မေလ ၂၄-၂၅ ရက်တွင် အာရေဗျပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်း (Depression)
မေလ ၂၉-၃၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)
ဇူလိုင် ၁၄ မှ ၂၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း
လေဖိအားနည်းရပ်ဝန်း (Depression)
ဇူလိုင် ၁၅-၁၆ ရက်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်
ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း (Land Depression)
ဇူလိုင် ၂၅ မှ ၂၇ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း
လေဖိအားနည်းရပ်ဝန်း (Depression)
ဩဂုတ် ၁၈-၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း
လေဖိအားနည်းရပ်ဝန်း (Depression)
စက်တင်ဘာ ၆ မှ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းနှင့် ပါကစ္စတန်နိုင်ငံပေါ်တွင် ကုန်းတွင်းမုန်တိုင်းငယ် (Land Deep Depression)
စက်တင်ဘာ ၂၆ မှ ၂၈ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း (Depression)
အောက်တိုဘာ ၁ မှ ၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းငယ် (Deep Depression)
အောက်တိုဘာ ၁ မှ ၇ ရက်တွင် အာရေဗျပင်လယ်အတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင်ဖြစ်ပေါ်သည့် ၂၀၂၅ ခုနှစ်၏ ပထမဦးဆုံး ဆိုင်ကလုန်းမုန်တိုင်း “Shakti” - အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm – Shakti) ဖြစ်လာပြီးနောက်၊ အိန္ဒိယ သမုဒ္ဒရာအနောက်မြောက်ပိုင်း အိုမန်နိုင်ငံအနီးပင်လယ်ပြင်တွင် အားပျော့ပျက်ပြယ်သည်၊ လူထိခိုက်သေဆုံးမှု မရှိ
အောက်တိုဘာ ၂၂ ရက် မှ နိုဝင်ဘာ ၁ ရက်တွင် အာရေဗျပင်လယ်၌ လေဖိအားနည်းရပ်ဝန်း(Depression)
အောက်တိုဘာ ၂၅ မှ အောက်တိုဘာ ၃၀ ရက်တွင် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင်ဖြစ်ပေါ်သည့် -
၂၀၂၅ ခုနှစ်၏ ဒုတိယမြောက် ဆိုင်ကလုန်းမုန်တိုင်း "Montha" သည် ဒုတိယမြောက် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း - Severe Cyclonic Storm Montha)ဖြစ်လာပြီး အိန္ဒိယနိုင်ငံ Mahabubabad, Suryapet နှင့် Andra Pradesh ပြည်နယ်တို့တွင် ၉ ဦးအသက်ဆုံးရှုံးခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဘိုး အမေရိကန်ဒေါ်လာ ၆၀၃ ဘီလီယံ ရှိခဲ့သည်။
မေလ ၂၄ ရက် မှ ယခုစာရေးချိန် (နိုဝင်ဘာလ ၁၄ ရက်အထိ) အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့ပြီးသည့် ဆိုင်ကလုန်းမုန်တိုင်း၊ မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းများ -