုပြီးပြင်းတောင်လာသေးတယ်ဗျ၊ အိမ်က သွပ်ပြားတွေ သံချက်ကနေရုန်းတဲ့အသံတွေလဲ မနက် ၇နာရီကျော် လောက်မှာ စပြီးမြည် လာတယ်၊ ကံကောင်းလိုက်ပြန်တာက အိမ်အမိုးက သွပ်တွေတစ်ချပ်မှပြုတ်ထွက်-လန်ထွက်မသွားဘူး၊ ခေါင်အုပ်တောင်ကွာမသွားဘူး၊ ဘယ်ကွာမလဲ ကျနော့်အိမ်က အနိမ့်ပိုင်းမှာ ပြီးတော့ကုန်းမြင့်လေးကလဲ ကာကွယ်ပေးထားသလို ဖြစ်နေပေလို့ပေါ့။ နောက်ပြီးကုန်းမြင့်လေးပေါ်မှာလဲ သစ်ပင်ကြီးတွေမရှိဘူးလေ။
ခုလိုအချိန်ကျမှတော့ အိမ်ထဲက အပြင်ထွက်ပြီးဒီထက်ပိုလုံခြုံနိုင်မဲ့နေရာကိုရွှေ့လို့မဖြစ်တော့ဘူးဆိုတာလဲ သိလိုက်ရတယ်၊ လေပြင်းမုန်တိုင်းကျနေတဲ့အချိန်မှာ လွင့်လာတဲ့ သစ်ကိုင်းတွေ သစ်ပင်တွေနဲ့ အိမ်တွေက ပြုတ်ထွက်လာတဲ့ သွပ်ပြားတွေ သစ်ချောင်းတွေရဲ့အန္တရာယ်ကိုလဲ ထည့်မတွက်လို့ မဖြစ်ဘူးမဟုတ်လား။ အဲဒါနဲ့ အိမ်တိုင်တွေကိုကိုင်ကြည့်တော့ လေတွေ တိုးတိုက်နေတာတောင် အိမ်က မလှုပ်ဘူး ဒါဆိုရင်ဒို့မိသားစု ဒီနေရာမှာဆက်နေတာအန္တရာယ်ပိုကင်းတယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ဒီအိမ်ထဲကနေဘယ်မှမခွာကြဘူးပေါ့။
ည ၂ နာရီလောက်က စ ပြီး တစ်ညလုံးမအိပ်ရသေးပေမဲ့ မနက်အရုဏ်တက်ချိန်အထိ မအိပ်ချင်ဘူး၊ လေသံတဝုန်းဝုန်းကြားနေတော့ ဘယ်အိပ်နိုင်ပါ့မလဲ၊ ဗိုက်ဆာလာရင်ကော်ဖီဖျော်သောက်လိုက်၊ လေသံတွေပြင်းလာရင် ဇက်ကလေးတွေပုနေလိုက်၊ လေသံနဲနဲပျော့သွားရင် ထကြည့်လိုက်နဲ့ နေလိုက်တာ နေ့လည် ၁၂ နာရီခွဲကျော်တော့မှ မောင်မင်းကြီးသား နာဂစ် ရဲ့အသံပျော့ကျသွားတယ်။ အိမ်ပတ်ဝန်းကျင်မြင်ကွင်းကတော့ဗျာ ဘာကြီးနဲ့တူသွားတယ်လို့ ပြောရမှန်းကိုမသိတော့ပါဘူး၊
အိမ်တွေအပြိုပြိုအလဲလဲ သစ်ပင်တွေတရုန်းရုန်းလဲကျပြန့်ကျဲနေတဲ့မြင်ကွင်းကြီးဖြစ်လာဖို့ နာဂစ်က ၁၂ နာရီနဲ့ မိနစ် ၃ဝ ကျော်အောင် တိုက်ခိုက်တာခံလိုက်ရတဲ့ ရွာပျက်ကြီးလို ဖြစ်သွားတော့တာပါဘဲ။
နာဂစ် လို့ အမည်ပေါက် သွားတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်လာပုံကို ဒီနေရာမှာ အလျဉ်းသင့်လို့ နဲနဲ တော့ ဆွေးနွေးပါရစေ။
၂ဝဝ၈ ခုနှစ် ဧပြီလ နောက်ဆုံးပတ်ထဲမှာ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ရဲ့ အရှေ့/အရှေ့တောင်ဘက် ၁၁၅ဝ ကီလိုမီတာ(၇၁၅ မိုင်) အကွာမှာ လေဖိအားနည်းရပ်ဝန်းငယ်ငယ်လေးတစ်ခုအနေနဲ့ စတင်ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေကနေ ဧပြီလ ၂၇ ရက်နေ့ မနက် ဝ၉း၃ဝ နာရီမှာတော့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာန (India Meteological Department - IMD) ရဲ့အဆိုအရ လေဖိအားနည်းရပ်ဝန်းလေးဟာ စတင်လို့ အားကောင်းလာခဲ့ပါတယ်၊ နောက် ၉ နာရီအကြာမှာ ပိုမိုအားကောင်းလာခဲ့ပြီး နောက်တစ်နေ့ ဧပြီလ ၂၈ ရက် မြန်မာစံတော်ချိန် ည ၁၂ နာရီ၊ အိန္ဒိယစံတော်ချိန် မနက် ၅နာရီခွဲမှာ Joint Typhoon Warning Center က Tropical Cyclone 01B လို့စတင်သတ်မှတ်ခဲ့တာကြောင့် IMD ကလဲဘဲ "ဆိုင်ကလုန်း နာဂစ်" လို့ သမိုင်းတွင်ရစ်မဲ့ အမည်ကို စတင်ပေးခဲ့ပါတယ်၊ ("နာဂစ်" ဆိုတာဟာ အူရဒူ ဘာသာစကားနဲ့ မြစ်ဥမှပေါက်သော အဝါရောင်ပန်းပွင့် (daffodil) လို့ အဓိပ္ပါယ်ရကြောင်း မှတ်သားရပါတယ်) ၊ အဲဒီအချိန်မှာ နာဂစ်ဟာ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ရဲ့ အရှေ့ဘက် ၅၅ဝ ကီလိုမီတာ (၃၄ဝ မိုင်)လောက်မှာဗဟိုပြုနေပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေးဖြေးလေးရွေ့နေတာဖြစ်ပါတယ်။
အဲဒီလိုဖြေးဖြေးလေးရွေ့နေတာကိုက သူ့ရဲ့ဦးတည်ရာလမ်းကြောင်းတွက်ချက်ခန့်မှန်းမှုတွေကို အမျိုးအမျိုးပြောင်းလဲစေတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဧပြီလ ၂၈ ရက်နေ့မှာတော့ JTWC ကရော IMD ကပါ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်အတည်ပြုခဲ့ကြပါတယ်။ Saffir-Simpson ရဲ့ ဟာရီကိန်းမုန်တိုင်းတွေရဲ့ စကေးထဲက အနိမ့်ဆုံးအဆင့် ဘဲရှိပါတယ် လို့ဆိုပါတယ်။ သို့ပေမဲ့ "နာဂစ်"ကတော့ သူအင်အားကြီးမားကြောင်းပြသဖို့ သူ့ခန္တာကိုယ်ကြီးရဲ့အလယ်ကနေ အားကောင်းတဲ့ "မုန်တိုင်းမျက်စေ့ကြီး - a concentric eye feature" စတင်ပြသ လာခဲ့ပါတယ်။ ဧပြီလ ၂၉ ရက်နေ့ မှာ ရေပူတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတဲ့ မုန်တိုင်းမျက်စေ့ ပေါ်လာပြီးတဲ့နောက်မှာတော့ JTWC နဲ့ IMD တို့က မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆ဝ ကီလိုမီတာ(မိုင် ၁ဝဝ) နှုန်းရှိလာပြီး အားအလွန်ကောင်းတဲ့ မုန်တိုင်းကြီးဖြစ်လာပြီလို့ ပြောင်းလဲ သတ်မှတ်ခဲ့ကြပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံ တောင်ဘက်ကမ်းခြေ သို့မဟုတ် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကမ်းခြေတွေကို ဖြတ်ကျော်ဝင်ရာက်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။
စင်္ကာပူနိုင်ငံ မိုးလေဝသဌာနက ၂၉ ရက်နေ့မှာထုတ်ပြန်တဲ့ သတင်းအရ ဧပြီလ ၂၉ ရက် နံနက် မြန်မာစံတော်ချိန် ဝဝး၃ဝ နာရီမှာ "နာဂစ်" ဟာ တစ်နာရီကို ၃ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေပြီး ဦးတည်ရာ အရပ်ဟာ heading 360 degree (မြောက်ဘက်စူးစူး) ဖြစ်ပြီးတော့ မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်ကနေ ၉ဝ မိုင်နှုန်း၊ ဒီလှိုင်းအမြင့် ၆.၁ မီတာ (၂ဝ ပေ) ရှိတယ် လို့ ဖေါ်ပြခဲ့ပါတယ်။
ဒါကြောင့်လဲ "နာဂစ်"ဆိုင်ကလုန်းမုန်တိုင်းဟာ JTWC နဲ့ IMD က ခန့်မှန်းခဲ့သလို အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက်ကမ်းခြေ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန်မှန်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဧပြီလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန်မနက် ၆ နာရီခွဲမှာတော့ မုန်တိုင်းဦးတည်ရာလမ်းကြောင်းဟာ heading 030 degree (အရှေ့မြောက်ဘက်) ကို ချိုးလာပါတယ် ရွေ့လျားနှုန်းဟာလဲ တစ်နာရီကို ၆ ကီလိုမီတာနှုန်းဖြစ်လာပြီးတော့ မုန်တိုင်းဗဟိုက ဒီရေအမြင့်ဟာ ၈.၂ မီတာ (၂၇ ပေ) အထိရှိလာပါပြီ။ JTWC နဲ့ IMD ကတော့ ဆိုင်ကလုန်းမုန်တိုင်း "နာဂစ်" ဟာ လေထုခြောက်သွေ့မှုကြောင့် မုန်တိုင်းဗဟိုချက်မှာ ရုတ်တရက် အားပျော့သွားပြီးတဲ့နောက် အထက်ကဖေါ်ပြခဲ့တဲ့အတိုင်းလမ်းကြောင်းပြောင်းသွားပေမဲ့ မုန်တိုင်းအပြင်ထုကြီးရဲ့ အရှိန်အဟုန်ကတော့ ကျ မသွားဘူးအားကောင်းနေဆဲပါဘဲ၊ သို့သော် မိုးလေဝသဂြိုလ်တုဓါတ်ပုံတွေမှာပြသနေတဲ့ မုန်တိုင်းဗဟိုသိတ်သည်းဆပြောင်းလဲမှုအခြေအနေကိုကြည့်ပြီး အားပျော့ကောင်းပျော့သွားနိုင်တယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၉ရက်နေ့ ညနေပိုင်းမှာ ပြန်လည်အင်အားကောင်းလာခဲ့ပြီး မေလ ၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ဝဝး၃ဝ နာရီမှာတော့ ဦးတည်ရာ 050 degree (အရှေ့မြောက်ယွန်းယွန်း)၊ ရွေ့လျားနှုန်း တစ်နာရီ ၅ ကီလိုမီတာနဲ့ ပြန်လည်အသက်ဝင်လာလိုက်တာ ၁၉ ကီလိုမီတာ(၁၂ မိုင်လောက်) အချင်း ပမာဏရှိတဲ့ မုန်တိုင်းမျက်စေ့ကိုလဲ သိသိသာသာထင်ထင်ရှားရှားမြင်လာရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၂ ရက်နေ့ နံနက်ပိုင်းမှာတော့ JTWC က "နာဂစ်"မုန်တိုင်းဟာ အရှိန်အမြင့်ဆုံးလေတိုက်နှုန်း (တစ်နာရီ ၂၁၅ ကီလိုမီတာ- ၁၃၅ မိုင်နှုန်း) အထိရှိလာနေပြီ မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်ကို ဦးတည်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေလ ၂ ရက်နေ့ မနက် ဝ၆း၃ဝ နာရီမှာ "နာဂစ်"ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့ ဦးတည်ရာလမ်းကြောင်းဟာ 090 degree (အရှေ့ဘက် စူးစူး) ကိုပြောင်းလဲနေပြီး ရွေ့လျားနှုန်း တစ်နာရီကို ၉ကီလိုမီတာနှုန်း အထိမြင့်တက်လာခဲ့ပါတယ်။ မုန်တိုင်းဗဟိုမှာလေတိုက်နှုန်းကလဲ အမြင့်ဆုံးအခြေအနေကို ရောက်နေပြီးတော့ ဒီလှိုင်းအမြင့် ၆.၄ မီတာ(၂၁ ပေ) နဲ့ မြန်မာနိုင်ငံ မော်တင်စွန်းအနီးကဖြတ်ကျော်ဝင်ရောက် တော့မယ်လို့ အတိအကျခန့်မှန်းချက်ကို စင်္ကာပူနိုင်ငံစံတော်ချိန် ၁၂ နာရီ ၂မိနစ်မှာ စင်္ကာပူနိုင်ငံ မိုးလေဝသဌာနက အင်တာနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
JTWC နဲ့ IMD ကတော့ "နာဂစ်"ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ မုန်တိုင်းဗဟိုလေတိုက်နှုန်းအမြင့်ဆုံးတစ်နာရီ-၂၁၅ ကီလိုမီတာ(တစ်နာရီ ၁၃၅ မိုင်နှုန်းနဲ့) မြန်မာနိုင်ငံ ကမ်းရိုးတန်းကိုချဉ်းကပ်နေပါပြီလို့ မေလ ၂ ရက်နေ့ အစောပိုင်းမှာမှထုတ်ပြန်ကြေငြာခဲ့တာတွေ့ရပါတယ်။ "နာဂစ်" ဟာကမ်းရိုးတန်းကိုဝင်ရောက်ပြီးရင် ဦးတည်ရာလမ်းကြောင်းဟာ မုတ္တမ ပင်လယ်ကွေ့နဲ့ နီးတာကြောင့် တဖြည်းဖြည်းချင်း အချိန်ယူပြီးမှသာ အားပျော့သွားလိမ့်မယ်၊ ရန်ကုန်မြို့မြောက်ပိုင်းကို ၁၃ဝ ကီလိုမီတာနှုန်း (တစ်နာရီ မိုင် ၈ဝ နှုန်း) နဲ့တိုက်ခတ်ပြီး အရှေ့မြောက်ဘက်ကို ဆက်လက်တိုက်ခတ်သွားဦးမယ်လို့ IMD က ဖြည့်စွက် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
"နာဂစ်"ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်လို့ နိုင်ငံတကာ မိုးလေဝသဌာနကြီးတွေက သတင်းတွေကို ထုတ်ပြန်ခဲ့ပေမဲ့ ဒီသတင်းတွေကို အတည်ပြုနိုင်တဲ့အချိန်ကတော့ (ဘယ်နေရာအတိအကျကို ဘယ်လိုတော့ ဝင်တိုက်မှာဆိုတာကို) မုန်တိုင်း တော်တော်လေးနီးမှသာ ထုတ်ပြန်နိုင်ခဲ့ကြတာကိုတွေ့ရပါတယ်၊ အတိအကျ မုန်တိုင်းဒဏ်ခံစားကြရမဲ့ပြည်သူလူထုအတွက် တစ်ရက်(၂၄ နာရီ) တောင်မှ အချိန်မရနိုင်ဘူး ဆိုတာတွေ့ရပြန်ပါတယ်။ ၂ ရက်လောက်အလိုမှာ ဒီဘက်ကိုတော့လာနေပြီဆိုတာ ခန့်မှန်းနိုင်ပေမဲ့ မုန်တိုင်းရဲ့အလွန်အင်အားပြင်းထန်တဲ့ ဗဟိုချက်ဟာ ဘယ်နေရာအတိအကျ ကိုဝင်လာနိုင်တယ် ဆိုတာကိုတော့ ၃-၄ ရက်လောက်ကြိုပြီး မခန့်မှန်းနိုင်သေးဘူး သို့မဟုတ် ခန့်မှန်းချက်ထုတ်ပြန်လိုက်ရင်(ဒေသခံလူထု အထိတ်တလန့် ဖြစ်ကုန်မှာစိုးလို့)မထုတ်ခဲ့ကြဘူးလို့ ကျနော်စဉ်းစားမိပါတယ်။
ဒီနေရာမှာ ဆက်သွယ်ရေးစနစ်တွေ၊ မုန်တိုင်းသတိပေးစနစ်တွေ နဲ့ အချိန်မီကယ်ဆယ်ရေးစီမံချက်တွေ ရေးဆွဲပြင်ဆင်ထားတာ၊ လေ့ကျင့်ထားတာမှာ အားနည်းချက်ရှိနေတဲ့ ကျနော်တို့မြန်မာနိုင်ငံက မုန်တိုင်းလမ်းကြောင်းပေါ်တိုက်ရိုက်ကျခဲ့တဲ့ လူထုဟာ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေမှာလို အချိန်မီရွှေ့ပြောင်းပေးနိုင်တဲ့ အခြေအနေနည်းပါးတာကြောင့် အခုလို အသေအပျောက် အလွန်များတဲ့ မုန်တိုင်းကြီးဝင်လာနေတာကြိုတင်သိခဲ့ပေမဲ့လဲ သဘာဝကပ်ဘေးကြီးရဲ့ဒဏ်ကို မရှုမလှခံလိုက်ရတာဘဲ ဖြစ်တယ်လို့ ကျနော် သုံးသပ်တင်ပြလိုက်ရပါတယ်။
၂၀၀၈ ခုနှစ်က အားနည်းချက်တွေက အခုဆိုရင်အတော်လေးခေတ်မီနေပါပြီ၊ မုန်တိုင်းလမ်းကြောင်းခန့်မှန်းနိုင်တာတွေလဲ ပိုပြီး တိကျလာပြီး၊ ပိုမှန်လာပါတယ်။ တခါသေဖူးပျဉ်ဖိုးနားလည်ရမဲ့ ကျနော်တို့ နိုင်ငံသားတွေအတွက် ဆိုင်ကလုန်းမုန်တိုင်းကြီးတွေကြောင့် နောက်တခါ ပျဉ်ဖိုးထပ်နားလည်ရဦးမှာမျိုးတော့ မဖြစ်ချင်တော့ပါဘူးဗျာ။
မြန်မာနိုင်ငံသားအားလုံး သဘာဝဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်ကြပါစေ။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ နေ့လည် ၁၂ နာရီ
=====
ရာသီဥတုပြောင်းလဲခြင်းနဲ့ သစ်တောပြုန်းတီးမှုများရဲ့ အကျိုးဆက်ကို ကျနော်တို့ စတင်ထိတွေ့ခံစားနေရတာ ဆယ်စုနှစ်တခုစာမက ကြာခဲ့ပါပြီ။
မိုးခေါင်လာတာ၊ မုန်တိုင်းတွေနဲ့ ရေနဲ့ပတ်သက်တဲ့သဘာဝဘေးတွေ အဖြစ်များလာတာစသည်ဖြင့် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်မှုနည်းပါးတာကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပြင်းပြင်းထန်ထန်ခံလာကြရတာက သက်သေပါဘဲ။
Global Forest Watch မှာ တွေ့ရတဲ့ ၂၀၂၃ ခုနှစ်က မီးလောင်ခြင်း၊ မီးရှို့ခြင်း၊ ခုတ်ထွင်ခြင်း စသည်တို့ကြောင့် သစ်တောပြုန်းတီးခြင်းအခြေအနေတွေကို လေ့လာကြည့်တဲ့အခါ ...
လူတို့နေထိုင်ရန်မြေကွက်များအတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာလုပ်ငန်းချဲ့ထွင်ရန် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ သဘာဝအတိုင်းသစ်တောမီးလောင်ခြင်းနှင့် သဘာဝအတိုင်းသစ်တောများမီးလောင်မှုဖြစ်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ သစ်တောဧရိယာဆုံးရှုံးမှု ပမာဏသည် ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၃ သိန်းကျော်ရှိခဲ့ကြောင်း Global Forest Watch တွင်တွေ့ရပါတယ်။
၂၀၁၈ ခုနှစ်မှ ၂၀၂၁ အထိ အထက်ပါအကြောင်းများကြောင့် သစ်တောဧရိယာဆုံးရှုံးမှုများမြင့်တက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အနည်းငယ်ပြန်လည်လျော့ကျခဲ့ကြောင်းလည်းတွေ့ရပါသည်။ ၂၀၂၃ ခုနှစ်တွင် ပြန်လည်မြင့်တက်ခဲ့ရာ သစ်တောဆုံးရှုံးမှုပမာဏ ဟက်တာ ၃ သိန်း(ဧက ၇ သိန်းလေးသောင်းကျော်)ရှိခဲ့ကြောင်းတွေ့ရပါတယ်။
ပြည်နယ်တိုင်းများအလိုက်လေ့လာရာတွင် ရှမ်းပြည်နယ်သည်အများဆုံးဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ဟက်တာ ၁၀၃ သိန်းကျော်(ဧက ၂ သိန်း ၅ သောင်း ၄ ထောင်ကျော်)ရှိခဲ့ကြောင်းတွေ့ရပါတယ်။ အခြားပြည်နယ်တိုင်းများမှ သစ်တောပြုန်းတီးမှုများသည် ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်လောက်မများပါ။
"အရင်းစစ်တော့ အမြစ်မြေက" ဆိုသလို ဒီနေ့ ကျနော်တို့ တွေ့ကြုံခံစားနေကြရတဲ့ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားတွေဟာ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပြုစုမှု၊ ထိန်သိမ်းစောင့်ရှောက်မှုတွေအားနည်းပြီး ပျက်စီးဆုံးရှုံးစေခြင်းတွေကများနေလို့ ဖြစ်လာတာပါဘဲ။
ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ သဘာဝပတ်ဝန်းကျင်ကောင်းကောင်းအောက်မှာ အေးချမ်းဘို့အတွက် သဘာဝပတ်ဝန်းကျင်ကြီး စိတ်ခု-စိတ်ဆိုးမသွားရလေအောင် ကျနော်တို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ကာ ကျနော်တို့လုပ်ဆောင်ပြီးခဲ့သမျှအမှားတွေကိုပြုပြင်ကြရမှာပါ။
“သဘာဝဘေးအန္တရာယ်” ဆိုတာတွေက နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ဟူသော ရာသီ ၃ မျိုးအနက် ဘယ်ရာသီမှာမဆို ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ မိုးရာသီကာလများဖြစ်တဲ့
· မိုးကြို - ဧပြီ ၁၆ ရက် မှ မေ ၁၅ ရက်
· မိုးဦး - မေ ၁၆ ရက် မှ ဇွန် ၃၀ ရက်
· မိုးလယ် - ဇူလိုင် ၁ ရက် မှ ဩဂုတ် ၃၁ ရက်
· မိုးနှောင်း - စက်တင်ဘာ ၁ ရက် မှ အောက်တိုဘာ ၁၀ ရက်
· မိုးလွန် - အောက်တိုဘာ ၁၁ ရက် မှ နိုဝင်ဘာ ၃၀ ရက် အတွင်းမှာ -
နေပူတာ/မိုးရွာတာ/လေတိုက်တာလောက်ကို ပေါ့ပေါ့လေးပြောလိုက်လို့ ရနိုင်ပေမဲ့ … မုန်တိုင်းကြီးတခုဖြစ်နိုင်တာ၊ ဖြစ်လာတာနဲ့ “မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်း”ဆိုတာတွေ ဝင်ရောက်လာဘို့ရှိတယ်ဆိုရင်တော့ ...
“လူ့အသက်ပေါင်းများစွာနဲ့သက်ဆိုင်တဲ့ကိစ္စ”ဖြစ်တာကြောင့် ပေါ့ပေါ့တန်တန်ပြောလို့ မရတော့ပါ။
“မုန်တိုင်း ၁ လုံးရဲ့အမြင့်ဆုံးလေတိုက်နှုန်း၊ အရွယ်အစားနဲ့ လမ်းကြောင်းခန့်မှန်းချက်တိကျမှုတွေ”က အသက်များစွာကို ကယ်တင်နိုင်ပါမယ်။ ခန့်မှန်းချက်မတိကျရင်လဲ မတိကျသလို ဆုံးရှုံးနစ်နာမှုတွေ များနိုင်ပါမယ်။
MMWeather ၏ ခံယူချက်၊ ရည်ရွယ်ချက်နှင့် ယုံကြည်ချက်
"ထူးခြားမိုးလေဝသဖြစ်စဉ်များကို ကြိုတင်ခန့်မှန်းခြင်း၊ ပိုမိုတိကျတဲ့ ကြိုတင်ခန့်မှန်းချက်များကို အသိပေးတင်ပြပေးနိုင်ခြင်း" ဖြင့် သဘာဝဘေးများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးသည် MMWeather Team က ခံယူထားတဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။
"မုန်တိုင်းတွေတိုက်တာ၊ မိုးတွေများလို့ - မြစ်တွေရေကြီးရေလျှံဖြစ်လာတာ၊ တောင်ကျချောင်းရေတွေဆင်းလာလို့ ရေကြီးရေလျှံဖြစ်တဲ့အပြင်- တောင်တွေပြို-မြေတွေပြိုတာ၊ ပင်လယ်ဒီရေမြင့်တက်တာကြောင့် မြေအနိမ့်ပိုင်းတွေမှာ ရေဝင်/ရေကြီးတာ၊ ငလျင်လှုပ်တာ စသည်ဖြင့် ... ဒီလိုသဘာဝဘေးအန္တရာယ်တွေကို မဖြစ်ကြပါနဲ့လို့ တားဆီးလို့ မရဘူး"
"ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ လိုက်လျောညီထွေနေတတ်အောင် ကြိုတင်ပြင်ဆင်စီမံထားနိုင်အောင်၊ ခေါင်းဆောင်တတ်တဲ့ ပြည်သူတွေ များသည်ထက်များလာအောင် အသိပညာပေးတာများများလုပ်ဘို့ဘဲ လိုတယ်"
"ပေးလိုက်တဲ့ အသိပညာကို ပြည်သူတွေအားလုံးကလဲ လိုက်နာတတ်ပြီဆိုရင် …
ဘယ်လိုသဘာဝဘေးအန္တရာယ်တွေဖြစ်ဖြစ် အသက်ဆုံးရှုံးမှုတွေ နည်းလာလိမ့်မယ်"
မိုးလေဝသနဲ့ရာသီဥတုဆိုင်ရာ ဖြစ်နိုင်ချေများကို ခန့်မှန်းတင်ပြပေးနေသူများ(ပညာရှင်များနှင့်လေ့လာသူများ)သည် ဖြစ်နိုင်ချေခန့်မှန်းရုံမျှသာလုပ်မနေကြဘဲ မိမိတတ်သိလေ့လာထားသော ကြိုတင်ခန့်မှန်းအသုံးချသည့်နည်းပညာများကို ပြည်သူများစိတ်ဝင်တစားဖြစ်လာအောင်၊ သိလာအောင် မျှဝေပေးကြစေချင်ပါတယ်။
ဒီလိုမျှဝေပေးခြင်းဖြင့် “မိုးလေဝသပညာကို စိတ်ဝင်စားပြီး မိမိရပ်ရွာကို သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုအပေါ် လျှော့ချပေးနိုင်တဲ့ မိုးလေဝသအခြေအနေခန့်မှန်းပေးမဲ့ လူငယ်မျိုးဆက်သစ်များ”ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။
ဒီနေရာမှာ မိုးလေဝသနဲ့ ရာသီဥတု ကြိုတင်ခန့်မှန်းခြင်းနဲ့ပတ်သက်သော ရာစုနှစ်များစွာက စတင်အသုံးပြုခဲ့တဲ့နည်းပညာများ၊ မျက်မှောက်ခေတ် မိုးလေဝသခန့်မှန်းခြင်းနည်းပညာများအကြောင်းကို အကျဉ်းချုံးပြောပြသွားပါမယ်။
လွန်ခဲ့သော ရာစုနှစ်များအတွင်းနဲ့ ယနေ့မျက်မှောက်ခေတ် မိုးလေဝသအချက်အလက်များတိုင်းတာရန်သုံးတဲ့ နည်းလမ်းတွေက -
· Weather Balloons မိုးလေဝသပူဖေါင်းများလွှတ်တင်ခြင်း
· Weather Sattelites မိုးလေဝသဂြိုဟ်တုများလွှတ်တင်ခြင်း
· Weather Stations မိုးလေဝသ စခန်းများတည်ဆောက်ခြင်း(မြေပြင်/ရေပြင်စခန်းများ)
· Doppler Radars မိုးလေဝသရေဒါစခန်းများတည်ဆောက်ခြင်း
· Computer Models သင်္ချာပုံစံပြုကွန်ပျူတာမော်ဒယ်များတည်ထောင်ခြင်း
မိုးလေဝသအချက်အလက်များစုဆောင်းရယူနိုင်တဲ့ကိရိယာများတပ်ဆင်ထားသော မိုးလေဝသပူဖေါင်းတွေကို ပြီးခဲ့တဲ့ ရာစုနှစ် အတွင်း ပြင်သစ်မိုးလေဝသပညာရှင် French meteorologist Léon Teisserenc de Bort က ၁၈၉၆ ခုနှစ်မှာ စတင်အသုံးပြုခဲ့ ပါတယ်။
မိုးလေဝသခန့်မှန်းခြင်းနည်းပညာတွေက ဆယ်စုနှစ်တနှစ်ပြီးတနှစ် အံ့မခန်းတိုးတက်မြင့်မားလာပြီးတော့ မိုးလေဝသပူဖေါင်း (Weather Baloon)အသုံးပြုခန့်မှန်းတဲ့နည်းပညာမှ ဂြိုဟ်တုနဲ့ ရေဒါပုံရိပ်များကရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် ဒီနေ့ခေတ်မိုးလေဝသခန့်မှန်းခြင်းအတွက်အသုံးချမှုများပြားလာသော်လည်း အဲ့ဒီ မိုးလေဝသပူဖေါင်းများအသုံးချပြီး မိုးလေဝသ သတင်းအချက်အလက်များရယူခြင်းကတော့ ပျောက်ကွယ်သွားခြင်းမရှိသေးပါ။ ဝင်ရိုးစွန်းဒေသများမှ ရာသီဥတုနှင့် မိုးလေဝသအချက်အလက်များရယူရန်နှင့် စွမ်းအင်ရှာဖွေတူးဖေါ်ရေးကုမ္ပဏီများ၊ တောင်သူလယ်သမားများက မိုးလေဝသပူဖေါင်းများကို သုံးစွဲနေကြဆဲဖြစ်ပြီး၊ အချိုရည်(အအေး)ထုတ်လုပ်ဖြန့်ဖြူးသူများသည်လည်း ဘယ်ဒေသမှာ အပူချိန်တွေမြင့်နေလဲ၊ သူတို့ထုတ်လုပ်ဖြန့်ဖြူးတဲ့ အချိုရည်အအေးတွေကို ဘယ်နေရာ/ဘယ်ဒေသမှာဖြန့်ဖြူးရောင်းချရင် ဈေးကွက်ပိုကောင်းမလဲ စတာတွေအတွက် မြေပြင်အပူချိန်တိုင်းတာခန့်မှန်းနိုင်အောင် အသုံးပြုနေကြဆဲဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ တည်နေရာပေါင်း ၉၀၀ ကျော်မှ ပျမ်းမျှတရက်လျှင် ၂ ကြိမ်နှုန်းဖြင့် မိုးလေဝသပူဖေါင်းများ လွှတ်တင်နေကြဆဲ ဖြစ်ပါတယ်။ ပူဖေါင်းမှာတပ်ဆင်ပေးလိုက်တဲ့ အာရုံခံကိရိယာ(sensor)များက ထုတ်လွှင့်ပေးပြီး မြေပြင်ကွန်ပျူတာစနစ်များထံ စက္ကန့်ပိုင်းအတွင်းရောက်ရှိလာတဲ့ အပူချိန်၊ လေထုစိုထိုင်းဆ၊ လေထုလှုပ်ရှားမှုအခြေအနေများနှင့် လေထုဖိအားပြောင်းလဲမှုစတဲ့ အချက်အလက်များကို သင်္ချာပုံစံပြုကွန်ပျူတာမော်ဒယ်တွေနဲ့ တွက်ချက်ရယူနေကြတုန်းပါဘဲ။
မိုးလေဝသ-မိုးပျံပူဖေါင်းတွေဟာ အမြင့်မိုင် ၂၀ ကျော်အထိ ပျံတက်နိုင်ပြီး မိုင်ပေါင်းရာနှင့်ချီကာပျံသန်းနိုင်ပါတယ်။ ဒီနေ့ခေတ်ကာလအထိ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှ နှစ်စဉ် မိုးလေဝသတိုင်းတာရေးပူဖေါင်း ၁ သိန်းနီးပါး လွှတ်တင်နေကြပြီး အဲဒီမိုးပျံပူဖေါင်းတွေဟာ အမြင့် ၃၅ ကီလိုမီတာ(၂၁ မိုင်ကျော်ခန့်)အရောက်မှာ အလိုအလျှောက်ပေါက်ကွဲပျက်စီးသွားပါတယ်။ ပေါက်ကွဲပျက်စီးချိန်မှာ မိုးပျံပူဖေါင်းများအတွင်း ဖြည့်တင်းထားတဲ့ ဟိုက်ဒြိုဂျင်ဓါတ်ငွေ့ သို့မဟုတ် ဟီလီယမ်ဓါတ်ငွေ့တွေက အထက်လေထုလွှာအတွင်းရောက်သွားသလို အာရုံခံကိရိယာများထဲက ကော်ရည်စေးတွေနဲ့ ပစ္စည်းတွေက များသောအားဖြင့် ပင်လယ်ထဲကို ကျသွားပါတယ်။
ဩစတေးလျ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသုတေသီ တယောက်က ရက်သတ္တပါတ်တပတ်လျှင် ပူဖေါင်းအပျက်အစီး၊ အပိုင်းအစ ၃၀၀ လောက်က ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကြီးပေါ်ကို ကျရောက်နေကြောင်း၊ မိုးလေဝသတိုင်းတာရေး မိုးပျံပူဖေါင်းအပျက်အစီးတွေထဲက ကော်စေး(Latax)တွေ၊ ပလပ်စတစ်နဲ့ ဂွမ်းစတွေက ပင်လယ်ထဲမှာ အချိန်အတော်ကြာအောင် ပျော်ဝင်နေတာမို့ ရေသတ္တဝါတွေ၊ အထူးသဖြင့်ပင်လယ်လိပ်တွေ နဲ့ ငါးတွေကို အန္တရာယ် ဖြစ်စေနိုင်တာကြောင့် ပူဖေါင်းတွေမှာ ဇီဝပြိုကွဲပျက်စီးစေနိုင်သည့် ဓါတ်ပစ္စည်းများပါဝင်မှုလျှော့ချရေးနဲ့ ပြန်လည်ဆယ်ယူခြင်း ပြုလုပ်နိုင်မဲ့နည်းပညာများကို ထည့်သွင်းတည်ဆောက်အသုံးပြုလာကြပါတယ်။
သို့သော်လည်း ပင်လယ်အတွင်းကျရောက်မှုက များပြားနေသေးတာဖြစ်လို့ သိပ္ပံပညာရှင်များနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများမှ “မိုးလေဝသတိုင်းတာခန့်မှန်းရာမှာအသုံးပြုနေကြတဲ့ မိုးပျံပူဖေါင်းများရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် - (အဏ္ဏဝါဂေဟစနစ် - Marine ecosystem) ပျက်စီးယိုယွင်းလာနိုင်ခြင်း” အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
နိုင်ငံအတော်များများက မိုးလေဝသဆိုင်ရာအချက်အလက်တွေရယူနိုင်အောင် မိုးလေဝသဂြိုဟ်တုတွေ လွှတ်တင်ထားကြရာမှာ နိုင်ငံအသီးသီးက လွှတ်တင်ထားတဲ့ မိုးလေဝသဂြိုဟ်တုပေါင်း ၃၂၂ စင်း ဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ရှိနေကြပါတယ်။ ဒီအထဲက ၂၃ စင်းက တည်ငြိမ်မိုးလေဝသဂြိုဟ်တု(Geostationary)တွေဖြစ်ပြီး ၂၂၃ စင်းက ဝင်ရိုးစွန်းတွေပေါ်မှ ကမ္ဘာကို ပတ်နေကြပါတယ်။ ဒါကြောင့် မိုးလေဝသဂြိုဟ်တုတွေကို အကြမ်းအားဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားပြီး မှတ်သားထားနိုင်ပါတယ်။
မြင့်မားသော ဘဲဥပုံ ကမ္ဘာပတ်လမ်းထဲမှာ ကမ္ဘာ့မြေပြင်ပြောင်းလဲမှုမှတ်တမ်း(မိုးလေဝသအခြေအနေတွေစောင့်ကြည့်လေ့လာတာ) ရယူနေတဲ့ Earth Observation Satellite က ၂ စင်းရှိတာကြောင့် အဲ့ဒီ ၂ စင်းကိုပါ ထည့်ပေါင်းရင်တော့ ကမ္ဘာပတ်လမ်းထဲမှာ မိုးလေဝသဂြိုဟ်တု စုစုပေါင်း ၃၂၄ စင်း ရှိပါတယ်။ ဘဲဥပုံပတ်လမ်းထဲမှာ မိုးလေဝသဆိုင်ရာဂြိုဟ်တုအပြင် ပညာရေး၊ ဆက်သွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေမှာ အသုံးပြုနေတဲ့ ဂြိုဟ်တုများစွာလဲ ရှိနေပါသေးတယ်။
ဒီမှာတော့ မိုးလေဝသအတွက်လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေအကြောင်း ကိုပြောပြမှာကြောင့် -
မိုးလေဝသဂြိုဟ်တုတွေဘယ်လောက်များများလွှတ်တင်ထားသလဲ?
ဝင်ရိုးစွန်းပတ် မိုးလေဝသဂြိုဟ်တုများ (Polar Orbiting Satellites) - ကမ္ဘာပတ်လမ်းကြောင်းအနိမ့်မှ ပျံသန်းနေပြီး ကမ္ဘာ့ဝင်ရိုးစွန်း ၂ ခုပေါ်က ဖြတ်ပြီးကမ္ဘာကိုပတ်ကာပျံနေတဲ့ Polar-Orbiting Satellites ၂၂၃ စင်း ဖြစ်ပါတယ်။
တည်ငြိမ် မိုးလေဝသဂြိုဟ်တုများ (Geostationary Satellites) - ကမ္ဘာ့လည်ပတ်မှုအမြန်နှုန်းအတိုင်း အီကွေတာဧရိယာပေါ်မှာ မြေပြင်တည်နေရာတခုအပေါ် အမြင့်တခုမှာ တည်ငြိမ်နေတဲ့ Geostationary Satellites မိုးလေဝသဂြိုဟ်တုတွေက (၂၃ စင်း)ဖြစ်ပါတယ်။
မိုးလေဝသဂြိုဟ်တုတွေ ဘယ်လိုအလုပ်လုပ်နေသလဲ?
မိုးလေဝသဂြိုဟ်တုတွေမှာပါတဲ့ အာရုံခံစနစ်တွေ၊ ကင်မရာတွေက ကမ္ဘာ့မြေပြင်နဲ့ လေထုအလွှာအသီးသီးကို Scan ဖတ်တယ်(ဓါတ်ပုံတွေရိုက်ယူတယ်)။ ရရှိတဲ့ အပူချိန်၊ စိုထိုင်းဆ၊ အနီအောက်ရောင်ခြည်စတဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ်အချက်အလက်တွေအဖြစ်ပြောင်းပေးပြီးတော့ ကမ္ဘာမြေပေါ်က အဆင့်မြင့်ကွန်ပျူတာကြီးများနဲ့ထိုင်ထားတဲ့ မိုးလေဝသခန့်မှန်းရေး ဌာန/အဖွဲ့အစည်း/ကုမ္ပဏီတွေဆီကိုပို့ပေးလိုက်တဲ့အခါ သင်္ချာပုံစံပြု numerical models တွေက ဒစ်ဂျစ်တယ်အချက်အလက်တွေကို နားလည်လွယ်စေတဲ့ပုံရိပ်တွေ ဓါတ်ပုံတွေအဖြစ် ပြောင်းပေးလိုက်တယ်။
Sensors on weather satellites scan the Earth, taking measurements of reflected light and infrared temperatures. These measurements are then digitized and sent back to Earth where they can be turned into images.
https://youtu.be/JtKbKALrejE?si=_j0RBHlG2X4jk6x0
https://www.youtube.com/watch?v=JtKbKALrejE
မိုးလေဝသရေဒါဆိုတာတွေက Precipitation လို့ခေါ်တဲ့ မိုးရွာသွန်းမှု၊ ဆီးနှင်းကျဆင်းမှု နဲ့ မိုးသီးများကျဆင်းမှု အနည်းအများကို အဲ့ဒီ Precipitation တွေရဲ့ လှုပ်ရှားမှုအမြန်နှုန်း၊ သိတ်သည်းမှုအခြေအနေတွေကတဆင့် အားကောင်းတဲ့မုန်တိုင်းကြီးများ ဖြစ်လာနိုင်ချေကို ကြိုတင်ခန့်မှန်းနိုင်စေမဲ့ အချက်အလက်တွေ ရယူပေးတာဖြစ်ပါတယ်။
“မိုးလေဝသရေဒါ” ဆိုတာက အလွယ်ပြောရရင် အီလက်ထရောနစ်ကိရိယာတခုဖြစ်ပြီး၊ သူ့ရဲ့ အင်တင်နာမှ ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပေးပါတယ်၊ ဒီရေဒီယိုလှိုင်းတွေက လေထုထဲမှာရှိတဲ့ မိုးစက်မိုးပေါက်တွေ၊ ဆီးနှင်းနဲ့ မိုးသီးလိုအစိုင်အခဲတွေကိုထိတွေ့ပြီး မူလထုတ်လွှတ်လိုက်တဲ့ အင်တင်နာဆီပြန်လာတဲ့ ရေဒီယိုလှိုင်းတွေကို ပြန်လည်ဖမ်းယူကာ၊ မိုးစက်မိုးပေါက်/ဆီးနှင်း/မိုးသီး-ရေအစိုင်အခဲများစတဲ့ လေထုထဲကအခြေအနေတွေရဲ့ တည်နေရာနဲ့ ထူထပ်သိတ်သည်းမှုတွေကို မျက်မြင်နားလည်လွယ်တဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲပေးတာပါဘဲ။ ရေဒီယိုလှိုင်းတွေက လေထုအလွှာအသီးသီးမှာရှိနေတဲ့ အင်းဆက်ပိုးမွှားတွေအပါအဝင်၊ အဆောက်အဦတွေ၊ တောအုပ်/သစ်ပင်နဲ့ တောင်တွေကိုပါထိပြီး ပြန်လာတာကြောင့် ရောထွေးနေတဲ့ရေဒီယိုလှိုင်းများမှ ရရှိလာတဲ့ ပုံတွေမှာ အခြားမလိုအပ်တာတွေကိုဖယ်ရှားပြီး လိုအပ်တဲ့မိုးလေဝသအချက်အလက်များကိုသာ သီးခြားရယူနိုင်အောင် မိုးလေဝသပညာရှင်များက ပုံရိပ်များကိုခွဲခြားဖတ်ရှုရတာ၊ သတိပြုတပ်ဆင်တာတွေ လုပ်ကြရပါတယ်။
မိုးလေဝသ ရေဒါများကို အောက်ပါအတိုင်း ၂ မျိုးခွဲခြားမှတ်သားထားနိုင်ပါတယ်။
“Doppler ရေဒါ” သည် မုန်တိုင်းအတွင်း လေထု၏ ရွေ့လျားမှုကို ထောက်လှမ်းနိုင်သည့် ရေဒါအမျိုးအစားတစ်ခုဖြစ်ပြီး၊ “သမားရိုးကျရေဒါ Conventional Radar” သည် မိုးရွာသွန်းမှုတည်နေရာနှင့် မိုးအနည်းအများဆိုင်ရာ အချက်အလက်များကိုသာ ပေးစွမ်းနိုင်ပါတယ်။ Doppler ရေဒါ ဆိုတာက မိုးလေဝသအခြေအနေများကို ပိုမိုတိကျစွာရရှိစေနိုင်ပြီး သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်စေသည့် သိသာထင်ရှားသော နည်းပညာတိုးတက်မှုတစ်ခုဖြစ်ပါတယ်။
မိုးလေဝသစခန်း လို့ ခေါ်တဲ့ Weather Station တွေကို တည်ဆောက်ထားရှိတာတော့ မိုးလေဝသပူဖေါင်းတွေလွှတ်တင်ပြီး မိုးလေဝသအချက်အလက်တွေရယူကြတဲ့ အချိန်မှ စ ပြီး ခုချိန်အထိ မိုးလေဝသအဖွဲ့အစည်းများ၊ ဌာနများက သက်ဆိုင်ရာ နိုင်ငံများရဲ့ မြေပြင်မှာရော ရေပြင်(ပင်လယ်ထဲမှာပါ - Weather Buoys)တွေတည်ဆောက်တပ်ဆင်ပြီး အသုံးပြုနေကြပါတယ်။ မိုးလေဝသစခန်း (weather station)များက မိုးလေဝသဆိုင်ရာအချက်အလက်တွေ စုစည်းရယူခြင်းနဲ့ အသုံးချခြင်းဆိုင်ရာ နည်းပညာများတွေက ဒီနေ့ခေတ်မှာများစွာ ပြောင်းလဲလာတာတွေ့ရပါတယ်။
အရင်ခေတ်များက မိုးလေဝသအချက်အလက်တွေကို စခန်းမှာတပ်ဆင်ထားတဲ့အာရုံခံကိရိယာ(Sensors)တွေကတဆင့် ဖတ်ရှုတာ ရေးမှတ်တာနဲ့ မြေပြင်မိုးလေဝသ chart ရေးဆွဲတာတွေလုပ်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲများထံ ၆ နာရီ တကြိမ်၊ ၁၂ နာရီတကြိမ်၊ ၂၄ နာရီ တကြိမ် စသည်ဖြင့် သတင်းပေးပို့စုဆောင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ သက်ဆိုင်ရာဌာနများက ဒီအချက်အလက်တွေကို စိစစ်တည်းဖြတ်ပြီး မိုးလေဝသသတင်းအဖြစ် သက်ဆိုင်ရာ ပြန်ကြားရေးဌာနများမှ ရေဒီယို/ရုပ်မြင်သံကြား အစရှိတဲ့ မီဒီယာတွေကတဆင့် “မိုးလေဝသသတင်းများ”အဖြစ် ထုတ်လွှင့်ပေးခဲ့ကြတာအပြင်၊ သတင်းစာများမှာလဲ နေ့စဉ်မိုးလေဝသ သတင်းအဖြစ် ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးကြပါတယ်။
ဒီနေ့ခေတ်မှာ အာရုံခံကိရိယာတွေ စုပေါင်းတပ်ဆင်ထားတဲ့ Sensor Array ထံမှရရှိတဲ့ မိုးလေဝသအချက်အလက်တွေကို ကြိုးမဲ့စနစ်နဲ့ လက်ခံပုံဖေါ်တွက်ချက်ပေးတဲ့ Console ရှိရာကို တိုက်ရိုက်လွှင့်ထုတ်ပေးပြီး၊ အဲ့ဒီ console က အင်တာနက် cloud server တွေထံ ထပ်ဆင့်လွှင့်ထုတ်ပေးပါတယ်။ မိုးလေဝသဆိုင်ရာအချက်အလက်လွှင့်ထုတ်ခြင်းနဲ့ cloud server တွေမှာ သိမ်းဆည်းခြင်းလုပ်ငန်းကို မိနစ်ပိုင်းအချိန်တွေတိုင်းမှာ အလိုအလျှောက်သိမ်းဆည်းပေးခြင်း၊ တလတကြိမ်၊ တနှစ်တကြိမ် အချက်အလက်များ ပြန်လည်ရယူနိုင်ခြင်းစတဲ့ အားသာချက်တွေရှိလာတာကြောင့် စက္ကူ/စာရွက်အသုံးပြုရခြင်းလျော့နည်းလာတဲ့ “Paper-less Weather Office” တွေဖြစ်လာပါတယ်။ အဲ့ဒါအပြင် မိနစ်တိုင်းမှာ မိုးလေဝသအချက်အလက်များ ရရှိနေနိုင်မှာဖြစ်တဲ့ အတွက် မိုးလေဝသ station တပ်ဆင်ထားတဲ့ ဒေသတွေရဲ့ မိုးလေဝသအခြေအနေတွေကို အချိန်နဲ့တပြေးညီ သိရှိနေရမှာလဲ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ခေတ်ပေါ်မိုးလေဝသ station တပ်ဆင်တဲ့နေရာတွေမှာ လျှပ်စစ်မီးမှန်ဘို့နဲ့ အင်တာနက်လိုင်း မှန်မှန်မိနေဖို့ပါဘဲ။
နည်းပညာပိုင်းတွေမှာ ပြောင်းလဲတိုးတက်လာပြီဖြစ်တဲ့ မျက်မှောက်ခေတ်ကာလအတွင်းမှာ မိုးလေဝသပူဖေါင်းများ၊ မိုးလေဝသဂြိုဟ်တုများ၊ ရေဒါများနဲ့ မိုးလေဝသ station များက ရရှိတဲ့ အချက်အလက်တွေကို မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းသတင်းများအဖြစ် အသုံးချပြောင်းလဲပေးနိုင်ဘို့ Numerical Models တွေတည်ဆောက်ခြင်း၊ Software တွေ ရေးဆွဲလည်ပတ်စေခြင်းစသည်ဖြင့် ဖွံ့ဖြိုးပြီး အရှေ့/အနောက်နိုင်ငံကြီးများက အပြိုင်အဆိုင်တည်ဆောက်အသုံးပြုလာကြပါတယ်။
စူပါကွန်ပျူတာကြီးတွေ၊ ဉာဏ်ရည်တုနည်းပညာတွေနဲ့ မိုးလေဝသ၊ ရာသီဥတု၊ မုန်တိုင်းများဆိုင်ရာ ကြိုတင်ခန့်မှန်းချက်တွေ တွက်ချက်ပေးနိုင်တဲ့ Numerical Models တွေက ထုတ်ကုန်(Products)တွေကို လူအများအလွယ်တကူကြည့်ရှုအသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းမျိုးစုံအတွက် Application တွေတည်ဆောက်ပြီး အခကြေးငွေရယူဖြန့်ချိပေးတဲ့ မိုးလေဝသခန့်မှန်းရေး ကုမ္ပဏီကြီးများထံ ရောင်းချခြင်းဖြင့် မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းရေးနဲ့ မုန်တိုင်းသတင်းများကို အခြေခံသော စီးပွားရေးလုပ်ငန်းကြီး တွေ ဖြစ်လာပါတယ်။
အချို့သော သင်္ချာပုံစံပြု Numerical Models တွေက ထုတ်ကုန်အချက်အလက်(data products)တွေကို ကမ္ဘာ့မိုးလေဝသဌာနကြီးမှ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ နိုင်ငံအဆင့်မိုးလေဝသဌာနများအပြင် မိုးလေဝသဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ အခမဲ့ ရယူအသုံးပြုခွင့်ပေးထားတာလဲ ရှိပါတယ်။
Numerical Models တွေရဲ့ product ဈေးနှုန်းတွေက သူတို့အသုံးပြုတဲ့ ဂြိုဟ်တုပုံအရည်အသွေး၊ Update ထုတ်လုပ်ပေးနိုင်တဲ့ ရက်/အချိန်အတိုင်းအတာကွာခြားချက်၊ အသုံးပြုသူနားလည်လွယ်စေပြီး ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်ဖေါ်ပြသနိုင်ခြင်း စတဲ့ အချက်များအပေါ်မူတည်ပြီး Free နဲ့ Paid(အလကားရတဲ့ product နဲ့ အခပေးရတဲ့ product)များအဖြစ် အဆင့်တွေကွဲသွားပါတယ်။
Numerical Model Data တွေနဲ့ မိုးလေဝသတိုင်းတာခြင်း၊ ခန့်မှန်းခြင်းတွေ ဆောင်ရွက်နိုင်တဲ့ Weather Application တွေအများကြီးရှိတဲ့အထဲက တကယ်အသုံးဝင်တဲ့ Weather Forecasting Tools လို့ ခေါ်ရလောက်တဲ့ Application ဆိုတာတော့ နည်းပါတယ်။ ဒီနေ့ခေတ်အသုံးများလာတဲ့ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်၊ အိုင်ပက်တွေမှာ အလွယ်တကူကြည့်နိုင်တဲ့ Weather App တွေနဲ့ Weather Forecasting Tool တခုအဖြစ်သုံးနိုင်တဲ့ Weather App ဆိုတာတွေက တူသလိုထင်ရပေမဲ့ မတူကြတဲ့ အကြောင်းရင်းတွေ ရှိကြပါတယ်။ ဒီလိုမတူညီတဲ့အကြောင်းရင်းအချက်အလက်တွေကို ကောင်းကောင်းနားလည်မှ ဘယ် Weather App ကို လက်ကိုင်ထားပြီး မိုးလေဝသနဲ့ ရာသီဥတုအခြေအနေတွေ ကြိုတင်ခန့်မှန်းတာ လုပ်ရမယ်ဆိုတာကို သဘောပေါက်လာမှာပါ။
· ပထမအကြောင်းရင်းက အဲ့ဒီ App မှာ ဘယ် Numerical Model Data ကို သုံးထားတယ်ဆိုတာကို သုံးစွဲသူများမြင်သာအောင် ဖေါ်ပြထားခြင်း ရှိ/မရှိဆိုတာဖြစ်ပါတယ်။
· ဒုတိယ - အဲ့ဒီ Weather App က ဘယ်နှစ်နာရီမှာ တကြိမ် update ဖြစ်လဲဆိုတာနဲ့၊
· တတိယအကြောင်းရင်း - ရက်ဘယ်လောက်ဝေးဝေးအထိ ကြိုတင်ခန့်မှန်းနိုင်သလဲ ဆိုတာတွေဖြစ်ပါတယ်။
အခုအချိန်အထိ လေ့လာပြီးသလောက် Weather Forecasting Tool အနေနဲ့ အသုံးချလို့ရတဲ့ မိုးလေဝသဝန်ဆောင်မှု Application ၄ မျိုးကို တွေ့ထားပြီးဖြစ်ကာ ဆက်လက်လေ့လာနေတုန်းပါဘဲ၊ အဲ့ဒီ Application တွေက -
Windy, Meteoblue, WX-Chart နဲ့ Ventusky တို့ဖြစ်ပါတယ်။
အဆိုပါ ကမ္ဘာ့ထိပ်တန်း မိုးလေဝသဝန်ဆောင်မှုလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ Windy ရဲ့ Windyty, S.E., the operator of the renowned global weather service Windy.com နဲ့ Meteoblue CEO နှင့် ပူးတွဲတည်ထောင်သူ Dr. Karl Gutbrod တို့က ဆွစ်ဇလန်နိုင်ငံ Basel မြို့မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က Windy နှင့် Meteoblue တို့ ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ကုမ္ပဏီ ၂ ခုမှ ပညာရှင်များပူပေါင်းပြီး ဉာဏ်ရည်တုနည်းပညာဖြင့် မိုးလေဝသဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းနည်းစနစ်များ မြင့်မားရေးအတွက်ကိုလည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း ကြေညာခဲ့ကြပါတယ်။
WX-Chart Application ကိုတော့ အင်္ဂလန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MetDesk ကုမ္ပဏီက ပိုင်ဆိုင်ပြီး၊ စွမ်းအင်၊ ပို့ဆောင်ရေး(ကုန်း/ရေ/လေ)နှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မိုးလေဝသနှင့် ရာသီဥတုအခြေအနေများခန့်မှန်းနိုင်သော ဝန်ဆောင်မှုတခုအဖြစ် လူသိများပါတယ်။
Company Link: https://corporate.metdesk.com/index.html
Service Link: https://shorturl.at/B2bZL
ချက်ရီပတ်ဘလစ်နိုင်ငံ (Czech Republic)က ထုတ်လုပ်တဲ့ Ventusky Application က တော်တော်နောက်ကျမှ လေ့လာဖြစ်ပြီး၊ Windy, Meteoblue App တွေလို တကယ်ကို ထိရောက်တဲ့ မိုးလေဝသတိုင်းတာရေး Weather Tool တခုအနေနဲ့ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။
What Ventusky Is ....
Ventusky (from “ventus” = wind, Latin) is an interactive weather visualization and forecast platform developed by InMeteo (Czech Republic).
It combines global numerical weather models into a smooth, map-based interface showing live and forecasted atmospheric conditions around the world.
Official site: https://www.ventusky.com
အခြားသော Weather Application တွေကတော့ အများပြည်သူလွယ်လွယ်ကြည့်လို့ ရအောင် စီစဉ်ထားပြီး ဘယ် Numerical Model အရင်းအမြစ်တွေက အချက်အလက်တွေနဲ့ ကြိုတင်ခန့်မှန်းချက်တွေပေးနေတာဖြစ်ကြောင်း မြင်သာအောင် ပြမထားတဲ့ Application တွေသာဖြစ်တာကြောင့် Weather Forecasting Tools တွေအနေနဲ့ အသုံးချလို့ မရနိုင်ပဲ နေ့စဉ် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကို ကြည့်ရှုလေ့လာနိုင်ရန်အတွက်သာ အသုံးဝင်ပါတယ်။
မိုးရွာတဲ့အခါ -
မိုးနည်းတယ်၊
မိုးအသင့်အတင့်ရွာတယ်၊
မိုးများတယ်၊
မိုးအလွန်များတယ်
ဆိုတဲ့ အများနားယဉ်ပြီးသား ဝေါဟာရတွေနဲ့ ပြောကြတယ်။
အဲ့ဒီမှာမှ လျှပ်စီးလေးလက် မိုးကြိုးလေးပစ်လိုက်ရင် ထစ်ချုန်းမိုးရွာတယ်ပေါ့။ လေပါပြင်းပြင်းတိုက်တော့ မိုးသက်လေပြင်းကျတယ်၊ မိုးရော လေရော ကြမ်းလိုက်တာ ပြောကြတယ်။ မိုးရွာလိုက်တာ ရေအတော်ပါတယ်ဟ! လို ပြောကြတာလဲ ရှိသေးတယ်။ ဒီနေရာမှာ အဲဒီ ဝေါဟာရတွေထဲက မိုးနည်းတယ် မိုးများတယ် မိုးအသင့်အတင့် ဆိုတာတွေကို ဘယ်လိုတိုင်းပြီး ဘယ်လို သတ်မှတ်တယ်ဆိုတာတော့ မသိကြတာများတယ်။ အဲ့ဒါကို ခွဲခြားသိကြရအောင်တော့ ရှင်းပြပါဦးမယ်။
မိုးရွာခြင်းအနည်းအများက မီလီမီတာနဲ့ စင်တီမီတာနဲ့ လက်မနဲ့ ဖေါ်ပြကြရာမှာ ကျနော်တို မြန်မာနိုင်ငံမှာတော့ လက်မနဲ့ဖေါ်ပြတာကိုဘဲ သိကြတယ်။
ဘယ်နှစ်လက်မဆိုများတယ်ဆိုတာတန်း သိကြတာလဲရှိတယ်၊ မသိကြတာလဲ ရှိတယ်။
အိန္ဒိယမိုးလေဝသဋ္ဌာနရဲ့ SOP(Standard Operation Procedure)မှာ ဒီလိုဖေါ်ပြထားတယ်။
"၂၄ နာရီ" ၁ ရက်အတွင်း ရွာတဲ့ မိုးရေချိန်တွေက -
မိုးနည်း/အလွန်နည်းတာကို Very light rainfall - 2.4 mm = 0.01 inch - တလက်မရဲ့ ဆယ်ပုံပုံ - ၁ ပုံလောက်ပဲ ရွာတာ
မိုးနည်းတယ် light rain - 2.5 to 15.5 mm = 0.01 inch to 0.61 inch - လက်မဝက် ကျော်ကျော်လောက်အထိရွာတာ
မိုးအသင့်အတင့် moderate rain - 15.6 to 64.4 mm = 0.61 to 2.53 inch - လက်မဝက်ကျော် - ၂ လက်မ ခွဲလောက်အထိရွာတာ
မိုးများ heavy rain - 64.5 - 115.5 mm = 2.53 - 4.55 inch - ၂ လက်မခွဲကျော်မှ ၄.၅၅ လက်မဆိုတော့ ၅ လက်မ နီးပါးပေါ့
မိုးအလွန်များ - Very Heavy Rain - 115.6 - 204.4 mm = 4.55-8.04 inch - ၅ လက်မ နီးပါးမှ ၈ လက်မ ကျော်အထိရွာတာ
မိုးအလွန့်အလွန်များ - Extremely heavy rain - 204.5 mm or 21 cm up - ၈ လက်မ အထက်ပေါ့
အိန္ဒိယမိုးလေဝသဋ္ဌာန SOP မှာ နောက်ဆုံးပြထားတဲ့ Exceptional Heavy Rainfall ဆိုတာကတော့ မိုးလေဝသစခန်း(station)တခုရဲ့ မိုးအများဆုံးစံချိန်တင်ထားတဲ့ မိုးရေချိန်နီးနီးရွာတာ ဒါပေမဲ့ ၁၂ စင်တီမီတာထက်တော့ ပိုရမယ်လို ဆိုတယ်။
မိုးတွေအရမ်းသည်းနေပေမဲ့ နောက်တနည်းပြောရရင် တနာရီအတွင်းမိုးရွာတဲ့နှုန်း rain rate က များနေပေမဲ့ အခုပြောတဲ့ ၂၄ နာရီအတွင်းရှိရမဲ့ မိုးရေချိန်ကို မှီချင်မှ မှီမယ်။ ၂၄ နာရီအတွင်း ရရှိတဲ့ မိုးရေချိိန်ပမာဏပေါ်မူတည်ပြီးမှသာ မိုးနည်းတယ် မိုးများတယ်ပြောလိုရပါတယ်။
မိုးများမှာလား နည်းမှာလား မေးချင်သူတွေများလို ဒီ SOP ကို ရှင်းပြတာပါ။
https://www.mmweather.org/divisional-cities-weather
ဒီလင့်မှာကြည့် - ပြီးရင် တရက်အတွင်း မိုးရေချိန်ကြိုတင်ခန့်မှန်းထားတာကိုကြည့် - မိုးနည်းမလား မိုးများမလား ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ကြပေတော့ဗျ။ နမူနာပုံလေး ထပ်တွဲပေးလိုက်ပါဦးမယ်။
Original Post: https://t.me/mmweather_CHAT/50584
ကမ္ဘာ့မြောက်ခြမ်းမှ အရှေ့မြောက်ကုန်သည်လေစီးကြောင်း (North East Trade Winds) နှင့် ကမ္ဘာ့တောင်ခြမ်းမှ အရှေ့တောင်ကုန်သည်လေစီးကြောင်း (South East Trade Winds) တို့ အီကွေတာရှိရာသို့ရှေ့ရှုတိုက်ခတ်လာကြသောအခါ ၎င်းတို့တွေ့ဆုံပြီးသည့်နောက် အားကောင်းသောမိုးတိမ်တောင်ကြီးများ (Cumulonimbus Clouds) ကို ဖြစ်လာစေပြီး လေပွေလှိုင်းများ၊ လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းများအစပျိုးဖြစ်ပေါ်နိုင်သည့်ဇုန်ကို (ITCZ = Inter-Tropical Convergence Zone) ဟု ခေါ်ဆိုနိုင်သည်၊
အတိုချုပ်အားဖြင့် Intertropical Convergence Zone သည် - အခြေခံအားဖြင့် အီကွေတာအနီးရှိ ကမ္ဘာမြေကို ဝန်းရံထားသော အပူဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပြီး... ITCZ ၏ တည်နေရာအနေအထားသည် ပုံသေမဟုတ်၊ နေ၏ ရာသီအလိုက် ရွှေ့ပြောင်းမှုနှင့်အညီ မြောက်ဘက်နှင့် တောင်ဘက်သို့ ယိမ်းယိုင်ရွေ့လျားလျှက်ရှိနေသည်။ ထို့ကြောင့် ITCZ သည် မိုးလေဝသဇုန်တစ်ခုသာမက နေ၏ထင်ရှားသောရွေ့လျားမှုနှင့်အတူ ရွေ့လျားသော ပြောင်းလဲတတ်သောစနစ်တစ်ခုဖြစ်သည်။
အသေးစိတ်ဖတ်ရှုရန်- https://vajiramandravi.com/current-affairs/intertropical-convergence-zone/
The ITCZ refers to a belt near the equator where the northeast and southeast trade winds converge, forcing warm, moist air upward. This upward movement triggers convection, leading to the formation of cumulonimbus clouds, frequent thunderstorms, and heavy rainfall. For this reason, it is also often referred to as the Equatorial Convergence Zone or simply the doldrums.
The position of the ITCZ is not fixed. It oscillates northward and southward in tune with the seasonal migration of the overhead sun. This shifting character makes it a dynamic system that directly impacts weather and climate across tropical and subtropical regions. For instance, the northward movement of the ITCZ plays a critical role in triggering the Indian summer monsoon.
မေလ နှင့် ဇွန်လအတွင်း ITCZ မြောက်ဘက်သို့ရွေ့လျားလာပြီးနောက် ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံအပေါ်ရောက်ရှိလာသည့်အခါ မုတ်သုံဝင်ရောက်မှုကို ဖြစ်စေပြီး၊ သင့်တင်သောမုတ်သုံအားကောင်းခြင်း၊ မုတ်သုံလေအားအနိမ့်ဆုံးအဆင့်တွင်ရှိနေသော်လည်း လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်စသည်တို့ ဖြစ်ပေါ်မှုကြောင့် မိုးသည်းထန်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကိုဖြစ်စေသည်။
⚠️ Hazards when ITCZ is strong or stalled: ITCZ ဧရိယာ ရွေ့လျားမှု အားကောင်းနေသည့်အခါ သို့မဟုတ် ရပ်တန့်နေသည့်အခါတွင် -
· Prolonged heavy rain - ရက်ရှည် မိုးစွေပြီးရွာတတ်ခြင်း၊ မိုးသည်းထန်ခြင်း
· River flooding - မြစ်များရေလျှံ၍ ရေကြီးမှုဖြစ်ပေါ်စေခြင်း
· Flash floods - မိုးအလွန်သည်းထန်ပြီး ရုတ်ခြည်းရေကြီးမှုများဖြစ်ပေါ်စေခြင်း
· Landslides (especially in Chin, Kachin, Shan) - မြေပြိုမှုများ အထူးသဖြင့် ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပေါ်တတ်ခြင်း
👉 In monsoon forecasts, you’ll often hear: “Monsoon trough / ITCZ is active over Myanmar”, This indicates high rainfall potential.
မုတ်သုံကာလအတွင်း မုတ်သုံအခြေအနေကို ခန့်မှန်းချိန်တွင် မုတ်သုံမြောင်တန်းနှင့် ITCZ အသက်ဝင်လျှက်ရှိကြောင်းခန့်မှန်းသည်ကို မကြာခဏ ကြားဘူးပါလိမ့်မည်။ ဤခန့်မှန်းချက်ရှိနေလျှင် မိုးသည်းထန်နိုင်မည့်အလားအလာမြင့်တက်နေကြောင်း ခန့်မှန်းတွက်ချက်နိုင်သည်။
မိုးလေဝသပညာရှင်မဟုတ်သော်လည်း-မိုးလေဝသပညာရပ်ကို စိတ်ပါဝင်စားသူတွေနဲ့ ကြိုတင်ခန့်မှန်းချက်တင်ပေးသူတွေ များလာတဲ့အလျှောက် -
· နေ့စဉ်ကြုံတွေ့နေရသည့် မိုးလေဝသအခြေအနေများ
· ပုံမှန်နှင့် အစွန်းရောက်ရာသီဥတုအခြေအနေများ
· သဘာဝဘေးဖြစ်ပေါ်နိုင်မည့်အခြေအနေများ ကို အနီးစပ်ဆုံးမှန်မှန်ကန်ကန်ကြိုတင်ခန့်မှန်းပေးနိုင်ရန်အတွက်
o လိုအပ်ချက်များ နှင့်
o သိထားသင့်သည်များ ကို မျှဝေပေးသွားပါမယ်။
၁။ ရာသီစက်ဝန်း
· အနောက်တောင်မုတ်သုံလေမဝင်ခင်ကတည်းက မုန်တိုင်းတွေဖြစ်လာတာရှိတယ်၊ မိုးရွာတယ်၊ လေတိုက်တယ်။
· အနောက်တောင်မုတ်သုံဝင်လာပြီး မိုးရာသီအတွင်းမှာ မိုးတွေမှန်မှန်ရွာနေရင် ကျနော်တို့ မိုးလေဝသခန့်မှန်းပေးကြသူတွေလဲ ပျော်တယ်၊ တောင်သူတွေလဲပျော်တယ်။ သဘာဝဘေးတွေဖြစ်လောက်သည်အထိ မိုးမများ၊ လေမပြင်းရင် လူသားအားလုံး အေးချမ်းနေကြပါတယ်။
· မုတ်သုံဆုတ်ခွာအပြီး မိုးရာသီအကုန်-ဆောင်းရာသီအကူး သီးနှံတွေရိတ်သိမ်းချိန်၊ မိုးနှောင်း/မိုးလွန်ကာလမှာ အရှေ့ဘက်တောင်တရုတ်ပင်လယ်က မုန်တိုင်းတွေရဲ့အကြွင်းအကျန်တွေကြောင့် မိုးတွေများရင်များသလိုပျက်စီးဆုံးရှုံးမှုတွေ သဘာဝဘေးတွေနဲ့ ကြုံတွေ့ကြရတယ်။ မိုးကုန်ပြီဆိုပြီး စိတ်အေးနေလို့မရသည့်အတွက် နိုင်သလောက် ကြိုတင်ခန့်မှန်းချက်များပေးနိုင်လျှင်ပေး - မပေးနိုင်လျှင် ...
မိတ်ဆွေတို့ … “ဘာမှ စိတ်အေးမနေကြနဲ့” လို့ပြောနိုင်တာပဲ ရှိပါတယ်။
· မိုးရာသီကုန်ဆုံးပြီး၊ ဆောင်းရာသီအဝင်မှာ အစွန်းရောက်ရာသီဥတုတွေဖြစ်တဲ့ အယ်လ်နီညို၊ လာနီညာနဲ့ IOD ဖြစ်ပေါ်မှုတွေအပေါ်မူတည်ပြီး ပူပြင်းချောက်သွေ့တာ၊ စွတ်စိုအေးမြတာနဲ့ နှစ်စဉ်ဖြစ်မြဲပုံမှန်ရာသီဥတုအတိုင်း ဆက်လက်ဖြစ်ပေါ်တာတွေ ရှိလာပြန်ပါတယ်။
· ဆောင်းရာသီအကုန်နွေရာသီအတွင်း ပူပြင်းခြောက်သွေ့မှုတွေကြောင့် ပူနွေးတဲ့ပင်လယ်ရေပြင်အပူချိန်တွေ၊ လေထုအလွှာအလိုက်-ပြောင်းလဲဖြစ်ပေါ်လာတဲ့ လေစီးကြောင်းတွေကြောင့် နွေကုန်ကာနီး မိုးကြိုကာလအတွင်း အနောက်တောင်မုတ်သုံလေမဝင်ခင်မှာ မုန်တိုင်းတွေဖြစ်လာတာရှိတယ်၊ မိုးရွာတယ်၊ လေတိုက်တယ်။
ဒီလိုနဲ့ ရာသီစက်ဝန်း တပတ်ပြန်လည်လာပါတယ်။
၂။ ရာသီစက်ဝန်း တပတ်ပြန်လည်ချိန်က စ ပြီး
· မိုးဘယ်လောက်များနိုင်မလဲ၊
· နောက်ဆက်တွဲအကျိုးဆက်က ဘာတွေဖြစ်လာနိုင်မလဲ?
· နည်းပညာတွေမြင့်မားလာတဲ့ ခေတ်ကြီးမှာ ဘယ်လို Applications တွေရဲ့ -
o ဘယ်ကြိုတင်ခန့်မှန်းရေး သင်္ချာပုံစံပြု model တွေကို အားထားပြီးကြည့်မလဲ?
o အမေရိကန်မော်ဒယ်လား၊ ဥရောပမော်ဒယ်လား၊ အာရှမော်ဒယ်လား၊ ကိုယ်ဘာသာကိုယ် မော်ဒယ်တခုတည်ဆောက်ရမလား စသည်ဖြင့် ပြင်ဆင်ကြရပါတယ်။
o အဲ့ဒီလို ပြင်ဆင်ထားနိုင်မှ ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့အတိမ်အနက်ကို တိတိကျကျမှန်းဆပြီး ထိထိရောက်ရောက်-အသိပေးနိုင်ပါမယ်။
၃။ Normal Ready-To-Use Apps and Raw Apps
· Accuweather, MSN Weather, Zoom-Earth, Weather Underground ဆိုတဲ့ application တွေက အသုံးပြုသူတွေအသင့်ကြည့်နိုင်အောင် အချောကိုင်ပေးထားပြီးသား Application တွေဖြစ်ပြီး၊
· Windy, Meteoblue, Ventusky စတဲ့ application တွေကိုတော့ - “Raw Applications” or “Professional weather tools” လို့လဲခေါ်ကြပါတယ်။
၄။ Professional Weather Tools Apps
· Windy, Meteoblue, Ventusky, Weather Underground စတဲ့ application တွေသည် - အသုံးပြုသူနားလည်လွယ်အောင်အချောကိုင်ပေးထားတဲ့ App တွေမဟုတ်တဲ့၊ ကိုယ်တိုင်လေ့လာခန့်မှန်းနိုင်အောင်ထပ်ပြီးမွှေနှောက်ကြည့်ရှုနိုင်အောင်နဲ့ လိုအပ်ရင် ကိုယ့်ရဲ့ website ပေါ်မှာသုံးနိုင်တဲ့ Weather API အထိ နည်းပညာပိုင်းကျွမ်းကျင်ရင် ကျွမ်းကျင်သလိုအသုံးချနိုင်တဲ့ App အမျိုးအစားတွေထဲမှာပါပါတယ်။
ဥပမာအားဖြင့် အချောကိုင်ပေးထားတဲ့ APP တွေက location တခု၊ မြို့ ၁ မြို့ရဲ့ ကြိုတင်ခန့်မှန်းချက်ကိုသာကြည့်နိုင်ပြီး Professional Weather Tools Apps တွေကတော့ မြို့နယ်တခုချင်းစီ၊ location တခုချင်းစီရဲ့ ကြိုတင်ခန့်မှန်းချက်တွေကို အသေးစိတ်ကြိုတင်ခန့်မှန်းပေးနိုင်တဲ့အပြင် ရွေးချယ်စရာ built-in model တွေရဲ့ သတင်းအချက်အလက်တွေကိုလဲ မိမိနှစ်သက်သလိုသုံးနိုင်အောင် ပေးထားပါတယ်။ Meteoblue မှ Professional Weather Tools အသုံးပြုပြီး Surface Inversion ကိုခန့်မှန်း၍ ဆောင်းရာသီအတွင်း ဖြစ်ပေါ်နိုင်သည့် အအေးပိုနိုင်/ပေါ့နိုင်မည့်-အခြေအနေ ကြိုတင်ခန့်မှန်းပုံကို အောက်ဆုံးစာမျက်နှာများမှာဆက်လက်ရှင်းပြပေးထားပါတယ်။
၅။ Free Version Apps to Paid Version Apps
· Free Version မှ Paid Version ထပ်ဝယ်ပြီးအဆင့်မြင့်အချက်အလက်တွေနဲ့ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပေးနိုင်တဲ့ Application တွေဖြစ်တာကြောင့် အဲ့ဒီ Raw-App တွေကို ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်လေ့လာရာမှာ ၁ နှစ် ၂ နှစ်လောက်နဲ့ မလုံလောက်ပါ။
· Raw-App တွေက တွေ့တာကို ကြိုတင်ခန့်မှန်းချက်တခု ထုတ်ပေးနိုင်ရန် မိုးလေဝသနဲ့ရာသီဥတုဆိုင်ရာအခြေခံတွေကို ကောင်းကောင်းသိရှိနားလည်ဘို့လိုပြီး အိုင်တီနည်းပညာကိုသိထားရန်နဲ့ကျွမ်းကျင်မှုရှိရန်လဲ လိုအပ်ပါမယ်။
· အခုခေတ်မှာတော့ ဉာဏ်ရည်တုနည်းပညာ(အေ-အိုင်)ကိုလဲ ကောင်းကောင်းအသုံးချနိုင်ရန် လိုလာပါလိမ့်မယ်၊ တချို့သောကြိုတင်ခန့်မှန်းပြီးအချက်အလက်များကို အေ-အိုင် မှ ပုံဖေါ်ပေးရန် (illustration, info-graph prepairation)၊
ဇယားဆွဲပေးရန် (Data extraction, table creation) စသည်ဖြင့် တလကို ၁၀ ဒေါ်လာလောက်ပေးပြီး ကောင်းကောင်းခိုင်းလို့ရပါတယ်။
· Raw App တွေထဲက Windy App Premium က အရင် ၁ နှစ်ကို ဒေါ်လာ ၂၀ ပေးရပေမဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလထဲမှာ Premium upgrade အတွက် တနှစ်လျှင် ၃၅ ဒေါ်လာကျသင့်ကြောင်းတရားဝင်ကြေညာပြီး ဈေးတက်သွားတာတွေ့ရပါတယ်။
၆။ သာမန်ခန့်မှန်းချက်လား အသေးစိတ်ခန့်မှန်းချက်လား
· မိုးရွာတာ၊ နေပူတာ၊ လေတိုက်တာ၊ အေးတာ၊ ပူတာ၊ ခြောက်သွေ့တာ၊ စိုစွတ်တာတွေလောက်သာ .. သိလို၊ ခန့်မှန်းလိုတာဆိုရင်တော့ Free-Version တွေနဲ့တင် လုံလောက်ပါတယ်။
· ရာသီဥတုနဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အသေးစိတ်ထပ်မံမွှေနှောက်ပြီး ခန့်မှန်းတွက်ချက်ချင်ရင်တော့ Free-Version နဲ့ မလုံလောက်ပါဘူး။ Paid Version တွေထပ်ဝယ်ပြီးသုံးမှ မိုးရွာတာ၊ နေပူတာ၊ လေတိုက်တာ၊ ပူတာ၊ အေးတာတွေထက်ပိုတဲ့ မိုးလေဝသခန့်မှန်းချက်တွေနဲ့၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကို တိတိကျကျခန့်မှန်းပေးတာ လုပ်နိုင်လာပါမယ်။
၇။ နိဂုံး - မှန်ကန်သော Weather Application ကိုရွေးချယ်လေ့လာပြီး -
“ကိုယ်တိုင်ကိုယ်ကျ လေ့လာခန့်မှန်း၍ သဘာဝဘေးအန္တရာယ်များကို ရှောင်ရှားနိုင်အောင် ကြိုးစားပါ”
PDF file download link: https://drive.google.com/file/d/137ywQHKLU4M7uI2lLHv_mDqRQaf3pdom/view?usp=sharing
အယ်လ်နီညို (El Niño) နှင့် လာနီညာ (La Niña) သည် ကမ္ဘာလုံးဆိုင်ရာရာသီဥတုစနစ်ကို အလွန်ကြီးမားစွာ သက်ရောက်စေသော ENSO (El Niño–Southern Oscillation) စနစ်၏ အစိတ်အပိုင်းများ ဖြစ်ပါသည်။ ၎င်းတို့ကြောင့် အပူချိန်၊ မိုးရေချိန်၊ လေစီးကြောင်း၊ မိုးခေါင်မှု၊ ရေလွှမ်းမိုးမှု၊ ဆိုင်ကလုန်းများ စသည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ (Extreme Weather Events) ပေါ်ပေါက်နိုင်ပါသည်။
ENSO သည် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်မျက်နှာပြင်အပူချိန် (Sea Surface Temperature – SST) နှင့် လေဖိအားစနစ်များ အပြောင်းအလဲကြောင့် ၃–၇ နှစ်ခန့်တွင်တစ်ကြိမ် ဖြစ်တတ်သော သဘာဝရာသီဥတုစနစ် ဖြစ်ပါသည်။
ENSO တွင် အဓိကအားဖြင့် အခြေအနေ ၃ မျိုးရှိပါသည်။
El Niño ဖြစ်ချိန်တွင် – အောက်ပါဖြစ်စဉ်များဖြစ်လာတတ်သည် -
· Trade Winds အားနည်းလာသည်၊
· အနောက်ပစိဖိတ်ရှိ ပူနွေးသောရေများ အရှေ့ဘက်သို့ရွှေ့လာသည်၊
· Peru–Ecuador ဘက်တွင် ပင်လယ်မျက်နှာပြင်အပူချိန်မြင့်လာသည်၊
· Upwelling လျော့နည်းသွားသည်၊
· Walker Circulation ပြောင်းလဲသည်။
ရလဒ်အနေနှင့်
· အရှေ့ပစိဖိတ်တွင် မိုးများပြီး၊
· အနောက်ပစိဖိတ်တွင် မိုးခေါင်သည်။
La Niña ဖြစ်ချိန်တွင် – အောက်ပါဖြစ်စဉ်များဖြစ်လာတတ်သည် -
· Trade Winds ပိုမိုအားကောင်းလာသည်၊
· ပူနွေးသောရေများ အနောက်ပစိဖိတ်တွင် စုပေါင်းသည်၊
· အရှေ့ပစိဖိတ်တွင် Upwelling အားကောင်းလာသည်၊
· SST အအေးပိုလာသည်။
ရလဒ်အနေနှင့်
· အနောက်ပစိဖိတ် (SE Asia) မိုးများပြီး၊ အရှေ့ပစိဖိတ် မိုးခေါင်သည်။
ENSO သည် Walker Circulation ကို ပြောင်းလဲစေပြီး ထိုမှတဆင့် “ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု”ကို ပြောင်းလဲစေသည်
အဓိကသက်ရောက်မှုများ -
ENSO phase များသည် အောက်ပါ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ထိခိုက်စေသည်
၁။ Floods (ရေလွှမ်းမိုးခြင်း) သည် များသောအားဖြင့် အောက်ပါနိုင်ငံများတွင်ဖြစ်ပေါ်သည်။
· Peru
· Ecuador
· Indonesia
· Myanmar
၂။ Drought (မိုးခေါင်ခြင်း) များသောအားဖြင့် အောက်ပါနိုင်ငံများတွင်ဖြစ်ပေါ်သည်။
· Australia
· India
· Southeast Asia
၃။ Heat Waves
El Niño အချိန်တွင် Global temperature ပို၍မြင့်တက်လာခြင်းကြောင့် အပူလှိုင်းဖြစ်ပေါ်ခြင်းများရှိလာနိုင်သည်။
၄။ Tropical Cyclones
ENSO phase သည် cyclone formation ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ခြင်းကို ထိခိုက်စေသည်၊ အဟန့်အတားဖြစ်စေသည်။
ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေပြဇယား
ENSO သည် ကမ္ဘာ့အပူချိန်ကို တိုက်ရိုက်ပြေင်းလဲထိခိုက်စေသည် -
· 1998 – Strong El Niño → Record heat
· 2016 – Strong El Niño → Record heat
· 2023–2024 – Strong El Niño → Global record heat
La Niña အချိန်တွင် Global temperature အနည်းငယ်ကျဆင်းနိုင်သည်
El Niño နှစ်များအတွင်း မြန်မာနိုင်ငံတွင် အောက်ပါဖြစ်စဉ်များဖြစ်ပေါ်တတ်သည် -
· မိုးနည်းခြင်း
· မိုးခေါင်ခြင်း
· အပူချိန်မြင့်ခြင်း
· မြစ်ရေတိမ်လာခြင်း
· စိုက်ပျိုးရေးလုပ်ငန်းများကိုထိခိုက်စေခြင်း
La Niña နှစ်များအတွင်း မြန်မာနိုင်ငံတွင်
· မိုးများခြင်း
· ရေကြီးခြင်း
· မြေပြိုခြင်းနှင့်
Bay of Bengal cyclone ဖြစ်ပေါ်နိုင်သည့် အခြေအနေပိုများလာနိုင်သည်
ENSO strength ကို Oceanic Niño Index (ONI) ဖြင့်တိုင်းတာသည်၊ ONI = SST anomaly in Niño 3.4 region
ENSO ကိုအလေးထားလေ့လာခြင်းသည်
· Global climate driver ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကို မောင်းနှင်နိုင်သည်။
· Monsoon variability မုတ်သုံရာသီအပြောင်းအလဲကိုဖြစ်စေသည်။
· Drought prediction မိုးခေါင်ခြင်းကို ကြိုတင်ခန့်မှန်းနိုင်သည်။
· Flood risk ရေကြီးနိုင်သည့်အန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်သည်။
· Agriculture planning စိုပျိုးရေးလုပ်ငန်းများအတွက် ထိရောက်သော အစီအစဉ်များချမှတ်နိုင်သည်။
Disaster early warning တို့အတွက် အလွန်အရေးကြီးသော climate indicator ဖြစ်ပါသည်။
Early Warning system များတွင် ENSO monitoring သည် အလွန်အရေးကြီးသည်။
· Monsoon onset prediction
· Seasonal rainfall outlook
· Cyclone frequency estimation
La Niña က အားကောင်းတဲ့ long-lived event မဟုတ်ဘဲ weak and short-lived event ဖြစ်ပြီး, 2026 မတ်လအခြေအနေအရ အားပျော့သွားနေပြီ ဆိုတာပါ။ NOAA/CPC က March 2026 ENSO discussion မှာ လာနီညာမှ ENSO-neutral သို့ နောက်တစ်လအတွင်း ကူးပြောင်းနိုင်ခြေကို အလေးပေးထားပြီး, WMO ကလည်း neutral conditions ကို July 2026 အထိ မျှော်လင့်ထား သလို, အဲဒီနောက်ပိုင်း El Niño ဖြစ်နေနိုင်ခြေ မြင့်တက်လာနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် Myanmar အတွက် 2025–2026 risk ကို “La Niña တစ်ခုတည်းက အပြည့်အဝထိန်းချုပ်မယ်” လို့ မမြင်သင့်ဘဲ, La Niña leftover effects + Indian Ocean/Bay of Bengal conditions + intra-seasonal monsoon variability + long-term warming trend တွေ ပေါင်းစပ်ပြီး ကြည့်ရပါတယ်။ Myanmar monsoon rainfall ဟာ ENSO နဲ့ ဆက်စပ်မှုရှိပေမယ့် spatially variable ဖြစ်ပြီး, လေ့လာမှုများအရ အများအားဖြင့် El Niño နှစ်များတွင် rainfall လျော့ပြီး, La Niña နှစ်များတွင် rainfall/flood tendency မြင့်တက်နိုင် ပါတယ်။ သို့သော် PDO, AMO, IOD တို့ကလည်း signal ကို ပြင်းထန်/အနည်းငယ် ပြောင်းလဲစေနိုင်ပါတယ်။
Myanmar-specific မြန်မာနိုင်ငံအတွက်သီးသန့်အနေနဲ့ အကျဉ်းချုပ်ရရင် —
2025 late monsoon to early 2026 dry season အတွင်း La Niña influence ကြောင့် Southeast Asia/western Pacific ဘက်တွင် မိုးများနိုင်တဲ့ အလားအလာပိုများနိုင်ပေမယ့်, 2026 dry season ထဲဝင်လာချိန်မှာ event က weak ဖြစ်လာတဲ့အတွက် “nationwide wet anomaly တစ်မျိုးတည်း” လို့ မဆိုနိုင်တော့ပါဘူး။ အထူးသဖြင့် Central Dry Zone က ENSO signal ကို တိုက်ရိုက်မလိုက်ဘဲ တစ်ချိန်တည်းမှာပင် local flood နှင့် drought နှစ်မျိုးစလုံး ကြုံနိုင်တဲ့ mixed-risk zone ဖြစ်နေတတ်ကြောင်း climate risk storyline studies တွေကလည်း ထောက်ပြထားပါတယ်။
2026 pre-monsoon (March–May) အတွက် Myanmar risk က “classic wet La Niña risk” ထက် heat + convective storm risk mix ပိုများပါတယ်။ အကြောင်းက La Niña က အားပျော့နေပြီဖြစ်ပြီး, တစ်ဖက်မှာ မြန်မာနိုင်ငံရဲ့ maximum/minimum temperature trends က ရာသီအလိုက် သိသိသာသာ တက်လာနေကြောင်း observational studies တွေက ပြထားပါတယ်။ မိုး/ဇလ ကလည်း 2026 summer-period early warning မှာ isolated rain/thundershowers with strong wind, hail, lightning ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။ ဆိုလိုတာက pre-monsoon မှာ အပူလှိုင်း, dry spell, local severe thunderstorms, downburst/strong wind, hail, lightning ကို တစ်ပြိုင်တည်းစောင့်ကြည့်ရမယ်လို့ ဆိုလိုပါတယ်။
2026 southwest monsoon onset and core rainy season (May–September) အတွက် risk assessment ကိုတော့ “La Niña-only outlook” လို့ မပေးသင့်တော့ပါ။ March 2026 အချိန်တွင် official ENSO guidance က neutral favored ဖြစ်နေသောကြောင့် monsoon season အများစုမှာ pure La Niña forcing မဟုတ်ဘဲ neutral background ပေါ်မှာ monsoon intraseasonal oscillations, Bay systems, monsoon trough placement, MJO, and Indian Ocean forcing တို့က ပိုအရေးပါလာနိုင်ပါတယ်။ သို့သော် historical Myanmar studies အရ La Niña-side background သည် wetter monsoon/flood tendency ကို မြှင့်တင်ပေးနိုင် သဖြင့်, 2026 monsoon အစောပိုင်းမှာ west coast, delta, lower basin, and orographic slopes တို့ကို flood-sensitive watch zone အဖြစ်ထားသင့်ပါတယ်။
Flood risk ကို အသေးစိတ်ခွဲခြားပြီးပြောရရင် Rakhine coast, Ayeyarwady delta, Bago, Mon, Kayin, Tanintharyi နဲ့ western slopes တွေမှာ monsoon surges/trough persistence ကြောင့် multi-day heavy rain, river rise, flash flood, landslide risk မြင့်တတ်ပါတယ်။ မိုး/ဇလ ရဲ့ flood guidance မှာလည်း Myanmar flood disasters ကို မကြာခဏဖြစ်စေတဲ့ trigger တွေအဖြစ် pronounced monsoon trough persisting several days, heavy monsoon rain, and upstream catchment rainfall ကို အဓိကဖော်ပြထားပါတယ်။ La Niña background ရှိတဲ့နှစ်တွေမှာ ဒီ trigger တွေ ပိုလွယ်ကူစွာ activate ဖြစ်နိုင်တာကြောင့် western/northern catchments ကို အထူးကြည့်ဖို့လိုပါတယ်။
Drought risk က လုံးဝပျောက်သွားမယ် မဟုတ်ပါဘူး။ အထူးသဖြင့် Magway–Mandalay–Sagaing central dry zone မှာ rainfall season တိုးသော်လည်း temporal distribution မညီရင် agricultural drought ဖြစ်နိုင်ပါတယ်။ Climate-centre Myanmar storyline ကလည်း Central Dry Zone မှာ ENSO/IOD ဘာ phase ဖြစ်ဖြစ် local flooding and drought နှစ်မျိုးစလုံး ဆက်ဖြစ်နိုင် ကြောင်း ပြထားပါတယ်။ အဲဒါကြောင့် La Niña year ဆိုပြီး dry zone drought risk ကို လျှော့မတွက်သင့်ပါ။ “Seasonal total rainfall” ထက် rainfall distribution, break spells, soil moisture recharge, reservoir inflow ကို ပိုအရေးပေးသင့်ပါတယ်။
Temperature risk ဘက်မှာတော့ La Niña ဟာ global mean temperature ကို El Niño လောက် မတက်စေသော်လည်း Myanmar အတွက် heat risk ကို zero မလုပ်ပေးပါဘူး။ Myanmar temperature studies က overall warming trend ကို ပြထားပြီး, La Niña pattern သည် Myanmar winter cooler tendency နဲ့ ဆက်စပ်နိုင်ကြောင်း တွေ့ရသော်လည်း, warm-season extremes က long-term warming backdrop ကြောင့် ဆက်လက်မြင့်နိုင်ပါတယ်။ ထို့ကြောင့် 2026 early-year တွင် အေးရိပ်အနည်းငယ်ရှိနိုင်သော်လည်း, pre-monsoon hot spell များကိုတော့ ပြင်းပြင်းထန်ထန်စောင့်ကြည့်ရပါမယ်။
Tropical cyclone risk အပေါ်မှာ La Niña signal ကို မြန်မာအတွက် တိုက်ရိုက်တစ်ကြောင်းတည်း မသုံးသင့်ပါဘူး။ Atlantic/Pacific basin တွေလို ENSO relation ကရှင်းလင်းသလို မဟုတ်ဘဲ, Bay of Bengal/Andaman cyclone risk ဟာ IOD, monsoon trough configuration, vertical wind shear, Madden–Julian Oscillation, background SST warmth တို့နဲ့ပါ သက်ဆိုင်ပါတယ်။ ဒါပေမယ့် wetter background + active monsoon phases ဖြစ်လာရင် Myanmar အတွက် heavy-rain-producing depressions and monsoon lows ကြောင့် flood risk ပိုအရေးကြီးတတ်ပါတယ်။ ဆိုလိုတာက 2026 မှာ “major cyclone count” ထက် rain-bearing systems that stall or move inland ကို operationally ပိုစောင့်ကြည့်သင့်ပါတယ်။
MMWeather operational viewpoint အနေနဲ့ ပြောရရင် La Niña 2025–2026 Myanmar risk map ကို အောက်ပါအတိုင်း သတ်မှတ်လို့ရပါတယ်။
· High concern: Rakhine, Chin slopes, Ayeyarwady, Bago, Mon, Kayin, Tanintharyi, Kachin upper catchments — flood, flash flood, landslide, river rise.
· Persistent mixed concern: Sagaing, Mandalay, Magway, Naypyitaw parts — hot spell, uneven rainfall, agricultural drought, then sudden local flood from severe storms.
· Secondary concern: Shan highlands — localized intense rain, landslide in wet spells, but also rainfall-distribution problems in leeward areas.
· ဒီဟာက official district forecast မဟုတ်ပေမယ့် current ENSO status နဲ့ historical teleconnection evidence ကိုပေါင်းပြီး ချထားတဲ့ risk framing ဖြစ်ပါတယ်။
အခုအချိန်က March 2026 ဖြစ်တဲ့အတွက် most likely scenario ကို တစ်ကြောင်းတည်းဆိုရင် —
Weak La Niña fading → ENSO-neutral dominates much of 2026 warm season → Myanmar တွင် classic nationwide wet La Niña pattern ထက် regional and timing-sensitive risks ပိုများ ပါတယ်။
အဓိကအားဖြင့်
(၁) pre-monsoon heat + severe storm risk,
(၂) monsoon onset/active spells အတွင်း flood-prone regions တွင် heavy-rain risk,
(၃) central dry zone တွင် rainfall-distribution failure ကြောင့် drought risk ဆက်ရှိ,
(၄) long-term warming ကြောင့် heat extremes ဆက်မြင့်နိုင်ဆိုတဲ့ 4-part risk package နဲ့ သွားမယ်လို့ သုံးသပ်လို့ရပါတယ်။
Myanmar-focused early warning work အတွက်တော့ monitoring priority ကို ဒီလိုထားရင် အကောင်းဆုံးပါမယ် — Niño 3.4/ONI တစ်ခုပဲ မကြည့်ဘဲ, Bay of Bengal SST, monsoon trough position, MJO phase, weekly rainfall anomalies, soil moisture, reservoir inflow, and district-scale flood susceptibility ကို တွဲကြည့်ရပါမယ်။ ENSO signal က background driver ဖြစ်ပေမယ့် 2026 case မှာ event weak/fading ဖြစ်နေတဲ့အတွက် subseasonal drivers တွေက ပိုဆုံးဖြတ်ပေးနိုင်ပါတယ်။