DROUGHT MONITORING
မြေဆီလွှာခမ်းခြောက်မှုအခြေအနေစောင့်ကြည့်လေ့လာခြင်း
မိုးခေါင်နိုင်ခြင်း ပြင်းထန်မှုအတိုင်းအတာအခြေအနေ၊
စိုက်ပျိုးမြေတွင် နှစ်စဉ်ပျမ်းမျှမြေဆီလွှာစိုထိုင်းဆတည်ရှိမှုအခြေအနေ (Drought Intensity, Moisture Anomaly and Soil Moisture)နှင့်
နောက်ဆုံးရ မြေဆီလွှာစိုထိုင်းဆခန့်မှန်းချက်(Soil Moisture)တို့ကို စောင့်ကြည့်လေ့လာပြီး ကြိုတင်ပြင်ဆင်နိုင်ရန် စီမံဆောင်ရွက်ခြင်းသည် -
စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးနေသည့်တောင်သူများအတွက်၊ ရေအရင်းအမြစ်ပြဿနာကို ဖြေရှင်းပေးနိုင်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်း-ကုမ္ပဏီများအတွက် အလွန်အရေးကြီးသည့် သတင်းအချက်အလက်စောင့်ကြည့်လေ့လာခြင်းအစီအစဉ်ဖြစ်ပါသည်။
အထက်ဖေါ်ပြပါ အခြေအနေများကိုလေ့လာနိုင်ရန်အတွက် Windy App. မှ Drought Intensity(မိုးခေါင်ခြင်းနှင့် မြေဆီလွှာစိုထိုင်းဆ)စောင့်ကြည့်သည့်မြေပုံကို MMWeather website စာမျက်နှာတွင် ထည့်သွင်းဖေါ်ပြပေးထားပြီး မိမိစိုက်ပျိုးမြေဧရိယာအား ကိုယ်တိုင်လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ပေးထားပါသည်။
မြေပုံကြည့်ရှုနည်း
မိမိ လုပ်ကိုင်နေသည့် စိုက်ပျိုးမြေလယ်ယာတည်ရှိရာ နေရာသို့ Flag(အလံကို လက်ဖြင့်ဖိဆွဲပြီးရွှေ့ပြောင်းပေးပါ -
(Desktop/Laptop ကွန်ပျူတာဖြင့်ကြည့်လျှင် မိမိပြောင်းရွှေ့လိုသည့်နေရာကို mouse click လုပ်၍ အလံကို ရွှေ့ပြောင်းနိုင်ပါသည်)မြေအောက်အနက် သုည စင်တီမီတာမှ ၄၀ စင်တီမီတာ(သုည လက်မ မှ ၁၅.၇၄၈ လက်မ အနက်အထိ)
မြေအောက်အနက် သုည စင်တီမီတာ မှ ၁၀၀ စင်တီမီတာ(သုညလက်မ မှ ၃၉.၃၇ လက်မအထိ) မိမိရယူလိုသည့်မြေအောက်အနက်ကို ရွေးပါ။
Drought Intensity(မိုးခေါင်နိုင်သည့်အခြေအနေ)၊ (Moisture anomaly)နှစ်စဉ်ပျမ်းမျှမြေဆီလွှာစိုထိုင်းဆမှတ်တမ်း၊ (Soil Moisture)နောက်ဆုံးရ မြေဆီလွှာစိုထိုင်းဆ ခန့်မှန်း တို့မှ မိမိစစ်ဆေးကြည့်ရှုလိုသည့် အချက်အလက်ကိုရွေးချယ်ပါ။
Windy App မြေပုံတွင် ၉ ရက်အတွက် ခန့်မှန်းချက်ပြောင်းလဲကြည့်နိုင်မည်ဖြစ်၍ လတ်တလောအခြေအနေနှင့် နောက်လာမည့် ၉ ရက်တွင် ဖြစ်လာနိုင်မည့် မြေဆီလွှာအခြေအနေများကို သိရှိနိုင်ရန် ရက်စွဲများပြောင်းလဲ ကြည့်ရှုပါ။
မြေပုံတွင် ပြသသည့်ဧရိယာ ချုံ့/ချဲ့ကြည့်ရန်အတွက် ပုံ ညာဘက်အပေါ်ဒေါင့်ရှိ ➕ နှင့် ➖ လက္ခဏာများပေါ်တွင်နှိပ်၍ပြောင်းပါ။
မြေပုံပြောင်းလဲမှုများပြုလုပ်ပြီးနောက် မူလအနေအထားပြန်လည်ရောက်ရှိရန် refresh လုပ်၍ဖြစ်စေ၊ ဘယ်ဘက် Menu မှ ပြလည်ဝင်ရောက်၍ဖြစ်စေ မူလပုံသို့ ပြန်လည်ရောက်ရှိနိုင်ပါမည်။
INDEX COLORS မြေပုံညွှန်းအရောင်များ၏အဓိပ္ပါယ်ရှင်းလင်းချက်
Drought Intensity ဆိုတာကို D0 to D5 အထိ အဆင့်ခွဲခြားသတ်မှတ်ပြီး အဆင့်တွေကို အရောင်တွေနဲ့ ခွဲခြားပြသပါတယ်။
------
NO RISK - NO COLOR
အန္တရာယ်မရှိသည့်ဧရိယာများ အရောင်မရှိ
D0 Minor
မြေဆီလွှာစိုထိုင်းဆ ယာယီလျော့ကျနိုင်ပြီး ရေတွင်း/ရေကန်များရေလျော့ကျခြင်းမဖြစ်နိုင်သေး။
သီးနှံစိုက်ခင်းများသို့ သက်ရောက်မှုမရှိနိုင်သေးပါ။
D1 Mild
မြေဆီလွှာခြောက်သွေ့မာကျောလာသည်။ မိုးရွာခြင်းမရှိ နည်းပါးလာသည်။ စားကျက်မြေများ၊ မြက်ခင်းများခြောက်သွေ့ခြင်းစတင်ဖြစ်ပေါ်ပြီး အပင်ကြီးထွားမှုအပေါ် သက်ရောက်မှုများရှိလာနိုင်သည်။ မြစ်ချောင်းများတွင် ရေစီးဆင်းမှုနှေးကွေးလာပြီး၊ ရေတွင်းရေကန်များတွင် မူလရှိရမည့်ရေပမာဏထက်လျော့နည်းလာသည်။
D2 Moderate
မြေဆီလွှာအောင်ရေစတင်ခြောက်ခမ်းလာခြင်းကြောင့် မြေသားခြောက်သွေ့မာကျောလာပြီး အစိုဓါတ်မရှိသလောက်နည်းပါးသွားသည်။ ထို့နောက် ထွန်ယက်ရန်ခက်ခဲသည့်အဆင့်သို့ရောက်ရှိလာသည်။ မိုးရွာသွန်းမှုပိုမိုနည်းပါးလာပြီး သီးနှံစိုက်ခင်းများ စားကျက်မြေများသို့ မိုးခေါင်မှုသက်ရောက်သည့်လက္ခဏာများစတင်တွေ့မြင်လာရသည်။ ခြောက်သွေ့သည့်မြေပြင်အက်ကွဲမှုများ စတင်တွေ့မြင်လာရသည်။ အချို့သောမြစ်ချောင်းများတွင် ရေစတင်လျော့နည်းလာသည်။
D3 Severe
မြေမျက်နှာပြင်လုံးဝခြောက်သွေ့သွားသည့်အခြေအနေသို့ရောက်ရှိလာသည်၊ မြေပြင်ပူပြင်းခြောက်သွေ့လာပြီး မိုးခေါင်နေခြင်းကြောင့် တောမီးလောင်ကျွမ်းနိုင်ချေပိုမိုများလာသည်။ သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုအပေါ် ပိုမိုသိသာသောသက်ရောက်မှုဖြစ်လာပြီး အထွက်နှုန်းလည်းလျော့ကျလာသည်။ မြစ်ချောင်းများတွင် ရေစီးဆင်းမှုပိုမိုနည်းပါးနှေးကွေးလာပြီး ရေလှောင်တမံများ၏ရေပမာဏ လျော့ကျခြင်းများဖြစ်လာသည်။
D4 Exceptional
မြေဆီလွှာခြောက်သွေ့မာကျောလာပြီး လက်ဖြင့်ကောက်ယူစမ်းသပ်ကြည့်သည့်အခါ အစိုဓါတ်လုံးဝပျောက်ကွယ်နေကြောင်းတွေ့ရသည်။ ပြင်းထန်သောမိုးခေါင်မှု ဖြစ်ပေါ်နေပြီးတောမီးလောင်ကျွမ်းနိုင်ချေ ပိုမိုမြင့်တက်လာသည်။ မိုးခေါင်ရေရှားခြင်း၏ သက်ရောက်မှုကြောင့် အထွက်နှုန်း ၂၀% မှ ၄၀% အထိလျော့ကျလာနိုင်မည်။ မြစ်ချောင်းများ၏ ရေပြင်ပိုမိုနိမ့်ကျလာပြီး ရေလှောင်တမံများမှာလည်း ရေလျော့နည်းလာသည်။ အချို့သောရေတွင်းရေကန်များတွင် ရေလုံးဝခြောက်ခန်းသွားနိုင်သည့်အခြေအနေဖြစ်လာသည်။
D5 Extreme
မြေပြင်သည်ခြောက်သွေ့ပူပြင်းပြီးဖုန်ထူသည့်အခြေအနေသို့ ရောက်လာကာ မြေဆီလွှာစိုထိုင်းဆ လုံးဝပျောက်ကွယ်သွားသည်။ ကာလရျည်မိုးခေါင်ခြင်း/မိုးမရွာခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်း၊ မီးဘေးအန္တရာယ်မြင့်တက်မှုအများဆုံးအခြေအနေဖြစ်လာသည်။ သီးနှံစိုက်ခင်းများအပေါ်သက်ရောက်မှု ၄၀% အထက်သို့ရောက်ရှိလာပြီး စားကျမြေများခြောက်သွေ့ပျက်စီးသွား၍ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့်တိရိစ္ဆာန်များအတွက် အစာရေစာအခက်အခဲများဖြစ်လာသည်။ ရေတွင်းရေကန်များခမ်းခြောက်ပြီး မြစ်ရေအနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိလာကာ သောင်ထွန်းခြင်းများ ပိုမိုလာသည်။ အချို့သောမြစ်ချောင်းများ ရေလုံးဝခမ်းခြောက်သွားနိုင်သည်။
မြေပြင်အနက်နဲ့ စပ်လျဉ်းပြီး ၂ မျိုးခွဲခြားကြည့်ရှုနိုင်ကြောင်းတွေ့ရပြီး
၀ မှ ၄၀ စင်တီမီတာ နဲ့ ၀ မှ ၁၀၀ စင်တီမီတာ အနက် ၂ ခုခွဲခြားကြည့်ရှုနိုင်ပါတယ်
မြေပြင်အောက်အနက် စင်တီမီတာ ၄၀ အထိ များသောအားဖြင့် မြေပြင်အပေါ်ယံအလွှာဖြစ်ပြီး ယေဘူယျအားဖြင့် သီးနှံအများစုရဲ့ အမြစ်များရှိရာအနက်ဖြစ်ပါတယ်။ ဒီအလွှာမှာမိုးခေါင်ခြင်းဖြစ်ရင် မိုးရွာ/ရေသွင်းလုပ်ငန်းများကြောင့် အစိုဓါတ်ရတာနဲ့ အလျင်အမြန် မြေအစိဓါတ်ပြန်ရပြီး မြေဆီလွှာခြောက်သွေ့တဲ့ကာလတိုတောင်းနိုင်ပါတယ်။ မိုးခေါင်မှုတာရှည်ပြီး ရေသွင်းပေးနိုင်ခြင်းမရှိရင်တော့ မြေဆီလွှာရေဓါတ်ဆုံးရှုံးမှုကာလ ပိုမိုကြာရှည်တဲ့ အလွှာဖြစ်ပါတယ်။
မြေပြင်အောက်အနက် ၀ မှ ၁၀၀ စင်တီမီတာအထိ နက်တဲ့အလွှာကတော့ မြေအောက်ရေခိုအောင်းနိုင်မှု ပိုမိုကြာရှည်ပြီး သီးနှံများရဲ့ အမြစ်ဇုံအနက်ပိုင်းအထိ ရောက်ရှိပါတယ်။ ဒီအနက်အထိ မိုးခေါင်ခြင်းသက်ရောက်မှုရှိရင်တော့ ရေဓါတ်ခြောက်ခမ်းခြင်းက ကာလပိုပြီးရှည်တတ်ပါတယ်။ ၀ မှ ၁၀၀ စင်တီမီတာမြေအောက်အနက်အလွှာအထိ မိုးခေါင်ခြင်း သက်ရောက်မှုရှိရင် သီးနှံများရဲ့အထွက်နှုန်းအပေါ်မှာ မကောင်းတဲ့သက်ရောက်မှုများလာပါမယ်။
0-40: Includes mostly topsoil. This layer usually represents most of the root zone of crops. Water deficit in this layer is critical especially for the phase of emergence and early development phases of vegetation. Drought occurrence in this layer may induce short-term drought events as well as may be part of long-term soil moisture deficit.
0-100: Extends into deeper parts of the root zone. Drought occurrence in this layer induces mainly long-term soil water deficit, which has negative impacts on all vegetation development phases as well as crop yield.
MMWeather Page နှင့် MMWeather Websiteတို့တွင် လိုအပ်ချက်များရှိပါက Facebook MMWeather Page Messenger မှဖြစ်စေ၊ Telegram MMWeather Chat Channel မှ ဖြစ်စေ အကြံပြုပေးကြစေလိုပါတယ်