DIVISIONAL CITIES
4 DAYS WEATHER
ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ
အယ်လ်နီညိုအခြေအနေသည် သမိုင်းဝင်အဆင့်အထိ အားကောင်းနေပြီး ၂၀၂၇ မိုးရာသီအထိ သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ
ပြည်နယ်တိုင်း ၁၅ ခုမှ မြို့/မြို့နယ်ပေါင်း ၃၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များနှင့် ကြည့်နည်းကို တင်ပေးထားပါသည်။
နေသာမလား၊ မိုးအုံ့မလား၊ မိုးရွာမလား၊ လေတိုက်မလားဆိုတဲ့ မိုးလေဝသအခြေအနေ(weather condition) ဆိုတာနဲ့ အမြင့်ဆုံး/အနိမ့်ဆုံးအပူချိန်၊ လေတိုက်နှုန်း၊ အမြင့်ဆုံးလေတိုက်နှုန်း(GUST)၊ လေတိုက်ရာအရပ်၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း၊ လေထုစိုထိုင်းဆ၊ ၂၄ နာရီမိုးရေချိန်၊ မိုးရွာရန်ရာခိုင်နှုန်း၊ မိုးရွာနိုင်သည့်ဧရိယာ/မိုးရွာနှုန်း - precipitation intensity၊ လေဖိအား စသည်ဖြင့် ၄ ရက်စာ စုံစုံလင်လင်ပါပါတယ်။ ကြည့်တတ်အောင်အညွှန်းလဲ တင်ပေးထားတယ်။ ကြည့်ကြဘို့ဘဲလိုပါတယ်။
MMWeather Knowledge ဝဘ်ဆိုက်၏ DIVISIONAL CITIES WEATHER စာမျက်နှာတွင် ဖော်ပြထားသော မိုးလေဝသ Weather Widget များကို meteoblue (meteoblue Weather API) မှ သတင်းအချက်အလက်များနှင့် Widget များကို ရယူဖန်တီးထားခြင်း ဖြစ်ပါသည်။
DIVISIONAL CITIES 4 DAYS WEATHER (ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ) စာမျက်နှာတွင် ပါဝင်သည့် မိုးလေဝသ Weather Widget များမှတစ်ဆင့် အောက်ပါ မိုးလေဝသအချက်အလက်များကို ၄ ရက်စာ အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါသည်။
အခြေခံ မိုးလေဝသအခြေအနေ (Weather Condition): နေသာမလား၊ မိုးအုံ့မလား၊ မိုးရွာမလား၊ လေတိုက်မလား စသည့် အထွေထွေအခြေအနေများ
အပူချိန် (Temperature): အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်များ
လေတိုက်နှုန်းနှင့် လေထု (Wind & Pressure):
§ လေတိုက်နှုန်း (Wind Speed)
§ အမြင့်ဆုံး လေတိုက်နှုန်း / လေပြင်းတိုက်ခတ်နိုင်မှု (Gust)
§ လေတိုက်ရာ အရပ် (Wind Direction)
§ လေဖိအား (Atmospheric Pressure)
မိုးရွာသွန်းမှု (Precipitation):
§ ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန် (24-hr Rainfall)
§ မိုးရွာရန် ရာခိုင်နှုန်း (Precipitation Probability)
§ မိုးရွာနိုင်သည့် ဧရိယာ / မိုးရွာနှုန်း (Precipitation Intensity)
စိုထိုင်းဆနှင့် UV အညွှန်းကိန်း:
§ လေထုစိုထိုင်းဆ (Humidity)
§ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (UV Index)
Meteoblue မှ ထုတ်ပြန်ထားသည့် နည်းပညာဆိုင်ရာ တိုင်းတာစစ်ဆေးချက်များအရ မိုးလေဝသ အချက်အလက်များ၏ မှန်ကန်နိုင်မှုအခြေအနေမှာ နယ်ပယ်အလိုက် မြင့်မားသည့် တိကျမှု ရှိပါသည်။ Meteoblue သည် ကမ္ဘာတစ်ဝန်းရှိ Numerical Weather Models ၃၀ ကျော်ကို AI/Machine Learning အသုံးပြု၍ တွက်ချက်ပေါင်းစပ်ထားသည့် meteoblue Learning MultiModel (mLM) နည်းပညာကို အသုံးပြုထားသဖြင့် Standard Forecast မော်ဒယ်များထက် တိကျမှုပိုမိုမြင့်မားပါသည်။
မိုးလေဝသ အညွှန်းကိန်းအလိုက် တိကျမှုအခြေအနေ (၂၄ နာရီအတွင်း ခန့်မှန်းချက်)
အပူချိန် (Air Temperature):၂၄ နာရီအတွင်း ခန့်မှန်းချက်၏ လွဲမှားနိုင်ခြေ ပျမ်းမျှ (MAE - Mean Absolute Error) သည် ၁.၂ ဒီဂရီ စင်တီဂရိတ် သာရှိပါသည်။ ၁၂ နာရီအတွင်း ခန့်မှန်းချက်တွင် လွဲမှားနိုင်ခြေ ၀.၈ ဒီဂရီ စင်တီဂရိတ် အထိ ပိုမိုတိကျပါသည်။
လေတိုက်နှုန်း (Wind Speed): လေတိုက်နှုန်း ခန့်မှန်းချက်၏ လွဲမှားနိုင်ခြေ ပျမ်းမျှသည် ၁.၅ မှ ၁.၈ m/s (တစ်နာရီလျှင် ၅ မှ ၆ ကီလိုမီတာခန့်) အတွင်းသာ ရှိပါသည်။
မိုးရွာသွန်းမှု (Precipitation): မိုးရွာနိုင်ခြေနှင့် မိုးရေချိန် ခန့်မှန်းချက်တွင် တိကျမှုညွှန်းကိန်း (Hanssen-Kuipers Skill Score) 0.49 ရှိပြီး ကမ္ဘာ့အဆင့်မီ Reanalysis မော်ဒယ် (ERA5) ၏ ခန့်မှန်းချက်များထက် ပိုမိုတိကျကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
နေရောင်ခြည်နှင့် စိုထိုင်းဆ (Solar Radiation & Humidity): နေရာဒေသ ၉၅% တွင် လစဉ် ပျမ်းမျှလွဲချော်မှု ၁% မှ ၁၅% အတွင်းသာ ရှိပါသည်။
ရက်အလိုက် တိကျမှု လျှော့နည်းသွားပုံ အချိုးအစား
Meteoblue ၏ Forecast Predictability Indicator အရ ရက်တိုမှ ရက်ရှည်သို့ သွားရာတွင် ခန့်မှန်းချက် တိကျမှု အောက်ပါအတိုင်း ဖြစ်ပေါ်ပါသည် -
· ၁ ရက်မှ ၃ ရက်စာ (Short-range Forecast): တိကျမှု ၈၀% မှ ၉၀% အထက် (အလွန်စိတ်ချရသော ခန့်မှန်းချက်)။
· ၄ ရက်စာ (4-Day Forecast - MMWeather တွင် သုံးထားသည့် Horizon): တိကျမှု ၇၀% မှ ၈၀% ဝန်းကျင် ရှိပြီး လေဖိအားနှင့် မိုးရွာနိုင်ခြေ ပုံစံများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
· ၇ ရက်မှ ၁၄ ရက်စာ (Medium-range Forecast): တိကျမှု ၅၀% မှ ၆၀% ထိ လျော့ကျသွားနိုင်သဖြင့် ခန့်မှန်းချက် ပြောင်းလဲနိုင်ခြေ (Uncertainty) ပိုများပါသည်။
တိကျမှုကို သက်ရောက်စေသည့် အဓိက အချက်များ
· ဒေသ၏ မြေမျက်နှာသွင်ပြင် (Topography): တောင်ကုန်းတောင်တန်း ထူထပ်သည့် ဒေသများတွင် Local Convection/Thunderstorm များ ဖြစ်ပေါ်လွယ်သဖြင့် ပင်လယ်ပြင်နှင့် လွင်ပြင်ဒေသများလောက် တိကျမှု မမြင့်မားနိုင်ပါ။
· သတင်းအချက်အလက် စခန်းများ (Weather Station Density): မိုးလေဝသတိုင်းတာရေးစခန်း ပိုမိုထူထပ်သော ဒေသများတွင် meteoblue AI မှ Data Correct လုပ်နိုင်စွမ်း ပိုကောင်းသဖြင့် တိကျမှု ပိုမိုမြင့်မားပါသည်။
📌 အများပြည်သူသိလိုသည့် ရက်နီး/ရက်ဝေး မိုးလေဝသ/သဘာဝဘေးဆိုင်ရာခန့်မှန်းချက်များ၊
📌 စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသက်မွေးကြသည့် တောင်သူဦးကြီးများအတွက် စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ၊
📌 နေ့စဉ်မိုးလေဝသအခြေအနေများနှင့် ဆက်နွယ်နေနိုင်သည့် - လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုခန့်မှန်းချက်များ စသည်စသည်ဖြင့် ......
📌 မြန်မာဘာသာဖြင့် မြိုနယ်/ကျေးရွာအဆင့်အထိ စုံလင်စွာ အလွယ်တကူရှာဖွေကြည့်ရှုနိုင်ရန် အချိန်တိုအတွင်းမှာ ကူညီရေးဆွဲပေးသော Software engineer ကိုဇင်နောင်နောင်သက် ကို အထူးကျေးဇူးတင်ရမှာပါ။
📌 ကျနော်တို့မှာ အနာဂတ်မျိုးဆက်သစ်ပညာရှင်တွေရှိကြပါတယ်၊
မျိုးဆက်သစ်ပညာရှင်များ၏အခန်းကဏ္ဍတိမ်မြုပ်မသွားအောင် အားပေးမြှင့်တင်ပေးရမှာက ကျနော်တို့အားလုံးရဲ့ တာဝန်ပါ။
Explore via link
APK download link
https://focus.mmweather.org/app/MMWeatherFocus-1.0.apk
ဆင်ခေါင်းတောင်အထက်ဘက်ရှိ
မြို့ကြီးဆည်(ကျွန်းကြီး)၏
မိုးလေဝသအခြေအနေဖြစ်ပါသည်။